Part-12

9.8K 585 56
                                    

"တီချယ်အနားမှာ မရှိလည်း ကြိုးစားပါ...
လူကြီးမိဘစကားလည်း နားထောင်ပါ...
တီချယ် သမီးကို ချစ်ပါတယ်...
ဒါပေမဲ့ သမီးက ငယ်ပါသေးတယ်...
တစ်နေ့နေ့ကျရင် နားလည်လာမှာပါ..
သမီးအရွယ် စိတ်ကစားတာကို တီချယ်
အပြစ်မမြင်ရက်ပါဘူးကွယ်...
တစ်ချိန်ကျရင် အောင်မြင်နေတဲ့ တီချယ့်တပည့်လေးကိုပဲမြင်ချင်တယ်ကွယ်...
တီချယ် နှုတ်ဆက်ခဲ့ပါတယ်...သတိရတိုင်း...
တီချယ့်အခန်းထဲမှာ လာအိပ်ပါ...
တီချယ် ခွင့်ပြုပါတယ်...
                                              တီချယ်ဒေါ်ဒေါ်"

သမီး ချစ်နေတာကို စိတ်ကစားတာတဲ့လား...
ဟုတ်တယ်...စိတ်ကစားတာ...
သမီးလို ဆယ်ကျော်သက်က စိတ်ကစားတယ်ဆို...
တီချယ့်အတွက် သမီး အသက်ပါ ပေးနိုင်တယ်လို့ပြောရင်...တီချယ်က မိုက်ရူးရဲဆန်တယ်ပြောအုံး
မလို့လား....

ငယ် ၈တန်းလည်း ချောချောမွေ့မွေ့အောင်ခဲ့ပါတယ်..
ဒါပေမဲ့ အရင်လို မဟုတ်တော့ဘူး....
တီချယ်မရှိတဲ့နောက်ပိုင်း...
ငယ်က လူဆိုးကြီး လုံးလုံးကို ဖြစ်သွားတာ....
တီချယ်ဘက်ကလည်း မဆက်သွယ်သလို...
ငယ်လည်း မဆက်သွယ်ခဲ့ဘူး...

တီချယ်က အချစ်ကို ရှောင်တယ်...
သမီးက အချစ်‌တွေ မျှဝေချင်တယ်...
ကြားထဲက အချစ်က တောင်...
ရူးကြောင်ကြောင် ဖြစ်ချင်နေပြီ တီချယ်ရယ်....

တီချယ်မရှိတော့တဲ့ ချိန် ကျူရှင်လည်း မရှိတော့ဘူး.
မသဲစုကလည်း တစ်နှစ်ပဲ သင်ပေးပြီး ကျူရှင် လုပ်ငန်းကို နားလိုက်တော့တယ်....
ဒါပေမဲ့ ငယ် တီချယ့်အိမ်တော့ အဝင် အထွက်ရှိဆဲပါ
ကျောင်းဖွင့်ရက်တွေတိုင်း တီချယ့်အိမ်ကိုသွားပြီး..
တီချယ့်အခန်းလေးကို သန့်ရှင်းရေးလုပ်ပေးဖြစ်တယ်...ကျောင်းပိတ်ရက် တီချယ်ပြန်လာရင်...
အခန်းရှင်းစရာ မလိုရအောင်ပေါ့...
ဖွားဖွားလေးတော့ အမြဲပြောရှာပါတယ်...

ငါ့မြေးလေးက တီချယ်ဒေါ်ဒေါ်ကို သိပ်တွယ်တာတယ်ပါလားတဲ့....

တကယ်တော့ ဖွားလေး ပြောတဲ့ တွယ်တာတယ်
ဆိုတာထက်...ပိုမြတ်နိုးတာ....
ပိုချစ်တာ...နူးနူးညံ့ညံ့ပြောရရင်....

တီချယ် ဆိုတဲ့ နွံထဲ....
သမီးရဲ့ နှလုံးသားလေး ကျွံ ဝင်သွားတာ....
ပြန်ရုန်းဖို့ ကူကယ်ရာ မဲ့နေတဲ့
သမီး နှလုံးသားကို တီချယ်မှတပါး...
အခြားဘယ်အရာမှ ကယ်မရတော့တာ မျိုး...
တီချယ်ရယ်....

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now