part -7

9.1K 388 5
                                    

ရာသီအလီလီပြောင်းလို့  နှစ်တွေကြာညောင်းခဲ့ပေမယ့်
ဒေါ်ယဉ်ကျေးမွန်ဟာ ညှို့အား ကို ချစ်လို့မရခဲ့ပါ
အရင်လိုမရိုက်နှက်တော့ပေမယ့် တစ်ခုအမှားလုပ်ရင် စိတ်ပိုင်းဆိုင်ရာတစ်ခုထိခိုက်အောင်
အပစ်ပေးသည်၊
ညှို့အား အရမ်းစိတ်ထိခိုက်လွယ်တဲ့
လုပ်ရပ်မျိုးတွေပေါ့
ဥပမာ -သူမအပစ်တစ်ခုကျူးလွန်ရင် သူမကို မလုပ်ပဲ သူမရဲ့နီးစပ်ရာလူတွေကို အပစ်ပေးတာမျိုး
ဒါမှမဟုတ် သူမရှေ့မှာ ရိုးရာကို သည်းသည်းလှုပ်ဂရုစိုက်ပြတာမျိုးတွေပေါ့

ဒီလိုမျိုး အပစ်ပေးတော့ အရင်ကထက်စာ နဲနဲလေး အချိုးပြောင်းလာသည်၊ မှန်းဆရခက်သည့် သူမပုံစံကြောင့် တကယ်ကြီးပြောင်းလဲတာလား ၊ဟန်ဆောင်နေတာလားတော့ မသဲကဲ‌ွပေ

"မေမေ ရာရာ လှလား??"

တဖျတ်ဖျတိလတ်နေသောစိန်နားကပ်လေးချစ်စဖွယ်ဆင်မြန်းထားသော ရာရာ့အမေးကြောင့် သူမအတွေးစပြတ်သွားကာ

"လှလိုက်တာကွယ် ၊ ၁၈ ၊၁၉အရွယ်မို့လားမသိဘူး လှသွေးကြွယ်နေလိုက်တာ"

"မေမေကလည်း ရာရာက မေမေ့လောက်မလှပါဘူးနော် ခစ်ခစ်"

"လူလည်မလေး"

"ဒါနဲ့မေမေ ညှို့အား အတွကိပါ ၀ယ်ပေးပါလား သူလည်း uni စတက္မှာဆိုတော့ လေ"

"မေမေ့သမီးလေးက စိတ်ထားကောင်းလိုက်တာ,ဒီတန်ဖိုးကို နားမလည်တဲ့ ကလေးကို မဆင်ပေးနိုင်ပါဘူး ၊ဒါတွေက သမီးနဲ့ပဲထိုက်တန်တာ"

"မေမေရယ် ညှို့အား ကအဲ့လိုဆို သမ‌ီးကို ပိုမုန်းမှာပေါ့"

"သမီး ရယ် သူမုန်းဖို့စိတ်မထားရဲအောင် မေမေကာကွယ်ပေးထားပြီပဲ"

"ဟုတ်မေမေ သမီးကို သမီးအရင်းတစ်ယောက်လို ချစ်ပေးလို့ တကယ်ကို ၀မ်းသာရတယ်သိလား"

မျက်ရည်လေးဝဲပြပြီးပြောလိုက်တော့ သူမမွေးစားမိခင် သည်းလှုပ်စွာ ပွေ့ဖက်လာသည်၊ ဒီလိုမှ ပန်းနုသွေး မဆန်ပြရင် မေမေ တနေ့နေ့တချိန်ချိန် စွန့်ပစ် နိုင်လောက်တယ်မဟုတ်ပါလား

...............

"ဟိတ် လုံး လှလား"

"ဒီတိုင်းပါပဲ"

villain the who care of love  (Completed)Where stories live. Discover now