part -14

8.6K 342 15
                                    

အော်ဟစ်ညည်းညူနေတဲ့ မဲလုံး ပုံရိပ်က
သူမကို တော်တော်လေးစိတ်သက်သာရာရစေသည်၊ ဖြစ်နိုင်ရင် ခွေးတွေဝိုင်းကိုက်ပြီး အဲ့နေရာမှာတင်သေသွားစေချင်တာ

ထိူနေ့ကလုံးဆီမသွားဖြစ်တော့ပဲ အိမ်ပဲပြန်ခဲ့သည်၊ မာမီကတော့ သူမကို ထုံးစံအတိုင်းကြည်နေသည်မရှိ၊ ဒီအိမ်ကိုစရောက်လာကာစတော့ မာမီရဲ့အချစ်ကိုလိုချင်သည်၊ ယုယမှုနွေးထွေးမှု သူမ မှားနေရင်တောင် တည့်‌မတ်ပေးမှုကို မက္မောမိသည်။

အချိန်ကြာလာလေ မာမီ့ရဲ့ အချစ်တွေက သူမအတွက် မရှိမှန်းသိလာရလေမို့
မကျေနပ်မှုမှန်သမျှ ရိုးရာပေါ်မှာ ပုံပစ်မိသည်။
သူမစိတ်မချမ်းသာရရင် တခြားသူလည်း စိတ်ချမ်းသာရာပေးမည်မဟုတ်

"သမီး ညှို့အား အန်တီအေးကို ဒီအပ်ပေါက်လေးထိုးပေးပါလား"

အခန်းရှေ့လာပြီး အ၀တ်နွမ်းလေးကို ပြန်သီရန် ကြိုးစားနေသောအန်တီအေး

"အဲ့လောက္မျက်လုံးမကောင်းနေတာ အဲ့အကျီလွင့်ပစ်လိုက်"

"အ‌မလေးတော် မလုပ်ပါနဲ့ ဒါလေးက အိုက်တဲ့ရာသီဆို အသေကောင်းတာ အေးနေတာပဲ လုပ်ပေးပါသမီးရယ်နော်"

"ကျွတ် ရှုပ်ကရှုပ်နဲ့ပေး!!!''

အပ်ပေါက်ထိုးပေးလိုက်တော့ မိအေး မျက်နှာက၀င်းခနဲ

"ကျေးဇူးကြီးလှပါပေတယ် အဟီး"

‌"နောက်ခါမျက်စိကန်းအောငိအလုပ်တွေဖိမလုပ်နဲ့ ကိုယ့်အသက်လည်း ကိုယ်ကြည့်ဦး"

တံခါးကိုဝုန်းခနဲပိတ်လိုက်သံရဲ့နောက္မှာ မိအေးပြုံးမိပါသည်။ သူများတွေကြားရင်တော့ ဒီကလေးရိုင်းတယ်ပေါ့၊ ကိုယ့်ကိုစေတနာတွေနဲ့ပြောသွားတယ်ဆိုတာ ကိုယ်ကိုတိုင်ကတော့အသိဆုံး

ဒီနေ့အိမ်မှာ ဧည့်သည်တွေလာဖို့ရှိတာမို့အလုပ်တွေရှုပ်နေကြ၏။ ရိုးရာမွန် ရဲ့ အထိမ်းမှတ်ပေါင်းများစွာလုပ်ပေးရသောပွဲတွေထဲကတစ်ခု
သူ့ကို မိဘမဲ့ဂေဟာကနေ ‌မာမီခေါ်လာသောနေ့တဲ့ မွေးနေ့လည်းမဟုတ်ပဲ အပျော်တစ်ခုလိုကျင်းပနေသည်။
သူမမွေးစားခံရတာ ဒီလောက်တောင်ဂုဏ်ယူဖို့ကောငိးလားမသိ

villain the who care of love  (Completed)Where stories live. Discover now