part -8

8.9K 328 4
                                    

"လာ မုန့်သွားစားမယ်"

"နေဦး ဒီအတန်းချိန်တစ်ချိန်ကျန်သေးတယ်"

"ပျက်လို့ရတယ်လေ ညှို့အား ရဲ့၊လာပါ လုံးတကယ်ဗိုက်ဆာနေပြီ"

"ညနေကျရင် practical လုပ်ရမှာနော် အခု ဒီသင်ခန်းစာက ညနေလုပ်ရမယ့် လက်တွေ့နဲ့ချိတ်ဆက်နေတာ"

"အာ့ဆိုလည်း နေခဲ့တော့ လုံးဘာသာသွားတော့မယ်"

အရပ်ကြီးကလန်ကလားနဲ့ ညှို့အား ထိုင်တဲ့ ခုံနားထိရောက်လာတဲ့ မုန့်လုံးလေး
ချွဲပြီးပြောနေတာက မသိရင် ကိုယ်ကသူ့အမေကြီးကျနေတာပဲ
သူ့ကိုကို crush ကြီးနဲ့တွေ့ရင်သာ အကန်တွေပြောပြီး ဟိုပြေးဒီပြေးနဲ့ရယ်
ခုလည်း သူမကို စိတ်ကောက်ပြီး ထွက်သွားလေရဲ့

အတန်းချိန်ပြီးတော့  ဟိုရှာဒီရှာ ရှာမိတော့မတွေ့ ဘယ်များရောက်နေပါလိမ့်

"ဒီမယ် ညီမ ဓာတုမေဂျာက lab ခန်းက အခန်းဘယ်လောက္မှာလည်းဟင်"

ဖြူဖွေးကြည်စင်နေသောအသား‌ရည်က နေရောင်အောင်မှာ ထင်းနေသည်၊ နှုတ်ခမ်းပါးရဲရဲတို့က ယောကျာ်းတန်မဲ့ မနာလိုချငိစရာ လိုက်ဖက်နေ၏၊ တည်ငြိမ်
အေးချမ်းသောအကြည့်တွေက ညှို့အား ကို ခဏတာ ငေးမောစေမိသည်။

"ဟင် ဘယ်မှာလည်း သိလား ညီမ"

တစ်ယောက်တည်းမဟုတ်ပဲ တခြားယောကျာ်းနှစ်ယောက်လောက်ပါသည်၊ ထိုသူတို့က ညို့အား ကို ပြုံးစိစိ ကြည့်နေခဲ့ပြီး

"အာ ဟိုလေ"

"အင်း ညီမ"

"ပါးစပ်နဲ့လမ်းမညွှန်တတ်ဘူး သိချင် လိုက်ခဲ့"

အင်ပါယာ နဲနဲတော့ ရှိန်သွားသည်၊ နုငယ်သောမျက်နှာပေမယ့် မျက်၀န်းတွေက တစ်ခုခုကိုညှို့နေသလိုလို
ပါးရိုး လိုင်းကထင်းနေတော့ အနည်းငယ် ခက်ထန်စေသည်၊
မျက်ခုံးထူတွေက စကားတစ်ခွန့်ပြောတာနဲ့ တွန့်တက်သွားသည့်ပုံစံက ဂျစ်ကန်ကန်ရယ်
ဩရှရှအသံလေးက မနူးညံ့သလို မခက်ထန်ပေ

တစ်ယောက်တစ်ပြန်ငေးနေတော့ ဘေးကချောငိးဟန့်သံတွေကအလိုက်ကန်းဆိုးမသိစွာပေါ်ထွက်လာသည်၊

villain the who care of love  (Completed)Where stories live. Discover now