part -11

8.7K 383 11
                                    

မနေ့ကလုပ်ရပ်ကြောင့် ညှို့အား အပစ်ပေးခံရတဲ့အနေနဲ့ ဂိုထောင်မှာ နှစ်ညတိတိ အိပ်ရခြင်းပင်၊ ခြင်ဆေးမယူရ ခေါင်းအုံး မယူရအမိန့်ထုတ်ထားတာကြောင့် အိပ်ရတာတော့ နှစ်နှစ်ခြိုက်ခြိုက္မရှိလှ၊

ညတိုင်း ဆေးလိပ်ခိုးသောက်နေကျမို့ ဒီနေ့ကဘယ်လိုမှမလစ်၊ ခံတွင်းချဉ်လာတာမို့ လူကနေမထိထိုင်မသာ၊ စွဲတဲ့အထိသောက်နေတာမဟုတ်ပေမယ့် ပျင်းလွန်းလှတာကြောင့်
ဒီနေ့မှ လိုလိုလားလားသောက်ချင်လာသည်၊

အိမ်ရှေ့ကိုမျှော်ကြည့်တော့အိပ်နေကြပြီထင်ရဲ့ ၊တိတ်ဆိတ်ညိမ်သတ်နေ၏၊
Hoodie အပွနဲ့ ဂျင်းဘောင်းဘီကလည်း ဒူးကျအပွ ၊ဆံပင်တိုတိုကပ်ကပ်အပေါ်မှာ
ဂိုထောင်ကတွေ့တဲ့ ဦးထုပ်တစ်လုံး ကောက်စွပ်လိုက်သည်၊
ဆယ်ကျော်သက်ချာတိတ်ကောင်လေးပုံစံပေါက်သွားတာကြောင့် လှစ်ခနဲပြုံးမိလိုက်သည်၊ ညဘက်ခိုးထွက်ရတာကလည်း
လွတ်လပ်ခြင်းတမျိုးပင်..........

အုတ်တံတိုင်းကသိပ်အမြင့်ကြီးမဟုတ်တာကြောင့် ခုန်တက်ရတာလွယ်သလို ကြောင်ကျကျအောင် မနည်းတော့ရုန်းကန်လိုက်ရသည်၊

လသာသာညတစ်ညမှ အေးလူစွာလျောက်သွားနိုင်တာ ညှို့အား ကလွဲလို့ ဘယ်မိန်းကလေးမှမလျောက်ရဲပေ.....

.................

ဒီနေ့ တိတ်တခိုးသဘောကျရတဲ့ အကိုကြီးနဲ့ တော်ဝော်လေးအဆင်ပြေခဲ့သည်မို့ လုံး တစ်ယောက် တော်တော်နဲ့အိပ်မပျော်နိုင်၊
စောင်ကြီးကိုက်လိုက် ခွီးခနဲရယ်လိုက် ပြုံးနေမိရင်လည်းမပြီးဘဲရှိကာ တစ်ယောက်ထဲ အိုက်တင်ပေါင်းများစွာဖြင့် အလုပ်ရှုပ်လျက်ရှိနေသည်၊ ထိုစဉ်

"ဒေါက်"

မှန်တံခါးကို တစ်ခုခုနဲ့ပေါက်လိုက်သလိုကြောင့် လုံး တစ်ယောက်စောင်ခြုံထဲကနေ ငုတ်တုတ်လေး ကြောင်အစွာကြည့်နေမိကာ

"ဝှီး ဒေါက်"

နောက်တစ်ချက်
'ဘုရား ဘုရား သရဲများလား
ဟင့်အင်း လုံး သရဲကြောက်တယ်  ၊သရဲကြီးရယ် ခြောက်စရာရှိ ညှို့အား ကိုသွားခြောက်ပါ၊ သူကမကြောက်တတ်ဘူး ဒီကကြောက်တတ်လို့ လာမခြောက်ပါနဲ့‌ေ နာ်နော်'

villain the who care of love  (Completed)Where stories live. Discover now