part-47

10.1K 432 30
                                    

"ခင်များဘာလို့စောစောစီးစီးက
မပြောတာလည်း???"

"ကျုပ်လည်း ပြောဖို့ကို!!!.."

"ဘုန်း!!!!!!!"

စားပွဲခုံကို စောင့်ကန်လိုက်တာကြောင့် ရာ၀ဏ မျက်နှာမှာ ကြောက်လန့်မှုကအထင်းသား

"ကျုပ်တောင်းပန်ပါတယ် သူဌေးလေးရယ်
သူတို့က လုံး၀ရမ်းကားတာပါ ၊ဟိုမိန်းကလေးဆို မိန်းမတန်မဲ့ လူကို မေ့အောင်ရိုက်သွားတာပဲကြည့် ၊ကျုပ်တူဆို မျက်လုံးကို အခုထိဆေးပြနေရတုန်း"

အိမ်ရှေ့ ဖိနပ်ချွတ်မှာ ဆေးလိပ်ဖွာရင်း ဦးရာ၀ဏ တူကမျက်နှာငယ်နဲ့ရှိနေလေသည်။

"ဘယ်အချိန်လောက်ထဲကလည်း"

"မကြာသေးဘူး!!"

"အခုကစပြီး ခများကြိုက်တာလုပ် နှုတ်ပိတ်ခလည်း မပေးနိုင်တော့ဘူး
ဥပဒေနဲ့မပတ်သတ်ချင်လို့ ငွေပေါလို့ခများတို့ကို ဒီလိုပေးနေတာ သဘောပေါက်လိုက်
နောက်နောင် လူရိပ်တောင် လာမပြပါနဲ့"

စိတ်ဆိုးမာန်ဆိုး ပြောဆင်းသွားသည့်လူငယ်ကို ကြည့်ပြီး ရာ၀ဏ စိတ်ညစ်သွားရသည်။
တနေ့တစ်ခါ ဥပေးတဲ့ ငန်းကိုမှ သူသတ်မိရက်လေခြင်း.....

သူ့အတွေးထဲမှာ ညှို့အားကို တော်တော်လေး
‌ဩချ မိသည်။ ဒီလိုအကြောင်းစုံသိနေတာတောင် ဘယ်လိုမှလက်တုံ့မပြန်ပဲ ဒီတိုင်းနေနေခဲ့သည်က အနည်းငယ်ကျောချမ်းစရာကောင်းနေခဲ့သည်။သူမအနေနဲ့ လက်တုံ့မပြန်တာ မဟုတ်ဘဲ မုန်တိုင်းတစ်ခုကို အစပျိုးဖို့ ငြိမ်သက်နေသည်ဆိုပါက ပိုပြီးသတိထားဖို့သင့်ပေသည်။
မုန်းနေခဲ့မှာပဲ
မင်းရင်ထဲရူးလောက်အောင် ရွံ့နေခဲ့မှာပဲ
ဘွား အတွက် တရားမျှတမှုကို ကိုယ်ဖျောက်ဖျက်္မိခဲ့တယ်
မင်းပေးမယ့်အပစ်တွေကို ခံယူဖို့ ကတော့ခုချိန်မထိုက်တန်သေးသလိုပါပဲ....
သက်ညှာမယ်မလား
မင်းသက်ညှာမှာပါ
ဘာလို့ဆိုတော့ ကိုယ်က မင်းရဲ့အချစ်ဦး မို့လို့

...............

က‌ားပေါ်ရောက်သည့်အထိ မေမေ့ကို ဖုန်းခေါ်လို့မရ ၊အတန်ကြာအောင် ခေါ်မရတဲ့အဆုံး
ရိုးရာဖုန်းကိုဆကိကြည့်တော့ ၀င်သည် ။သို့ပေမယ့် မကိုင်

villain the who care of love  (Completed)Where stories live. Discover now