အခန်း (၁၁)

9.6K 343 12
                                    

ဧကရီ ထွက်သွား​ပီး သူလဲ အလုပ်ထဲပဲ စိတ်နှစ်ထားလိုက်ရသည်။ အရင်ရက်တွေက စက်ရုံသစ်ဖွင့်ဖို့အလုပ်များနေတာတွေကြောင့် သူငယ်ချင်းတွေနဲ့ပင် မဆုံဖြစ်...ဒီနေ့တော့ မင်းသိန်းရဲ့ကောင်မလေးမွေးနေ့မလို့ နေ့လည်စာတူတူစားကြမည်ဆိုတာကြောင့်သူတို့ချိန်းတဲ့ဆီကို မောင်စိုးကိုလိုက်ပို့ခိုင်းလိုက်ရသည်။ တလမ်းလုံး laptop တလုံးနဲ့ အလုပ်ရှုပ်လာတာ ဘယ်ဆိုင်သွားနေမှန်းလဲမသိ...ရောက်ခါမှ ဟင်...ဟိုငတိမ အလုပ်လုပ်တဲ့ဆိုင်ပါလား...မလာချင်ပါဘူးဆိုမှ တည့်တည့်ထပ်ရောက်လာရသည်။ ဟိုနေ့ညပီးထဲက သူမနဲ့လဲထပ်မတွေ့ဖြစ်သေး.....ကားပေါ်က မဆင်းချင်ဆင်းချင်နဲ့ဆင်းပီး ဆိုင်ထဲ မဝင်ဘဲ ပြန်ထွက်ရမလား စဥ်းစားနေတုံး ဝေယံတို့လင်မယားလဲရောက်ချလာကာ ပြန်ထွက်မရတော့။
"ဘာလဲ ဧကရီ့ကိုလွမ်းနေတာလား"
အမြဲစနောက်တတ်တဲ့ ဝေယံက သူတို့ကိုကြည့်ပီး ဒွိဟဖြစ်နေတဲ့ပုံနဲ့ မဟာ့ကို စလိုက်သေးသည်။ သူထင်တာ သူတို့က လင်စုံမယားဖက်လာတာမလို့ မဟာလဲ သူ့အတွဲကို သတိရနေတာလားပေါ့.....
"မဟုတ်ပါဘူးကွာ အလုပ်များနေလို့ပါကွာ မင်းသိန်းကော ရောက်ပီလား"
"လာလိမ့်မယ် traffic နဲ့ငြိနေလို့တဲ့ မလာဘဲတော့မနေပါဘူး သူချိန်းတဲ့ဥစ္စာ"
"အေးပါကွာ ဝင်ပီးစောင့်ကြတာပေါ့ အဲ့ဆိုလိုလဲ"
ပြန်လှည့်မရမယ့်တူတူတော့ ဝေယံတို့နဲ့အတူဆိုင်ထဲဝင်လိုက်ရတော့သည်။ ဒီနေ့တော့ မဆိုးဘူး ဝန်ဆောင်မှုပေးတဲ့ waiter လေးက တခြားတယောက် ဟိုငတိမ မဟုတ်.....တော်ပါသေးရဲ့လို့တွေးနေတုံး....မျက်နှာချင်းဆိုင် ဝိုင်းကို ကောင်လေး ၅ ယောက်လာဝင်ထိုင်တာတွေ့လိုက်ရသည်။ ခနအကြာတော့ ရောက်လာတဲ့ဧည့်သည်တွေကို ဝန်ဆောင်မှုပေးဖို့ ဟိုငတိမပေါ်လာသည်။ သူ့ကိုတော့ မြင်သလားမမြင်သလားမသိ သူ့အလုပ်သူအေးဆေးလုပ်နေတာတော့ တွေ့ရသည်....သူကတော့ မမှတ်မိချင်လဲ မှတ်မိနေသည်။ မှတ်ဖို့ကိုင်နေကြစာအုပ်နဲ့ကို လက်တဖက်နဲ့ကိုင်ထားပီး ကျန်လက်တဖက်က ဘောပင်ကိုင်ထားပီး မှတ်ဖို့အဆင်သင့်ပြင်နေတော့ ဘာရယ်မဟုတ် မျက်လုံးက သူမလက်ကို ကြည့်မိလိုက်သေးသည်။ စာအုပ်ကိုင်ထားတဲ့လက်ကို ပတ်တီးတော့ စည်းမထားတော့ပေမယ့် ပလာစတာ ကြီးကြီးတခုတော့ လက်ဖဝါးမှာကပ်ထားသေးသည်။ ဖြစ်ထားတဲ့လက်က ဘယ်ဘက်ဆိုတာ​င် သူခုမှသိတဲ့အဖြစ် ဟိုနေညက