intro

49K 636 4
                                    

"မင်း ဒီမှာနေလို့မရဘူး!!!""

ပုဆစ်တုပ်ထိုင်နေတာမျိုးမဟုတ်ဘဲ နေသာ‌သလို ဆိုဖာအောက္မှာ ထိုင်ရင်း မော့ကြည့်လိုက်ပုံက ရဲတင်းစွာ

"ဘာလို့လည်းမာမီ သမီးကမာမီနဲ့လာနေချင်တာ"

"ညည်းကို ဒီအိမ်က ခေါ်ထားစရာကိစ မရှိဘူး၊ အဲ့တော့ပြန်လိုက်တော့"

ဘေးကပီနံအိပ်သေးသေးလေးတစ်ခုကိုခပ်တင်းတင်းဆွဲကိုင်ရင်း မဲ့ပြုံးတစ်ချက် ပြုံးသွားသည်။ ပီကေဝါးမပျက် မထီမဲ့မြင် လုပ်နေသောကြောင့် ဒေါ်ယဉ်ကျေးမွန် ဒေါသအလိပ်လိုက် ‌ထွက်လာ၏။

"သမီးကနေဖို့ ဆုံးဖြတ်ထားပြီ!!""

"ညည်း အဖေအချိုးမျိုး တစ်ထပ်ထဲလာတူနေလို့ကို ခေါ်မထားချင်တာ"

"ဟဲ့ ယဉ်ကျေး ညည်းသမီးနော် အဲ့ဒါ ၊ငါ့မြေးဆိုလည်းဟုတ်တယ် ကလေးအပေါ်ဒေါသတွေပုံမချပါနဲ့"

"မဟုတ်ဘူးမေမေ သူ့အကြည့် သူ့အပြောကို တစ်ချက်ကြည့်ဦး ရိုင်းစိုင်းရဲတင်းနေတာ "

"ကျွတ် မာမီ က‌လည်း မရိုင်းပါဘူး သမီးကို ခေါ်ထားပေးပါ ဘွားဘွား ကူပြောပေးပါဦး"

ခပ်နွမ်းနွမ်းအကျီ၀တ်ထားသောကြောင့် သူမပုံစံက ကလေကချေစတိုင် အသက် ၁၂နှစ်အရွယ်လေးနဲ့ ဘာကိုမှ ကြောက်လန့်မှု မရှိ
ယဉ်ကျေးမာလာ စံအိမ်ကြီးကို အထုပ်ပိုက်ပြီးရောက်ချလာသည်၊ ညိုတာထက် မဲသည့်ဘက်ကိုရောက်ချင်နေသောအသားရည်က
သူမကိုပိုလို့ ရုပ်ဆိုးစေသည်။

မျက်ခုံး မျက်ဖန် နဲ့ နှာတံကောင်းလို့ မသိရင် ကုလားမလေးနှယ်  ဆံပင်ကိုဘုတ်သိုက် ဆီမလူးဘဲ မျက်လုံးတစ်ချက်လှန်ကြည့်လိုက်ရင် တကယ့်ဂျလေဘီ‌ဆိုဒ်

"ကဲခေါ်ထားလိုက်ပါဟယ် ယဉ်ကျေးရယ် "

"မခေါ်ဘူးမေမေ သူတို့ကိုသမီးဘယ်လိုမုန်းလည်းသိရက်နဲ့ ပြီးတော့ သမီးမှာ တစ်ဦးတည်းသော ရတနာက ရိုးရာမွန် တစ်ယောက်ထဲရှိတယ်"

သူမအပြောကြောင့် ရှုပ်ထွေးတဲ့ဆံနွယ်အောက္မှာ မျက်၀န်းနက်တို့က ၀င်းခနဲ

"ရိုးရာကို သွားခေါ်လိုက် မိအေး"

"မာမီ က သမီးနေရာမှာအစားထိုးဖို့ လူစားထည့်ထားတာလား??"

villain the who care of love  (Completed)Where stories live. Discover now