part -17

10.5K 378 14
                                    

"တော်တော်မှပျော်ရဲ့လား"

"ဟုတ်ကဲ့ ပျော်ပါတယ် "

"ရာရာ ့ကို သက်သက်အရှက်ခွဲတာမေမေ "

နောက်ကနေ ရာရာက သည်းမခံနိုင်စွာထပြောသည်။
သူတို့သားအမိ ဖြစ်ပျက်နေပုံက ဟိုတယ်မှာထဲက ရုပ်ပျက်နေသည်။

ကြည်နူးတဲ့အပြုံးတွေခိုတွဲပြီး စားပွဲပေါ်ပြန်ထိုင်သည့်အထိ ဘွားနဲ့‌အန်တီအေးကလွဲလို့ အကုန်မျက်နှာပျက်နေကြသည်၊ လည်ပင်းကိုအနမ်းပေးထားတာကြောင့် အင်ပါယာ့ လည်ပင်းထက် နှုတ်ခမ်းနီရာကထင်း‌ကျနေသည်၊ ဒါကိုတော့ အင်ပါယာကိုယ်တိုင်မသိရှာ

ရာရာဒေါသတကြီး လှည့်ကြည့်တော့ မှန်ထုတ်ပြီး နှုတ်ခမ်းနီဆိုးပြနေသော ညှို့အား က မဲ့ပြုံးပြုံးပြလိုက်သည်။ဘာတတ်နိုင်သေးလည်းဆိုတဲ့ အကြည့်တွေက ရာရာ့ကိုသိမ်ငယ်စေသည်။သေးနုတ်စေသည်။အန်တီရိုစီကလည်း မနှစ်မြို့သည့်ပုံပင်၊
 
အိမ်ပြန်ရောက်သည်နှင့် တရားစီရင်ရပြန်ပေသည်။

"ညည်းဒီလိုပြင်ဆင်ခြယ်သလာတာ ဘာသဘောလည်း"

"သဘောတရားတွေမေးကြေးဆို မာမီ ကြောင်အိမ်ထဲက မြွေရုပ်အကြောင်းကနေစပြောရမလားဘဲ"

"ငါမေးတာသာဖြေစမ်း"

"ဒါဆို စိတ်ရှည်မှပေါ့ မာမီ relax!!!!'"

Relax ကိုဟန်ပါပါနဲ့ အသံရှည်ဆွဲပြောပြီး ပီကေဝါးနေရင်း ခုံမှာခြေချိတ်ထိုင်လိုက်တော့ ပေါင်ရင်းထိ အသားစိုင်တို့ကို ၀င်းနှစ်စွာပေါ်ထွက်လာသည်။

" ပြသနာတစ်ခုဖြစ်လာပြီဆို side နှစ်ခုစလုံးကို ကြည့်တတ်ရတယ် မာမီ၊ ဥပမာ သမီးကိုပဲစစ်မေးပြီး တခြားသူကို လုံး၀ဥသုန်ယုံကြည်နေတာမျိုးပေါ့"

"ညည်းတော်တော်လျာရှည်ပါလား"

"သမ‌ီး မိထွေးနိုပ်စက်ပေမယ့် မာမီကပိုသာမယ်ထင်တာပဲ"

ခေါင်းထဲရိပ်ခနဲဖြစ်သွားရတဲ့အထိ ယဉ်ကျေးတစ်ယောက်အရှိုက်ထိသွားခဲ့သည်။
နာကြင်ခဲ့ရတာတွေ အပြိုင်ပြောဆိုရင်း စကားနာထိုးမှရမှာတဲ့လား

"နင်မစော်ကားနဲ့"

"မစော်ကားပါဘူး လက်ရှိကိုထောက်ပြရုံပါ,အမှန်တရားတစ်ခုထပ်ပြောပြရမယ်ဆိုရင် သမီးသွေးထဲမှာ မာမီ့သွေးတွေ စီးဆင်းနေတာနော်၊ သွေးသွားမတော်စပ်တာကို ထိပ်ပေါ်တင် အရူးဘုံမြောက်လုပ်မနေပါနဲ့"

villain the who care of love  (Completed)Where stories live. Discover now