"မောင်ရေ...မောင်ရေ....လာပါအုံး..."
"ဗျာ...ဗျာ...လာပြီ..."
"ဒီမှာ မောင့်ကလေး...ရှူး ရှူးတွေ အိပ်ယာပေါ်မှာ
ပေါက်ချထားတယ်...""ဟာ...တီချယ်ကလည်း အိပ်ယာကို သုတ်ပြီး
လှန်းလိုက်ပေါ့..""မောင့် ကလေးမဟုတ်ဘူးလား..."
"ဟုတ်တယ်လေ..."
"အဲ့တော့ မောင် သုတ်ပြီး လှန်းလိုက်..."
"ဟင်..ဒီကလေးက မောင့်ကလေးပဲ မဟုတ်ဘူးလေ
တီချယ်နဲ့လည်း ဆိုင်တာလေ...
တစ်ယောက်တစ်ဝက် သုတ်ကြမယ်...""ဟင်း...ဟင်း...
မယူခင်တုန်းက...အဲ့ရုပ်မဟုတ်ဘူးနော်...""ဒီရုပ်ပဲလေ...ဘာမှ မခွဲစိတ်ထားဘူး..."
"ကျစ်!!တော်တော်....မင်း ပါးစပ်ပေါက် အမြန်ပိတ်ပြီး...ဒီမှာ ကလေး လာချီ.."
"လာပါအုံး...ဒယ်ဒီ့သမီးလေး..."
"အူဝဲ...အူဝဲ..."
"တိတ်...တိတ်...မငိုနဲ့နော်...
ဒယ်ဒီ..ပေါင်မုန့် ဝယ်ကျွေးမယ်....""ခွပ်....နှာဘူး..."
"အား...ဘာနှာဘူးလဲ...
တီချယ်နော်...အရမ်း အရမ်း မလုပ်နဲ့...
ပေါင်မုန့်ဆိုတာ စားလို့ရတဲ့ ပေါင်မုန့်ကို ပြောတာကို...""နင့်အကြံ ငါ မသိဘူးလား မှတ်နေလား...
ငါ့သမီးလေးကိုတော့...အဲ့လိုတွေ
လျှောက်မသင်ပေးနဲ့နော်...တွေ့ရင် အသေပဲ...""ဟောဗျာ...ကလေးက ငိုနေတာ နို့ဆာလို့လေ...
အဲ့တာကြောင့်...နို့ပေါင်မုန့်..ဆို အဆင်ပြေတယ်မလား...""သေနာလေး...နင် သေဖို့သာပြင်...
လွှတ်အောင်ပြေး...""အယ်...အယ်...တီချယ်...
အဲ့ ကြက်မွှေးကြီး နဲ့ မလုပ်ရဘူးလေ...
ဒယ်ဒီ ပြေးပြီ မီးမီးရေ....."'မိသားစု'ဆိုတဲ့ အသိုက်အမြုံလေးကို...
လဝန်းသော်ဆိုတဲ့ မောင်က...
တည်ဆောက်နိုင်ခဲ့ပြီလေ....
၅နှစ်ဆိုတဲ့ အချိန်အတွင်းမှာ...
အရာရာက တိုးတက်ပြောင်းလဲလာတယ်....
ကြိုးစားအားထုတ်မှုတွေရဲ့...အကျိုးရလဒ်ပေါ့....
အခုဆို...ခြံဝန်းကျယ်ကျယ်လေးနဲ့...
တီချယ့်အိမ်ကိုလည်း..တိုးချဲ့လိုက်ပြီ...
စီးတော်ယာဉ်လေးလည်း ဝယ်နိုင်ပြီ....
ရှိတဲ့ အရင်းအနှီးလေးနဲ့...
လဝန်းတို့ ကိုယ်ပိုင် ကုမ္ပဏီလေးလည်း
ထောင်နိုင်နေပြီ......
တီချယ် ကိုယ်တိုင် ကိုယ်ဝန်ဆောင်ပြီး...
လဝန်းကိုယ်ပွားလေးပါမွေးပေးခဲ့တယ်....
သိပ်ချစ်တတ်တဲ့..တီချယ်ပါလေ....
"သက်လဝန်းရွှေ"တဲ့လေ...
၃နှစ်အရွယ်လောက်ပဲ ရောက်သေးတာတောင်...
တီချယ့်ရဲ့ စိတ်မရှည်မှုနဲ့...ခဏ ခဏ တိုက်ပွဲဖြစ်ရသေးတယ်....
ကြီးလာရင်တော့...ဒယ်ဒီ့သမီးလေး...
မတွေးရဲစရာပဲ.....
YOU ARE READING
တီချယ်ဒေါ်ဒေါ် Unicode+Zawgyi
Randomဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....