Part (18) Uni/Zawgyi

21.7K 702 145
                                    

ပြန်လိုချင်တယ်

အပိုင်း (18)

"မြန်မြန်ဝင် မဝင်ရင်လည်းခြံတံခါးပိတ်တော့မယ်"

ခင်သက်က သူမကိုပြန်ချေပဖို့စဥ်းစားနေသော နေပိုင်ထွဋ်အား ကားကိုခြံထဲမြန်မြန်သွင်းဖို့တိုက်တွန်းလိုက်သည်။

နေပိုင်ထွဋ်လည်းကားပေါ်တက်ပြီးကားကိုအရင်ခြံထဲသို့ရွှေ့လိုက်ပါသည်။ ခင်သက်ကတော့သူ့ကားဝင်ပြီးတာနဲ့ခြံတံခါးကိုသေချာသော့ခက်ပြီး ကားနောက်ကနေလိုက်လာခဲ့ပါသည်။ အိမ်ရှေ့မှာ မေမေနဲ့မမမာလာကစောင့်နေပြီး မေမေကတော့ ကားပေါ်ကဆင်းလာတဲ့နေပိုင်ထွဋ်အားဝမ်းပန်းတသာနှင့်ကြိုပါတော့သည်။

"သား မောင်နေပိုင်ထွဋ် ခင်သက်ကပြောတော့မအားလို့မလာတော့ဘူးဆို မေမေကစိတ်မကောင်းနေတာ အခုတော့ညတွင်းချင်းတောင်လိုက်လာပါလား"

ခင်သက်သည် နေပိုင်ထွဋ်ဘေးမှာရပ်လိုက်၍ မာလာ့ကိုခြံသော့အရင်ပေးလိုက်သည်။

"ဟုတ်တယ် ကျွန်တော်လည်းအလုပ်တွေမနိုင်တာနဲ့ ဒါပေမဲ့ခင်သက်ကညအိပ်နေမယ်ဆိုတော့ကျွန်တော်လည်း မေမေတို့အိမ်လာဖို့မအားအားအောင်အလုပ်တွေဖျက်ထားခဲ့လိုက်တော့တာ အဟင်း...မိသားစုကပိုအရေးကြီးတာပေါ့ဟုတ်တယ်မလား"

နေပိုင်ထွဋ်သည် ခင်သက်ကိုပုခုံးကနေဖက်လိုက်ရင်း ဒေါ်ချောစုစိတ်ချမ်းသာအောင်သရုပ်ဆောင်ကောင်းစွာအရမ်းချစ်ကြတဲ့စုံတွဲပုံစံလုပ်နေသည်။

မမမာလာကတော့ဟိုတလောကသတင်းကိုကောလဟလလို့ဖြေရှင်းထားပေမဲ့ နေပိုင်ထွဋ်အားဟိုးအရင်ကလိုမျိုးကြည်ကြည်ဖြူဖြူမကြိုဆိုပါ။

"လာလာအထဲဝင်ကြ ခင်သက်ကလည်း ကိုယ့်ယောက်ျားကိုသေချာမခေါ်ဘူး"

မေမေကပဲအိမ်ထဲသို့ဦးဆောင်ခေါ်သွားပြီး ရောက်ကတည်းကမျက်နှာကငြူဆူနေသောခင်သက်ကိုအပြစ်တင်နေပြန်သည်။

"ခင်သက်က ကျွန်တော်လိုက်မလာဆိုပြီးစိတ်ကောက်နေတာဖြစ်မယ် အခုကိုယ်ကမင်းရှေ့ရောက်နေပြီလေ"

ခင်သက်သည် သူ့ကိုငုံ့ပြီး ကုပ်ဖဲ့ချင်စရာကောင်းတဲ့အဲ့ဒီချိုသာသောမျက်နှာထားနဲ့ လာပြောနေသည်အား နှာခေါင်းရှုံ့၍ ပုခုံးပေါ်ကလက်ကိုလည်းဖယ်ချလိုက်သည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now