Extra (1)

12.1K 393 40
                                    

သာယာသောကမ်းခြေသေးသေးလေးတစ်ခု

ညနေစောင်းနေ၀င်ချိန်မို့ ပုစွန်ဆီရောင်ကောင်းကင်ကြီးကအုပ်မိုးထားကာ မြင်မြင်သမျှ လိမ်မော်ရောင်လေးထင်ဟပ်ကျရောက်နေသည်။

"သိပ်လှတာပဲ"

မျက်၀န်းတွေမှေးစင်းရင်း ပါးစပ်ကလည်းပီကေဝါးမပြတ် devilကဆိုလိုက်သည်။

"တော်ပါအပိုတွေ"

"တကယ်ပြောတာ ကြည့်လို့မ၀ဘူး"

နားရွက်ထဲဆံပင်တွေထည့်သိပ်ရင်း ညှို့အားပါးတွေက ပန်းရောင်သမ်းနေကာ ရှက်နေမှန်းသိသာသည်။

"ဘာတွေထင် ကိုယ်က ဟိုဟောကောင်းကင်က လ ၀န်းကြီးကိုပြောနေတာ"

"ဘာ!!!ဘယ်နားမှာတုန်း လ က??"

"အ အ !!!နာတယ်"

ညှို့အားလက်က devilရဲ့ ဗိုက်ဆီ လျင်မြန်စွာရောက်ရှိတော့ devil ကရယ်ကာ သူမကို
သိမ်းကျုံးဖက်၏။

"ပျော်လား!!'

"အင်း!!"

"တကယ့်လည်းလှတယ် ဒီကျွန်းကို ပိုင်ဆိုင်ဖို့
အရမ်းပင်ပန်းခဲ့မှာပဲ"

"အင်း တမျိုးလုံးနဲ့တစ်ယောက် ဖြစ်ခဲ့တာပေါ့
ဒါပေမယ့် ပိုင်ဆိုင်ရကျိုးနပ်ခဲ့ပါတယ် မင်းအတွက်ဆိုပြီးရည်စူးမထားပေမယ့် ကိုယ်တန်ဖိုးထားတဲ့အရာမှာ မင်းနဲ့အတူရှိခွင့်ရတာပျော်တယ်၊ပြီးတော့ မင်းကို ကာကွယ်ပေးလို့ရတဲ့သူဖြစ်ခွင့်ရတာ ပိုပြီးကြည်နူးတယ်"

"ရန်ဖြစ်ရတာလည်းထည့်ပြော!!"

သူကညှို့အားနဖူးပြင်ကိုခပ်ဖွဖွနမ်းရင်း

"ရန်ဖြစ်တာ ချစ်လို့လေ ရန်ဖြစ်တယ်ဆိုတာ
ကိုယ်တို့နှစ်ယောက်နဲ့မှ ကိုက်ညီတာမျိုး!
ကိုတို့နှစ်ယောက်ရဲ့ပြယုဂ်!"

"ဒါမယ့်လေ ဒီကျွန်းမှာနှစ်ယောက်တည်းဆိုတော့ နဲနဲများပျင်းစရာကောင်းလားလို့"

"ရတယ်လေ အပျင်းပြေတဲ့နည်းတွေမှပေါလို့"

"ရှင်နော် စကားအကောင်းပြောနေတာ"

"အခုချိန်ထိ ရှင်ပဲလား နဲနဲပါးပါးပြောင်းခေါ်ဖို့မစဉ်းစားမိဘူးလား"

villain the who care of love  (Completed)Where stories live. Discover now