part -12

8.5K 377 12
                                    

ခမ်းနားသော စားသောက်ဆိုင်တစ်ခုကိုအခုမှရောက်ဖူးတာကြောင့် ညှို့အား မျက်လုံးတွေက နေရာအနှံ့ငေးမောနေမိသည်။

"ညှို့အား တစ်ခုခု‌သောက်ထားနှင့်ပါလား ကိုယ်မှာပေးမယ်လေ"

"အင်း "

ချက်ချင်းခေါင်းညိမ့်လိုက်တာကြောင့်
အင်ပါယာ ချစ်စနိုးဖြစ်သွားရသည်၊ဟန်ဆောင်မှုမရှိ ဒဲ့ပြော ပြတ်သားတတ်တဲ့သူမပုံစံက သူ့အတွက်တော့ တမျိုးလေးဖြစ်နေသည်

"သားတို့ မရိုစီတို့ စောင့်နေရတာ
ကြာ ကြာ....ဟင် ညှို့အား"

"ညှို့အား ကဘယ်လိုလုပ်"

"ထိုင်ပါဦး အန်တီ မောနေရောပေါ့"

"အမ် အေးအေး"

ယောင်အအနဲ့ ထိုက်လိုက်ရပေမယ့် ပျက်ယွင်းသွားတဲ့ မျက်နှာနှစ်ခုက ရုပ်ပျက်စွာ

"ညည်းပဲခူးကိုမသွားဘဲ ဒီကိုဘယ်လိုလုပ်ရောက်လာတာလည်း"

ရှေးဦးစွာနှုတ်ဆက်ရမှာဘာညာတောင်မတွေးမိဘဲ ၊တိုက်တိုက်ဆိုင်ဆိုင်ဒီနေရာမှာ ညှို့အား ကိုတွေ့လိုက်ရ‌တာကြောင့် ဒေါ်ယဉ်ကျေးမွန် ဟန်တောင်မဆောင်နိုင် ဒေါသတွေဆူဝေလာရသည်

"မေမေ စိတ်လျော့ပါ အန်တီရိုစီတို့ကို အရင်နှုတ်ဆက်ကြမယ်လေ"

"ရိုစီရယ် အားနာလိုက်တာ တို့ ပြောချင်စိတ်ကများသွားလို့ပါ"

"ရပါတယ် ယဉ် ရဲ့ သူစိမ်းတွေမှ မဟုတ်တာ ၊ ဒီကလေးကို အပစ်မတင်ပါနဲ့ သူနဲ့ကလမ်းမှာ ဆုံတာရယ် ကားလည်းမမောင်းတတ်ပဲနဲ့ ဘာလို့တစ်ယောက်ထဲလွှတ်လိုက်ရတာလည်းယဉ်ရယ်"

"ဟို ဟိုလေ သူကသွားချင်တယ်ဆိုလို့"

"မာမီရယ် မာမီပဲ အတင်းသွားခိုင်းပြီးတော့၊ ပြီးတော့ သမီးလည်းသွားချင်ခဲ့တာမဟုတ်ဘူးလေ"

ကြည့်စမ်း ဒီစကားကိုဒီလိုအချိန်ပြောစရာလား ၊လူအထင်သေးအောင်

"မာမီ ဘာပဲပြောပြောသိလား ညှို့အား ဒီလိုနေရာ ကိုရောက်ရတာ ဒါပထမဆုံးပဲ ၊ကျေးဇူးတင်ပါတယ် မာမီသာ မခိုင်းခဲ့ရင် ဒီလို ဆုံရမှာမဟုတ်ဘူး"

villain the who care of love  (Completed)Where stories live. Discover now