အခန်း (၉)

9.7K 328 28
                                    

မနက်နိုးလာတော့ တာရာ့ တကိုယ်လုံးကိုင်ရိုက်ထားသလို ကိုက်ခဲနာကျင်နေသည်။ ဒါဟိုလူကြီး မညှာမတာကိုင်ဆွဲစောင့်ထားလို့ပဲနေမယ် နဂိုထဲကမှ သူဖျားတုံးက ပြုစုပေးရင်း ကိုယ်ပါဖျားနေပါတယ်ဆို.....
အခန်းထဲ လှည့်ပတ်ကြည့်လိုက်တော့လဲ စားစရာက ဘာမှသိပ်မကျန်တော့ ဆေးတွေလဲ ဒီမနက်တခွက်သောက်ပီးရင် ကုန်ပီ....မတတ်နိုင်ဘူး မရရအောင်တော့ အသက်ရှင်ဖို့ကြိုးစားရမှာပဲဆိုပီး အားအင်လက်ကျန်လေးနဲ့ မနဲအောက်ကိုဆင်း...မျက်နှာသစ် တခါထဲ ပိုက်ဆံအိတ်ပါယူခဲ့ပီး လမ်းထိပ်မှာ ဆေးတွေ မုန့်တွေဝယ်ဖို့ ထွက်ခဲ့လိုက်တယ်။ ဟိုလူဖျားနေထဲက အလုပ်တွေဆိုတာလဲ ခွင့်ယူထားရတာ ခုဆို တပတ်ကျော်ပီ အလုပ်ပြန်မဆင်းနိုင်သေး....တော်သေး အရင်က စုထားဆောင်းထားတာလေး အနည်းငယ်ကျန်သေးလို့ပေါ့။ အတွေးပေါင်းစုံနဲ့ လမ်းထိပ်ကို မလဲကျအောင် ကြိုးစားပီး ထွက်လာတုံး တွေ့ပါပီ ဟိုလူ့ကား..... မမြင်ချင်ယောင်ဆောင်ထားတာအကောင်းဆုံးပဲ

