Part-29

9.2K 569 83
                                    

"သမီး ဖေဖေနဲ့ အတူတူ ဘဝသစ်တစ်ခုကို
ပြန်ထူထောင်ရအောင်နော်....
သမီး လိုချင်တဲ့...ပျော်ရွှင်မှု မျိုးလည်း ရှိတယ်လေ..
သမီးရဲ့ ညီမလေးတွေ မောင်လေးတွေလည်း ရှိတယ်..."

"ဟအင်း...‌ဖေဖေ...
သမီး ဘယ်တော့မှ မိထွေးနဲ့ နေမဲ့ လူမျိုး မဟုတ်ဘူး..
သမီး အတွက် ပျော်ရွှင်မှု ဆိုတာလည်း...
ဒီအိမ်မှာ...တီချယ်နဲ့ ဖွားလေး ရှိနေရင်...ရပြီ....
ဂုဏ်ငွေကြေး အသိုင်းအဝိုင်း....
ဘာဆို ဘာမှ မလိုဘူး....."

"သူစိမ်းနဲ့...မိသားစုနဲ့က မတူဘူးလေ သမီးရယ်...."

"ဖေဖေပြောသလိုပဲ...သူစိမ်းနဲ့ မိသားစု မတူဘူး ပဲ ထားပါအုံး....တီချယ်က သမီး အတွက် သူစိမ်းလား..
ဖေဖေ့နောက်မိန်းမက သမီး အတွက် သူစိမ်းလား...
ထွီး.....ရွံလိုက်တာ....ယောက်ျားရှိရက်နဲ့ ဖောက်ပြန်တဲ့ မိန်းမနဲ့...တီချယ့်ကို နှိုင်းပြောရတာ...."

"ဖြန်း....."

"နင် ငါ့မိန်းမကို စော်ကားချင်အုံး...."

"အော်...ဖေဖေက မယားငယ် အတွက် သမီး အရင်းတစ်ယောက် ကိုတောင် ပါးရိုက်တတ်တယ်ပေါ့....
ထွက်သွား...ဒီအိမ်မှာ...ဖေဖေ မရှိနေသင့်ဘူး...."

"အေး...ငါက နင့်ကို ကောင်းစေချင်လို့ လာခေါ်တာ...
နင်က အဲ့မှာ မိန်းမ ရူး ရူးနေတော့...ငါလည်း မကယ်နိုင်တော့ဘူး....ငါ့ကိုလည်း ဒီနေ့က စ အဖေ လာ
မခေါ်နဲ့....."

"ဟားဟား ကြိုက်တယ် လစ်...လစ်..."

ဖေဖေ ပြန်သွားတဲ့နောက်....
တီချယ့်ရင်ခွင်ထဲ ခေါင်း မဖော် နိုင်အောင် ငိုခဲ့မိတယ်
ဖေဖေ့ကို နှမြောလို့တော့ မဟုတ်....
လဝန်းနဲ့...သွေးသားချင်း ဆက် နွှယ်ခဲ့တဲ့...
မေမေ့ကို သိပ်လွမ်းလွန်းလို့....

ဘဝမှာ...သိပ်အချစ်ရဆုံးသော အမျိုးသမီးဆို...
မေမေပဲ ဖြစ်လိမ့်မယ်....
အမြတ်နိုးရဆုံး အမျိုးသမီးဆိုရင်တော့...
မောင့်ရဲ့ အသက်ကလေးပင်....

"မောင်....အဖေကို အဲ့လို‌တွေမပြောခဲ့သင့်ဘူးလေ....ဘာပဲ ဖြစ်ဖြစ်သူလည်း...
မောင့်ကျေးဇူးရှင်ပဲလေ"

"တီချယ်ရယ်...မောင်...မပြောချင်ပါဘူး...
ဒါပေမဲ့လေ....မောင် ပျော့ညံ့ပြနေရင်...
ဖေဖေ က မောင်တို့ ပျော်ရွှင်နေတဲ့ဘဝကို ခဏ ခဏ
လာရှုပ်နေမှာ....မောင် ပြတ်သားမှ ဖြစ်မှာ မို့လို့ပါ...."

တီချယ်ဒေါ်ဒေါ်  Unicode+Zawgyi Where stories live. Discover now