part -36 ⛔⛔⛔⛔⛔

16.6K 489 26
                                    

"မလာပါနဲ့ ငါ့အနားမလာပါနဲ့"

စကားသံတွေကလည်ချောင်း၀မှာတင် တစ်နေပြီး အပြင်ကိုတစ်ခုမှ ထွက်္မလာ
အားငယ်စိတ်ပျက္မှုတွေက သူမကို အရှိန်ပြင်းစွာ၀င်စောင့်သည်။လွတ်မြောက္ဖို့ ကြိုးစားလည်း ဒီနေရာပဲပြန်လည်ရောက်ရှိနေသကဲ့သို ဘယ်လိုမှ အရာမရောက်ဘဲရှိနေကာ

"ဘာတွေညည်းနေသေးလည်း"

"ဒီလိုပါပဲ နဲနဲ ဆေးရှိန်များရင်တော့ နှလုံးနဲ့ ဦးနှောက်ကိုထိနိုင်တယ်"

"အင်းပြီးတာပဲ သူဒီလိုမှိန်းနေဖို့အဓိက"

"အင်း"

"မနက်ဖြန် စိတ်ရောဂါဆရာ၀န်ကိုချိန်းထားတယ် သူလာရင် ဒီမှာအကုန်အဆင်သင့်လုပ်ထားချေ"

"ခဏလေးပါ ဒီလိုအခြေနေနဲ့အိပ်ငွေ့ချဖို့က!!!"

"ဒါရှင်ပြောစရာမလိုဘူး ကျွန်မကိစ"

"ဟုတ်ကဲ့ပါ"

ပျက်ယွင်းသွားသည့်မျက်နှာကို တစ်ခဏချင်းပင်ပြန်လည်ပြင်ဆင်ကာ
ဒေါ်အိုစာ ခေါင်းညိတ်လက်ခံလိုက်သည်။
သူ့ဆန်စားတော့ ရဲရမှာပေါ့၊
မတရားသည့်အလုပ်၊ဟုတ်တယ်
ရောဂါသည်တစ်ယောက်ကို ဆေးခြောက်ခတ်မှိန်းနေစေပြီး အမွေမှန်သမျှ မောင်ပိုင်စီးဖို့ လုပ်ရတာမကောင်းမှန်းလည်းသိပါရဲ့
ငွေကအရာရာစကားပြောတယ်မလား

20%ကလည်း သူမလို မျက်နှာမွဲအနိုမ်ခံအတွက် ရူးလောက်‌တဲ့ ကမ်းလှမ်းမှု
ဒါကြောင့်မို့ မျက်စိစုံမှိတ်ကာမသနားနိုင်ပဲ
လူတစ်ယောက်အသက်ဘေးအထိ သူမသွေးအေးစွာ ရက်စက်နိုင်ခဲ့ပေသည်။

ကုတင်ထက်ညည်းညူရင်း ပြန်လည်ခုခံနိုင်ခြင်းမရှိတဲ့ ဒေါ်ယဉ်ကျေးမွန်ကို သားကောင်သဖွယ် စောင့်ကြည့်နေရင်း အိမ်မက္ တွေကစိတ်ကူးယဉ်စရာကောင်းနေခဲ့၏။

..............

"တစ်ခါတည်းလိုက်ခဲ့ ကလောကို"

"မလိုက်နိုင်ဘူး"

"ကျွတ် ပြန်လာတာနဲ့မင်းသဘောကျ ငါစီစဉ်ပေးမှာ ဘာလို့ဂျစ်တိုက်နေတာလည်း"

"သွားစရာရှိတာသွားပါ ငါမရှိလည်း နင်ကအဆင်ပြေအောင်နေတတ်သားပဲ"

villain the who care of love  (Completed)Where stories live. Discover now