part -9

8.9K 377 13
                                    

" ခန့်ညားမောင်!!!!"

ကိုယ့်နာမည်ရင်းကြီးကြားတော့ မုန့်လုံးလေး
နဲနဲတော့တွန့်သွားသည်၊ ကြမ်းတမ်းရိုင်းစိုင်းပါတယ်ဆိုတဲ့ ညှို့အား တောင် လုံး လို့ခေါ်တာ ရာရာစစ ငါ့နာမည်ရင်း ဘယ်သူခေါ်တာပါလိမ့်

"ဟင် ခဗျား!!"

"အင်း ညီလို့ခေါ်နေတာ မကြားလို့ နာမည်ရင်းခေါ်မှပဲ လှည့်ကြည့်တော့တယ်"

"အ ကို အကို မင်းမာန်ဆက်!!!""

"အင်း ဒီနေ့ ညီတို့ ကျူတိုရှိတယ်လေ အတန်းထဲမသွားဘဲ ကျောငိး၀မှာ ဘယ်သူ့ကို စောင့်"

"ဟို ဟို ညှို့အား ကိုပါ"

"အင်းနော် သူ့ကိုဒီနေ့မတွေ့မိသလိုပဲ"

"ဖုန်းဆက်တာလည်းမရဘူး"

"ဟုတ်လား ညီပြောလေ အကို ဘာကူညီရမလဲ"

"သူ့အိမ်လိုက်သွားချင်တယ် သူတစ်ခုခုဖြစ်နေပြီလားမသိဘူး လုံး စိတ်ထဲ အဲ့လိုခံစားနေရတယ်"

"ကျူတို မဖြေရင် ညီ အမှတ်လျော့မှာပေါ့"

"ဟင့်အင်း သူဖြေမှ လုံးဖြေမှာ "

"လုံးက သူ့ကို တော်တော်ခင်တယ်နော်"

"အွန်း"

"ကိုယ့်ကိုရော??"

"ဟင် "

"ကိုယ့်ကိုရောလို့??""

"ခင် ...ခင်တယ်လေ "

"ဟုတ်လို့လား အကို့ကိုတွေ့တိုင်း ညီကအမြဲထွကိပြေးတယ် ၊ အကို့ကို မခင်ချင်လို့လားလို့တွေးမိနေလို့"

"အာ မဟုတ်ပါဘူး လုံး က အကို့ကို ခင်တယ်ဒါမယ့် အကိုနဲ့ကအတန်းမှမတူတာ"

"ဒါဆို နက်ဖြန် မုန့်တစ်ခုခုလိုက်စားလေ အကိုနဲ့ ရင်းနှီးအောင်"

"ဟုတ် တကယ်နော်"

"အင်းပေါ့"

"လုံး ကို အခုလောလောဆယ် တစ်ခု ကူညီပါလား"

"အင်း ညှို့အားတို့ဆီ လိုက်ပို့စေချင်လို့လား"

"ဟုတ် ရလားအကို "

"အတန်းဖျက်ပြီးတော့လား"

"ဟုတ် အတန်းဖျက်ပြီး "

villain the who care of love  (Completed)Where stories live. Discover now