part-20

8.3K 329 9
                                    

"အန်တီကို ဒီကိုခေါ်လိုက်ရတာ ရိုင်းပျသလိုဖြစ်သွားလားဟင်"

"အမလေး သမီးရယ် အဲ့လိုတွေမပြောပါနဲ့
အန်တီတို့က သူစိမ်းတွေမှာမဟုတ်တာ"

"ဟုတ်ပါတယ်လေ ဒါပေမယ့် အန်တီ့ကို ပြောစရာလေးရှိလို့ပါ"

သန့်ရှင်းသပ်ရပ်သော ကော်ဖီဆိုင်လေးက တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေသည်။
ဆံပင်တွေကို ခါးထိ ဖြန့်ချရင်း ဘီးကုတ်လေးသာပန်ဆင်ထားတဲ့ ရိုးရာမွန် ဟာ
တကယ့်အဖြူထည်လေးလို၊
လွယ်အိတ်ကြိုးလေးကို
လိမ်ကျစ်ရင်း မျက်၀န်းရွဲကြီးတွေနှင့် အပစ်ကင်းတဲ့ကောင်မလေးပုံစံက သူမအတွက်တော့အလွယ်လေးရယ်

"ပြောလေ သမီး အန်တီဖြင့် ရင်ထိတ်လိုက်တာ သားနဲ့များပတ်သတ်နေလား"

"ဟုတ်တယ် အကို ဒီရက်ပိုင်းကျောင်းတွေမမှန်ဘူး"

"ဟေ!!!!'''

"သမီးကလေ အကို ဘယ်သူ့ကိုပဲရွေးရွေး နားလည်လက်ခံမယ့်သူပါ၊ ဒါပေမယ့် အကိုဖြစ်ချင်တဲ့ လမ်းကြောင်းကိုတော့ မပျက်စီးစေချင်ဘူး"

"အန်တီ့သား ဒီရက်ပိုင်း မူပျက်နေတာတော့သိပါတယ်၊ ဒါပေမယ့် ကျောင်းတွေပျက်လောက်ရတဲ့ထိတော့ အန်တီမသိခဲ့ဘူး၊
သမ‌ီးဒီလိုပြောပြပေးတာတော်တော်ကိုကျေးဇူးတင်ပါတယ်ကွယ်"

"အန်တီကလည်း ရာရာက အကို့ ကိုရော
အန်တီကိုရော စိတ်မညစ်စေချင်ရုံပါ၊ ပြီးတော့ ရာရာ့စေတနာကို အကို တလွဲထင်မှာ
စိုးရတယ်"

"အန်တီနားလည်ပါတယ် ၊သမီးကို အထင်မလွဲစေရဘူး၊ ဒီစကားတွေကို အန်တီပြန်
မပြောပါဘူးနော် သမီး"

သူမလက်ဖျားလေးတွေစုပ်ကိုင်လာရင်း ဒေါ်ရိုစီဟာ ကျေးဇူးတင်ကြောင်းအခါခါပြောဆိုရင်း အင်ပါယာကို သူမ နဲ့ပဲသဘောတူကြောင်း ပြောနေခဲ့သည်။
ဒါဟာ သူမရဲ့ ခြေလမ်းအစပင်......

.............

"ဒီလက်ဖျံကိစကိုရှင်း"

"ဟာ ကိုကလည်း ဒါကသက်သက်ဒဏ်ရာပါဆို"

"ညှို့အားရယ် ဒီဟာက markin ရာကြီးလိုပဲနော်"

"ဟုတ်တယ် သူများကိုက်ထားတာ"

villain the who care of love  (Completed)Where stories live. Discover now