part-25

8.5K 379 38
                                    

"မြေးလေး ဘာစားချင်လည်း အဘွားကိုပြော"

"ဟင့်အင်း မလိုပါဘူး ဘွား ၊"

"မျက်နှာလည်းမကောင်းပါလားကလေးရယ်"

"အာ့တာတွေလိုက်တွေးမနေနဲ့ တစ်စုံတစ်ယောက်ရဲ့ မျက်နှာကို ကြည့်ပြီး ရှင်သန်နေရတာ ဘယ်လောက်တောင်စိတ်ပျက်ဖို့ကောင်းလည်း"

"အဟွန်း  မြေးမသိသေးတာက လူဆိုတာ စမွေးဖွားလာထဲက တစ်‌စုံတစ်ယောက်အတွက် ရှင်သန်ဖို့ဖြစ်လာတာ"

"ဖြစ်နိုင်ပါ့မလား"

"ဘွားဆို မြေးမာမီအတွကိ ဘွားခင်ပွန်းအတွက် မြေးတွေအတွက် ရှင်သန်ဖို့ဖြစ်လာရတာ၊ သူတို့မရှိရင် ဘွားဟာလည်း အလကားပဲ ၊ ဘွားရဲ့ရှင်သန်မှူက အဓိပါယ်မရှိတော့ဘူးပေါ့"

"ဪ...."

ညှို့အားမျက်လုံးတွေက အဝေးတနေရာစီရောက်သွားရင်း

"သမီးရဲ့ရှင်သန်မှုကဘယ်သူ့အတွက်လည်း"

"ဘွား အတွက်တော့ သမီးရှင်သန်မှုက တန်ဖိုးအရှိဆုံးပဲ"

"ညာနေတာ!!!''

မျက်ရည်ကြည်ရစ္ဝိုင်းရင်း ရှင်မတောင်သနပ်ခါးနံ့သင်းသင်းနဲ့ဘွားက
ပြုံး၍ြကည့်နေကာ...

"ညာစရာလားကလေးရယ် သမီးကဘွားအတွက်တော့ ဘုရားကပေးတဲ့ အဖိုးတန်လေးပဲ"

"မမုန်းဘူးလား သမီးကို၊ သမီးကို
တစ်ယောက္မှ မချစ်ကြဘူးထင်တာ အထူးသဖြင့်
မာမီပေါ့"

"မေတာဆိုတာ လုပ်ယူလို့မရဘူး၊ ရလာတာကိုလည်း တန်ဖိုးထားတတ်ရတယ်၊
သူ့ဆီကမရသေးဘူး၊သူကတော့ ပစ်ထားတယ် ဆိုပြီးမတွေးမိနဲ့မြေး၊ ဒါတွေက သမီးအတွေးတွေအတွက် အမှိုက်တွေ"

"ဘွား သမီးကို ချစ်နေပေမယ့် သမီးထပ်လိုအပ်နေတယ် သမီးက တန်းတူဆက်ဆံတာခံချင်တာပါ"

"သမီး အမြင်အရင်ပြောင်းလဲကြည့်ပါ ၊သမ‌ီးဘေးမှာ သမီးကို ချစ်တဲ့သူတွေရှိပါတယ်"

"ဒီနားက ....ဒီနားက ..ဒဏ်ရာမရှိဘဲနာနေတယ်"

ရင်ဘတ်ကိုခပ်ဖြည်းဖြည်းဖိကိုင်ရင်း
အသက္မဲ့နေသော မျက်နှာလေးက နာကျင်မှုကိုတော့ ကောင်းကောင်းဖော်ကြူးနေသည်။
မျက်ခမ်းစပ်တွေကအစ နီရဲနေပြီး မျက်ရည်လည်းမကျ
နှာထိပ်စပ်လေးတွေကလည်းရဲနေကာ နှုတ်ခမ်းထူထူအိအိလေးက တစ်စုံတစ်ခုကို အားယူပြောဖို့တာဆူလျက်

villain the who care of love  (Completed)Where stories live. Discover now