part -15

9.5K 452 15
                                    

ကိုယ့်ရင်သွေးကို မချစ်တတ်တဲ့ မိန်းမမိုက်တဲ့
ဒီစကားကို သူမနာနာကျင်ကျင်လက်ခံရမှာပါပဲ
ညှို့အား ဒယ်ဒီဖြစ်တဲ့ ဦးမိုးခါး ဟာသူမအတွက် တကယ့်လင္ဆိုးပင်
ပိုင်းလုံး မှန်းမသိဘဲအိမ်ထောင်ပြုပြီးခါမှသိရသည့်အဖြစ်၊ မိဘက ထိုအချိန်မှာ စိတ်မာန်ကြီးစွာဖြင့် အမွေဖြတ်စွန့်လွှတ်ခဲ့သည်။

ဘ၀တွေဆင်းရဲချို့တဲ့ တဲ့အခါ ချစ်ခြင်းတွေ
တံခါးပေါက်က ခုန်ဆင်းတယ်ဆိုသလို
သူမကိုယ်၀န်ရလာချိန်မှာ အသုံးမကျသည့်ခင်ပွန်းသည်ကိုပါမုန်းတီးမိလာသည်။

လှတုန်းနုတုန်းအရွယ်မှာ ကလေးမယူသေးပါဘူးသေချာပြောရက်နဲ့ ကလေးဇွတ်ယူလိုက်တဲ့အတွက် ငယ်ရွယ်မရင့်ကျက်တဲ့
ယဉ်ကျေးမွန်ဟာ စိတ်နာခဲ့ရသည်။

ရွယ်တူ အပေါင်းသင်းနဲ့တွေ့ခဲ့ရင်တောင် ပတ်ပြေးနေရပြီး ၊ဆင်ခြေဖုံးရပ်ကွက်ထဲ အိမ်ပေါ်အိမ်အောက် မဆင်းဘဲနေကာ ချို့တဲ့မှုကို
ကြိတ်မှိတ်ခံစားရ၏။ဒါတွေအားလုံးဟာ
ကိုယ်၀န်ကိုပဲ အမုန်းတွေစုပြုံကြစေခဲ့လျက်။

သည်းမခံနိုင်တဲ့အဆုံး လက်ကြောမတင်းတဲ့ယောက်ျားကို အလုပ်လုပ်ဖို့ဖိအားပေးဖို့ထွက်လာကာမှ ktv ကအမျိုးသမီး စံပယ်တင်မွှန်း
ဆိုသူနှင့်‌ေဖာက်ပြန်‌ေနတာကိုပက်ပင်းမိရပြန်သည်။

ကိုယ်၀န်ကြီးမှအားမနာ အဲ့နေရာမှာ နပမ်းသတ်ရင်း ၊ချောမောသည့်ရုပ်ရည်နဲ့မှမလိုက်
စိတ်ထားယုတ်မာတဲ့ လင်တော်မောင်အား
အပြီးပိုင်ထားရစ်ကာ မိမိအိမ်ပေါ်သို့ပြန်တက်လာခဲ့သည်။

ကိုယ်၀န်ကြီးနဲ့မို့ အဖေမရှိတော့သည့်အတွက်
အမေကပဲပြန်လက်ခံကာ မွေးဖွားသန့်စင်ပြီး ကလေးတစ်နှစ်ကျော်ရတဲ့အထိ ပြန်ပျိုးထောင်ပေးခဲ့သည်။

သူ့အဖေနှငိ့ ဆင်ပေမယ့် သားသမီးပဲလေဟုသတ်မှတ်ကာ အနည်းငယ်ချစ်ပေးခဲ့နိုင်ပေမယ့် ဒင်းကြောင့် ဒ္ကလေးကြောင့် ငါ့ဘ၀ပျက်ရတယ်ဆိုပြီး အခဲမကျေနိုင်ခဲ့။

လမ်းမလျောက်တတ်လျောက်တတ်အရွယ်မှာ မယားငယ်မနှငိ့ လက်ချင်းချိတ်ပြီး မျက်နှာပြောင်တိုက်ကာ ကလေးလာတောင်းခဲ့သည်။ သူမနှင့်စာရင် မိုးခါး ဟာ သားသမီးအပေါ်တော့ သံယောဇဉ်တွယ်လှသည်။

villain the who care of love  (Completed)Where stories live. Discover now