Part-24

8.1K 569 76
                                    

"လဝန်း...နောက်တစ်ပတ်ဆိုငါတို့ ရန်ကုန်ပြန်ရတော့မယ်နော်...နင့် အခြေအနေကိုလည်း နင်ပြန်ကြည့်အုံးမှပေါ့...."

"ဟ...ငါ က ဘာဖြစ်နေလို့လဲ...
နောက်ပြီး ရန်ကုန်လည်း မပြန်ဘူး...ငါ့ဘဝက
သေသွားပြီ...သေသွားပြီ...."

"အဲ့လို မဟုတ်ဘူးလေကွယ်...
နင့်ဘဝက ခရီးအဝေးကြီး ဆက်လျှောက်ဖို့
ကျန်ပါသေးတယ်...."

"တီချယ်သာ..မရှိရင် ငါ့ဘဝက ပျက်ပြီးဟ..."

လဝန်း အခု နောက်ပိုင်း တော်တော်စုတ်ပြတ်လာတယ်....
တစ်နေ့ တစ်နေ့ အရက်ပုလင်းကိုပဲ အဖော်ပြုနေတယ်....
ဆေးလိပ်တွေလည်း စွဲသောက်လွန်းလို့
အရင်က ပန်းရောင်သန်းတဲ့ နှုတ်ခမ်းလေးတွေက..
အမဲရောင်ဘက်ဆီသို့ ဦးတည်နေပြီ....
လဝန်းက အထိန်းအကွပ်မဲ့တဲ့...ကျွဲရိုင်းတစ်ကောင်လို ထင်ရာစိုင်းနေတော့တယ်...
အဖေကလည်း နောက်မိန်းမယူ...အမေကလည်းဆုံး..
ချစ်သူကလည်းမုန်း...ဒါတွေ အားလုံးပြီးဆုံးတော့..
လဝန်းကပဲ ဘဝပျက်ရတော့တယ်....
ဖြူ..တီချယ်သက်ကို ပြောပြဖို့ကြိုးစားပါသေးတယ်..တီချယ်သက်ကလည်း လုံးဝကို ဂရုမစိုက်တော့တာ...

"အဲ့ သွေးယုတ်တွေ‌အကြောင်းပြောရင်...
သမီးလည်း တီချယ့်ဆီမလာနဲ့.."တဲ့လေ...

ဖြူတော့ လဝန်းတို့ကို ပြန် အဆင်ပြေချင်ပါတယ်...

"မနက်ဖန် ငါ မပြန်ခင် မနက်စာ လိုက်ကျွေးမလို့..
နင်လာခဲ့ပါလား..."

"ငါ အပြင်မထွက်ချင်ပါဘူးဟာ..‌
ကျွေးချင်ရင် ပါဆယ်ဝယ်ခဲ့လေ...."

"လုပ်ပါဟာ..ဒီတစ်ခါလေးပဲ..
ငါ့ ဆန္ဒလိုက်ရောပေးပါ...."

"အေးပါ..မနက်ဖြန် ငါလာခဲ့မယ်..ဘယ်ချိန်
ဘယ်နေရာလဲပြော...."

အမှန်တိုင်းပြောရရင် ငယ့်မှာလည်း ခင်တွယ်စရာဆိုလို့.....ဒီ သူငယ်ချင်းလေး တစ်ယောက်သာရှိတော့သည်မလား...
ငယ် သတ်သေဖို့ တစ်ခါကြိုးစားဖူးသေးတယ်....
အဲ့တုန်းကလည်းဖြူပဲ ကယ်ခဲ့တာပေါ့....
တီချယ်က ငယ့်ခန္ဓာကိုယ်ထဲက သွေးတွေကို မုန်းခဲ့တာမလား....
ဒါကြောင့် သွေးတွေ‌ကုန်သွားအောင်လေ....
လက်ကောက်ဝတ်ကို ဓားနဲ့ မွှန်းမိတယ်....
ဖြူရောက်လာပြီး...ဆေးရုံပို့တာ အချိန်မှီပေလို့...
နောက်မို့ဆို ငယ့် အခြေနေက မတွေးဝင့်စရာ....
အဲ့သလောက်ထိရူးကြောင်ကြောင်အတွေးတွေလည်း
တွေးပြီး လုပ်ခဲ့ဖူးတယ် တီချယ်ရယ်....

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now