Part-28

9.2K 594 91
                                    

"မောင်ရေ...ရေလေးချိုးတာ အဲ့လောက်တောင်ကြာရလား...ထွက်လာတော့...."

"လာမယ် တီချယ်ရေ....
ရေချိုးလို့မှ မပြီးသေးတာ ခဏ ခဏ..."

ဆေးရုံက ဒီနေ့ ဆင်းလာရလို့...
ပိုးမွှားတွေ အိမ်ပါလာမှာ စိုးတယ်....
ပါလာရင်လည်း..မောင့်အသက်လေး
နေမကောင်းဖြစ်မှာ ကြောက်ရလို့...
ရောက်ရောက်‌ချင်းပဲ အသေချာကို ဆပ်ပြာတွေ တိုက်ပြီး ရေချိုးနေတော့တယ်....

"လာပါပြီ သက်ရယ်..."

"မောင်!!!"

"ဗျ...‌ဗျ..လန့်လိုက်တာ..တီချယ်ရယ်.."

"မပြောမဆိုပဲ..ခေါင်းလျော်လာပြန်ပြီ....
မင်းကို တို့ ခေါင်းလျော်ရင် ပြောပါလို့ ဘယ်နှစ်ခါ
ပြောရမလဲကွာ....."

"ဟောဗျာ..မောင် ရေချိုးခန်းထဲက အော်ပြောလိုက်တယ်လေ....."

"တီချယ်က အိမ်ရှေ့ရောက်နေတဲ့ဟာကို....
ဘယ်ကြားမလဲ..‌ ရေချိုးခန်း....မဝင်ခင်ထဲက
ပြောသွား...နောက်ဆိုရင်...
ကြားလား...."

"ဟုတ်ကဲ့ပါရှင့်..."

"ခွပ်..."

"အား...သေပါပြီ..."

"ညကမိုးချုပ်နေပြီဆိုမှ...
ရေချိုးကလည်း ကြာသေး...ခေါင်းကပါ လှည့်လျှော်လိုက်သေးတယ်....သွား အကျီမြန်မြန်လဲ...
ပြီးမှ ဆက်ဆူ‌တော့မယ်..."

"ဆရာမကို ချစ်သူတော်ရတာ တကယ် မလွယ်တဲ့ ကိစ္စပဲ...ဟူး...."

လက်သံပြောင်လှတဲ့ သက်ကြောင့်...
ခေါင်းလေးပွတ်ရင်း...အဝတ်လဲဖို့ လိုက်ကာအနောက် ဝင်သွားတဲ့ လဝန်း....

"ကဲ...ပြီးရင် ဒီနားလာထိုင်..."

ကုတင်အောက်က..ခုံပုလေးဆီ တီချယ်က ညွှန်ရှာတယ်....ငယ်လည်း...အသာလေးသွားထိုင်လိုက်တယ်....

" Dryer  မှုတ်ပေးမယ်....."

"ဟုတ်..."

"ဟော...မီးပျက်သွားပြီ.."

မြန်မာနိုင်ငံပီသစွာပဲ...မီးပျက်သွားပါပြီ....
သက်ရဲ့ ကလေးတော့ ဖျားတော့မည်....

"မီးပျက်လည်း လက်နဲ့ သုတ်ပေးမယ်..ပေး..ပုဝါ..."

"ဟာ..တီချယ်ညောင်းနေမှာပေါ့...
ရတယ်..ရတယ်..ကိုယ့်ဘာသာ သုတ်လိုက်မယ်..."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now