part - 4

10K 333 11
                                    


ကျောင်းဝင်းထဲခြေစချမိတော့  ရှုပ်ထွေးပွေလီနေသော ကျောငိး‌သူကျောငိးသားတွေက ဆီးကြိုနေခဲ့သည်။

စိတ်ရှုပ်လွယ်သူမို့ အတန်းနောက်ဆုံးမှာရှိတဲ့ ခနောနီ ခနော်နဲ့ ထိုင်ခုံလေးကို ရွေးလိုက်တယ်၊ဒါကလည်း လူတွေကိုအကောင်းဆုံးရှောင်ဖယ်နိုင်တဲ့နည်းပင်မဟုတ်ပါလား၊
ဘွားအေး  မုန့်ဖိုးမပေးတာက ဖဲရိုက်တာ သိထဲက ၊ဒါကြောင့် စိတ်တော့နဲနဲလေသည်။

"ဒေါင် ၊ ဒေါင် ၊ ဒေါင် ၊ ဒေါင်"

ကျောင်းတက်ခေါင်းလောင်းထိုးပြီ မို့ နိုင်ငံတော်သီချင်းဆိုရန် အပြင်ကို ထွကိကြရသည်၊ရိုးရာ‌တို့ private school တွေမှာရောဆိုရလားလို့ တောင်တောင်အီအီ တွေးပြီး ခေါင်းတချကိကုတ်လိုက်၏၊
မနာလိုတာမဟုတ်ပေမယ့် ဒီကောင်မလေးကို မြင်တာနဲ့ ကုတ်ကမြင်းမှန်း တန်းသိသည်၊ မာမီ အချစ်ပိုနေတာကတော့ ရွံဖွယ်အတိ

ကျောင်းသီချင်းဆိုပြီး ကျောင်းခန်းအတွင်းပြန်၀င်တော့ စာသင်နှစိစဖြစ်တာမို့ အားလုံးကတစ်ယောက်ကို‌တစ်ယောက် မိတ်ဆက်ကြ၊
တစ်ချို့ကလည်း ကိုယ့်အုပ်စုနဲ့ကိုယ်၊ သူမကတော့ တစ်ကိုယ်ထဲ၊

"ကဲကဲ အားလုံးအာရုံစိုက်ပေးကြပါ"

"ဒီကလေးက ဒီနှစ်မှ ဆရာမတို့ကျောင်းပြောင်းလာတာ သူ့နာမည်က " ခန့်ညားမောင်" တဲ့ "

Wait. what!!!! သူမလည်း အခုမှ ကျောငိးပြောင်းလာတာပဲလေ ဘာလို့ သူမကျတော့ အရေးတယူမရှိတာလည်း၊ ?
ရေးကြီးသုတ်ပြာ ကိုယ်ကို ပြန်နမ်းရှိုက္မိတယ် ၊ငါးညှီနံ့တော့မရ၊ ဟိုကျောင်းမှာ ငါးစိမ်းသည် သမီးမို့ အနိုမ်ခံရတာကထား ၊ခုဒီကျောင်းမှာကတော့ တန်းတူအခွင့်ရေးရသင့်တယ်မဟုတ်လား၊???

"ဟဲ့သူကလေ ဒီကျောင်းကော်မတီအဖွဲ့၀င်ရဲ့သား၊ကျောင်းအုပ်ရဲ့မြေးလေ၊ပြောရမယ်ဆို ကျောင်းကော်မတီအဖွဲ့ထဲ ကျောင်းအုပ်ကသူ့အမျိုးတွေထည့်ထားတာ"

"ဟုတ်လား ၊ချောလိုက်တာနော် ၊မိန်းကလေးကျနေတာပဲ"

အရှေ့ကမိနး်ကလေးတွေအတင်းအုပ်နေကြမှ နားလည်တော့သည်၊ဒါကြောင့်အထူးတလည်ကိုး အံ့ဩပါ့ ကျောင်းအုပ်မြေးလည်း ကျောင်းသားပဲဟာ  ချမ်းသာတဲ့သူတွေ ဖင်ကိုယားတယ်

villain the who care of love  (Completed)Where stories live. Discover now