part -43

9.4K 428 26
                                    

ပါတီပွဲမတိုင်ခင် နှစ်ရက်အလို🍂🍂🍂

"ဗညားလမ်း ကဒီဘက်ကကွေ့ရတာလား"

ခနော်ခနဲ့ ကွမ်းယာဆိုင်က လူက ပုဆိုးခပ်တိုတိုပြင်၀တ်ရင်း ကွမ်းတံတွေးကိုပျစ်ကနဲထွေးကာ

"ဘာကိစလဲ ဒီလမ်းကို???"

Devil စိတ်ထဲထောင်းကနဲဖြစ်သွားသည်၊စကားပြောပုံက လုံး၀ပုံစံမကျ
သို့ပေမယ့် လိုချင်တာမသိရသေးခင် စိတ်ကိုလျော့ချလိုက်ပြီး

"ဦးရာ၀ဏ နဲ့တွေ့ချင်တာပါခဗျ"

"သူဒီလမ်းကပြောင်းသွားပြီ၊ ဘာကိစလည်းလို့မေးနေတယ်လေ"

ညှို့အားက ကားထဲကနေ လက်တွေယားနေပြီး ထလုပ်ချင်စိတ်ကထိန်းမရ ၊ ဟိုလူကလည်း ခခယယပြောနေတော့ သူ့ကို ပိုလုပ်ချင်နေရသည်။

"သူ့ဆီသွားချင်လို့ တဆိတ်လောက်ပြောပြပါလားခဗျ ၊အကိုလမ်းညွှန်ပေးရင် မနစ်နာစေရပါဘူး"

ဘေးဘီဝဲယာမှာလည်း အိမ်တချို့က တံခါးပိတ်ထားပြီး ကျန်တာကအဆောင်တွေချည်းပင် ၊စက်ရုံနားနဲ့နီးတော့အလုပ်ချိန်ဖြစ်နေသဖြင့် ကွမ်းယာဆိုင်ကလွဲလို့ကျန်တာမေးဖို့မလွယ်

"ကောင်းပြီလေ ကားပေါ်ရောက်ရင္ပြောတာပေါ့ ကျုပ်လမ်းညွှန်ပေးမယ် "

"ဟုတ်ကဲ့တက်ပါခဗျ"

"ရှင်ရူးနေလား ဘာတွေလုပ်!!!!'

"ရှူး relax အသဲလေး "

သူမခေါင်းလေးကို အသာပွတ်ရင်း devil ကနားလည်ရ‌ခက်သော အပြုံးနဲ့ပြောလေသည်။သူမစိတ်ထဲမှာတော့ အောင့်အီးသည်းခံရတာ ပေါက်ကွဲတော့မည့် စနက်တံကို ရင်၀ယ်ပိုက်ထားရသလိုပင်

"ကျုပ်ကနောက္မှာထိုင်ရမှာလား "

ထိုလူ့ပုံစံက လူမိုက်ပုံပေါက်ကာ ညှို့အားတို့ကို လူရည်သန့် နုံနုံအအလေးးတွေမှတ်နေလားမသိ၊ ဒီနေရာမှ မသိရင် သူပဲဆရာကြီးလိုလိုနှင့် ဆေးမှင်ကြောင်တွေကလည်းပြူးပြံနေအောင်ထိုးထားပြီး ကွမ်းဝါးကတစက်မှမပျက်

"‌လိမ်မာ‌တယ်နော်"

သူမကိုကြည့်ရင်းပြုံးဆဆပြောနေသော သူ့ကြောင့် စောင့်ကြီး အောင့်ကြီး ကားနောက်ခန်းပြောင်းထိုင်ပေးလိုက်ရသည်။ ဟိုလူကတော့ ကားရှေ့ခန်း ထိုင်ရတာကို သဘောခွေ့ကာ  ဟက်ကနဲတစ်ချက်ရယ်ရင်း
ကား ‌ကို ဘယ်ကွေ့ခိုင်းလိုက်သည်။
တချက်ချက် ကားနောက်ခန်းမှာရှိနေတဲ့
ညှို့အားကိုလည်း စူးရဲစွာကြည့်နေတော့

villain the who care of love  (Completed)Where stories live. Discover now