part -21

7.9K 361 10
                                    

ကန်ရေပြင်ကအေးစက်စက်လေထုကြောင့်
ပို၍ညှို့မှိုင်းနေသယောင်
တစ်နာရီတိတိရပ်စောင့်နေရပြီဖြစ်လို့
လက်က‌နာရီကိုယောင်ယမ်းကြည့်ရတာ
စိတ်မရှည်လာတော့။

နှုတ်ခမ်းတွေဖိကိုက္မိတော့ ဘေးကဖြတ်သန်းသွားတဲ့အတွဲတချို့ကခပ်ကြိတ်ကြိတ်ရယ်သွားကြသည်၊ သူမဘာတွေမှားယွင်းခဲ့လို့လည်း၊ ဒါမှမဟုတ်
ဘယ်ကစပြီး မှားနေခဲ့တာလည်း??

ဖုန်း vibrate မြည်သံကြောင့်ကိုင်လိုက်တော့

"ဟဲလို ဒီမှာစောင့်နေတာတစ်နာရီရှိပြီ
ဘယ်တော့လာမှာလည်း?""

"ဘာရယ် နင်ယုတ်မာလှချည်လား!!'"

"နင် နင် ဟဲ့ ဖုန်းမချနဲ့ ငါပြောစရာရှိ"

စကားဆုံးအောင်တောင်ပြောခွငိ့မပေးဘဲတစ်ဖက်ကဖုန်းချလိုက်တော့ သူမခမျာဆွေ့ဆွေ့ခုန်သွားရသည်။

ဖုန်းအကြိမ်ကြိမ်ပြန်ဆက်ပေမယ့် တစ်ဖက်ကဖုနး်မကိုင်တော့

ဒါမျိုးတွေဖြစ်လာမယ်လို့လည်း မယူဆရသည့်အတွက် သူမအငိုက်လစ်မိသွားသည်။
အလဲလဲပြိုပြိုဖြစ်လာတိုင်း ခို၀င်စရာရင်ခွင်ပြည့်စုံပေမယ့်  ဘာမှမရှိနုံချာလှသည့်
ညှို့အား လိုမိန်းမက ယှဉ်လာသည့်အခါ
အရှုံးပေးလိုက်ရတာကိုမုန်းသည်၊ ရွံရှာသည်။

မနေ့ညကအဖြစ်ပျက်တွေကို ပြန်လည်တွေးမိတိုင်း ရင်ထဲမှာတနုံ့နုံရယ်

အင်ပါယာ ဖုန်းဆက်လာတာကို သူမရှေ့မခံချင်အောင်စပြောလိုက်တော့ ရှူးရှူးရှားရှားထဖြစ်သွားတာကိုအရသာခံကြည့်ရင်း

"အကို ရာရာ့ကို မနက်ကြ နေ့လည်ဆာလိုက်ကျွေးပါလား "

"အာ အကိုကလည်း ဟိုတယ်မှာတော့မစားဘူးလေ နဲနဲရိုးရှင်းတဲ့စားသောက်ဆိုင်လေးမှာပဲဖြစ်ဖြစ်"

သူမစကားတောင်မဆုံးသေးဘဲ
ဖုန်းကအလုခံလိုက်ရတာကြောင့်  စိတ်တို့ကထောင်းခနဲ

"ဟဲ့ညို့အား နင်ဘာလုပ်တာလည်း???''

"Shut up bitch!!!!"

သူမကိုခပ်ကြိတ်ကြိတ် ပြောဆိုလိုက်ရင်း သူမဖုန်းနဲ့စာပို့ဖို့လုပ်နေသောညှို့အားကြောင့် ဘယ်လိုပြန်ဆွဲယူယူမမိဘဲဖြစ်နေကာ

villain the who care of love  (Completed)Where stories live. Discover now