မဟာ မနေ့ညထဲက အိမ်ပြန်မအိပ်ဖြစ်။ မနက်ကျမှ အိမ်ကနေ အရေးကြီး file တခုကျန်ခဲ့လို့ ရေချိုးရင်း ကိုယ်တိုင်ပြန်ယူဖို့ အပြန်.. အိမ်နားရောက်ခါနီးမှာ သူနဲ့မျက်နှာချင်းဆိုင်ရာကနေ တရွေ့ရွေ့လာနေတဲ့ ပုံရိပ်လေးတခု....ဒီရပ်ကွက်ထဲမှာ လမ်းလျှောက်သူဆိုလို့ မနက်ခင်းလောက် ညနေခင်းလောက်သာရှိသည်မလို့ ဒီချိန်လမ်းလျှောက်ထွက်ရအောင်လဲ နေမြင့်နေပီ....ပီးတော့ အနည်းငယ်နီးတော့ကြည့်လိုက်တော့ လမ်းလျှောက်ထွက်လာတဲ့ပုံစံလဲမဟုတ်...မဟာ သိပ်စပ်စုတတ်လှတယ်မဟုတ်ပေမယ့် ပုံစံက ဟိုငတိမနဲ့တူနေတာမလို့ ကကိုတလိမ့်ချင်းမောင်းရင်း သိစိတ်ကရော မသိစိတ်ကရော မသိမသာလှမ်းရှိုးနေမိသည်။ သေချာရှင်းရှင်းလင်းလင်းမြင်ရတော့မှ...
ဘာလား လူကြည့်တော့ ခုပဲ လဲကျတော့မယ့်ပုံနဲ့ သူ့မြင်တာတောင် မမြင်ချင်ယောင်ဆောင်သွားတဲ့ ငတိမ။ ညက ကိစ္စကြောင့် သူ့ကိုစိတ်ဆိုးနေတာနေမှာပေါ့။ ဆိုးလဲ ဆိုးလေ စိတ်ဆိုးရုံမက လဲပါသေသေ မဟာတို့က အာရုံကိုမလာဘူး။ ခုလဲ လမ်းဘေးလဲနေရင်တောင် ကားပေါ်တင်ခေါ်ဖို့စိတ်ကူးမရှိ.....
ဟိုလူ့ကားမှန်းသိလို့ တမင်မကြည့်ပေမယ့် ရှင်းလင်းနေတဲ့လမ်းမှာ မြင်ဖြစ်အောင်မြင်နေရသေးသည်။ အဲ့လူကလဲ သွားစရာရှိတာမြန်မြန်ဆန်ဆန်မသွားဘဲ ကားကို တလိမ့်ချင်းဘာလုပ်နေမှန်းမသိဘူး သူနဲ့မတွေ့ချင်ပါဘူးဆိုမှ...တာရာတွေးရင်း မျက်နှာကို ခပ်တည်တည်ဖြစ်အောင် တင်းထားရင်း ရှေ့တည့်တည့်သာကြည့်ကာ ခပ်သုတ်သုတ်လျှောက်လာခဲ့လိုက်သည်။ တော်သေး သူလဲ သူ့လမ်းနဲ့သူမလို့ သူမကိုကျော်ပြီးတဲ့အခါမှာတော့ သူ့ဘာသာသူ မောင်းစရာရှိတာမောင်းသွားတော့သည်။
တာရာ ရပ်ကွက်ထဲကထွက်ပီး အရင်တခါဝယ်တဲ့ဆေးဆိုင်နဲ့ မုန့်ဆိုင်မှာ ဝယ်စရာရှိတာတွေဝယ်ပီး ပြန်လာတော့ အိမ်နဲ့အတော်လှမ်းတဲ့နားမှာ နားတွေအူပီး မျက်လုံးတွေပြာလာသည်။ ဆက်ကိုလှမ်းလို့မရတော့ အိမ်ရောက်ဖို့ကလဲ လမ်းလျှောက်လာတာမလို့ အတော်လိုသေးသည်။ ကိုယ်တွင်းသကြားဓာတ်နဲသူပီပီ ခုလိုနေမကောင်းတဲ့ကာလမျိုးဆို သကြားဓာတ်က ရုတ်တရက်ထိုးကျပီး မူးဝေပြာတောက်လာတတ်သည်။ သာမန်ရက်တွေတောင် အစာကိုအမြဲသတိနဲ့စားနေရတာ ခုလိုနေမကောင်းတော့ ပိုဆိုး..မနက်ကလဲ ဘာမှမစားလာရသေးတာမလို့ တော်တော့်ကိုခံရခက်သည်။ အိမ်နဲ့ကလဲအတော့်ကို လှမ်းသေးသည်မလို့ အနီးအနား ကားကြုံရှိမလားလိုက်ရှာတော့ ကံအတော်မျက်နှာသာပေးသည်ဆိုရမည် ကားတစီးမှမတွေ့။ လမ်းပေါ်တော့ လဲကျမနေနိုင်တာမလို့ လမ်းဘေးက ဓာတ်တိုင်အောက်ကို အမြန်ပြေးကာ ထိုင်လိုက်ရသည်။ ထိုင်ပီး ခေါင်းကို တုပ်ထားတဲ့ ဒူးနှစ်လုံးပေါ်တင်ထားတုံးမှာပဲ မိုးရေစက်တွေက အတားအဆီးမရှိကျလာသည်။ ကံကိုစိတ်ပျက်နေချိန်မရှိသေး လုံးဝသတိလစ်မသွားဖို့နဲ့ အမူးသက်သာအောင်မနဲလုပ်နေရသည်။ ပါမုန့် ဟုတ်တယ် ပါမုန့်အချိုတခုခု ဝင်အောင်အမြန်စားရမယ်ဆိုပီး ဝယ်လာတဲ့အိတ်ထဲကနေ ပါမုန့်တခုအမြန်ထုတ်ပီး မိုးရွာထဲပဲ အမြန်ဝါးစားလိုက်သည်။ အစာဝင်ပီး ၁၀ မိနစ်...၁၅ မိနစ်လောက်ကြာမှ ခုနက ပြာတောက်နေတဲ့အမြင်တွေနဲနဲချင်း ရှင်းလင်းလာတော့သည်။ ဒါတောင် ထလို့မရသေး ခြေထောက်တွေက တုန်သလိုလို ထုံနေသလိုလို အားယုတ်နေသေးတာမလို့ ခနတော့ ဆက်ထိုင်နေရသေးသည်။ တော်သေး မိုးက ကျရုံလောက်သာကျပီး အရမ်းမသည်းသည်မလို့ပေါ့....

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now