Part (12) Uni/Zawgyi

25.1K 757 45
                                    

ပြန်လိုချင်တယ်

အပိုင်း (12)

ခင်သက် ဒီနေ့ လူလည်းပင်ပန်းပြီးစိတ်လည်းမကြည်တဲ့အပြင် ဆိုင်ကိုလည်း ၁၅မိနစ်မျှနောက်ကျပြီးမှရောက်လာခဲ့သည်။ ဆိုင်ထဲကိုရောက်တော့လည်း ဆိုင်ကကလေးတွေကခင်သက်လာတာနဲ့တစ်ပြိုင်နက်တည်းလာလှည့်ကြည့်ကြသည်။ ခင်သက်ရဲ့အတွေ့အကြုံအရ ဒီကလေးတွေခင်သက်မလာခင် ခင်သက်အကြောင်းပြောနေကြတာပဲဖြစ်ရမည်။

ခင်သက် သူတို့ကို ဘာမှမမေးနေတော့ဘဲ သူမရဲ့ရုံးခန်းထဲသို့အဝင်မှာပဲ သူမရဲ့ဆလင်းဘတ်အိတ်ထဲကဖုန်းမြည်သံကြောင့် ထုတ်ကြည့်ပြီး ရုံးခန်းတံခါးပြန်ပိတ်လိုက်သည်။ ဖုန်းဆက်သူက ယမင်းလွင်ဖြစ်နေပြီးခင်သက်လည်းသူမရဲ့အလုပ်စားပွဲရှေ့မှာထိုင်လိုက်ကာဖုန်းကိုလက်ခံပြောဆိုလိုက်သည်။

"ခင်သက်တင်...ငါနင့်ကိုဒီလောက်သတိပေးနေတာကို နင်မထိန်းဘူးနော် အခု အဲ့ဒီကောင်ကသူ့ကုမ္ပဏီပေါ်ပါခေါ်တင်နေပြီ မြင်လား"

ဖုန်းကိုင်လိုက်ကတည်းက လူကိုအော်လားငေါက်လာနဲ့ဆူနေသော သူငယ်ချင်းဖြစ်သူကြောင့် ခင်သက်မှာဘာမှပြန်မပြောနိုင်ဘဲ နားမလည်စွာနဲ့ငြိမ်ငြိမ်ကလေးနားထောင်နေရသည်။

"နေပါဦး ငါ့ကိုလည်းအကျိုးအကြောင်းလေးပြောပြီးမှ နင်ရန်ထောင်ချင်ရင်ထောင်ပါဟယ် ပင်ပန်းရတဲ့ကြားထဲ"

"နင်ကမသိသေးတာလား ခင်သက်တင်ရေ ငါ့အနားမှာသာရှိရင်နင့်ကို ဂုတ်ပိုးတစ်ချက်လောက်အုပ်မိမယ်ထင်တယ်သိလား စိတ်ညစ်တယ် နင့်ယောက်ျားသတင်းတွေလည်းဖွင့်ကြည့်ပါဦး ဒီမနက်လေးအတွင်းမှာတင် ပလူကိုပျံနေတာပဲ"

နေပိုင်ထွဋ်အကြောင်းဆိုတာသိလိုက်ရပြီးနောက် ခင်သက်ရဲ့မကြည်တဲ့စိတ်တွေနောက်သည်ထက်ပိုနောက်လာရတော့သည်။

"ဒါပဲ ဒါပဲ ငါအားတဲ့ချိန် Message ပို့ထားမယ်ငါတို့တွေ့ကြဦးစို့"

ယမင်းလွင်က ခင်သက်အစားစိတ်တိုနေလျှက်ဖုန်းချသွားသည်။

ခင်သက်အတွက် Social Media သုံးဖို့ဆိုတာညဘက်သာအချိန်ရတာဖြစ်ပြီး မနေ့ညကလည်းနေပိုင်ထွဋ်ကြောင့် ပြဿနာပေါင်းစုံနဲ့အိပ်လိုက်ရသလို မနက်ကလည်းရန်ဖြစ်ခဲ့ရတာမို့ အခုမှ Facebook ကို ဖွင့်ကြည့်ရတာဖြစ်သည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now