သတိမထားမိတော့ ဘယ်ဘက်လက်မှန်းမသိ ခုမှ.... ဖြစ်တာက ဘယ်လက်မလို့ စာရေးရတာ အခက်ခဲမရှိပေမယ့် notebook ကိုင်ထားဖို့တော့ အခက်ခဲ ဖြစ်နေသည်။ အဲ့တာကို ဧည့်သည်ထဲက ခပ်ငယ်ငယ် ကောင်လေး နှစ်ယောက်ကကြည့်ကာ ထိကပါးရိကပါးစချင်နေပုံရသည်။ ဝိုင်းချင်းက သိပ်မဝေးတာမလို့ ပြောသမျှ ဆိုသမျှတွေ အကုန်ကြားနေရသည်။ ငတိမက mask တော့ တပ်ထားပေမယ့် ဖြူဖွေးတဲ့အသားရေ ခန္ဓာကိုယ်ပေါ်မှာလဲ သူ့နေရာနဲ့သူရှိတဲ့ အစိတ်အပိုင်းတေနဲ့ ဆံနွယ်ညိုတွေကို pony tail စည်းထားပုံက သူ့အတွက်တော့ ဘာမှခံစားမရပေမယ့် သူများအမြင်မှာတော့ ချစ်ဖို့ကောင်းနေသည်လားမသိ.. ဝေယံတို့ မင်းသိန်းတို့ပြောတာတွေကို ဟန်မပြတ် နားထောင်ရင်း ဟိုဘက်ဝိုင်းကို မသိမသာလှမ်းရှိုးနေမိသည်။
"ညီမလေး အရွယ်ပဲ ရှိဦးမယ် ထင်တယ်....အသက်က ဘယ်လောက်လဲ"
"မှာဖို့ အဆင်သင့်ဖြစ်ရင် ကျမတခေါက်ပြန်လာခဲ့ပါမယ်"
ဆိုပီး ရှောင်အထွက် လက်ရဲဇာတ်ရဲ ရှိတဲ့ ကောင်လေးတယောက်က သူမလက်ကို လှမ်းဆွဲလိုက်သည်။ အနဲငယ် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တာမလို့ ဝေယံတို့ မင်းသိန်းတို့တောင် လှည့်ကြည့်ကုန်ပီ သူတိို့ကောင်မလေးတွေကတော့ ပြောမနေနဲ့တော့ မိန်းမတို့ထုံးစံအတိုင်း ပွဲဟေ့ဆို ရှေ့ဆုံးက သိချင်တာမလား.....
"​​ေ​ကျးဇူးပြုပြီး ကျမလက်ကို လွှတ်ပေးပါ....."
"စိမ်းလှချည်လား ကိုယ်တို့က ဒီက regular customer တွေပါ....ဒီတိုင်းခင်ချင်လို့ရယ်"
"ခင်ရုံတင်မကပဲ နောက်ကျရင်တော့ ချစ်ရင်ချစ်မိမှာပေါ့ ဟိဟိ"
ထိကပါးရိကပါးပြောနေတာတွေက ခပ်တိုးတိုးပေမယ့် မဟာ အတိုင်းသားကြားနေရသည်။ တော်တော်ကြာတဲ့ထိ သူမဘက်က ဘာအသံမှ ထွက်မလာသေး....သူမဘာပြောမလဲ ဆက်စောင့်ကြည့်နေမိသည်။ အတန်ငယ်ကြာတော့မှ သူမကိုဆွဲထားတဲ့လက်ကို အားနဲ့စောင့်ရုန်းကာ
"ကျမက အိမ်ထောင်ရှိတဲ့ အမျိုးသမီးပါ...."
အေးဆေးတည်ငြိမ်စွာဖြေလိုက်တဲ့ သူမစကားကြောင့် ဟိုကောင်လေးတွေလဲ အားတုံ့အားနာဖြစ်ပီး တောင်းပန်ကာ လက်ကို အသာလွှတ်ပေးလိုက်တော့သည်။ ခနနေတော့ ဟိုဘက်က ကောင်လေးဝိုင်းကို မှာထားတာတွေချပေးတဲ့သူက ခုနက သူတို့ကို ဝန်ဆောင်မှုပေးနေတဲ့ waiter လေး....မဟာတို့ဝိုင်းကိုတော့ စားသောက်ဖွယ်ရာတွေတင်ထားတဲ့ တွန်းလှည်းကိုတွန်းလို့ ငတိမ ရောက်လာသည်။ လူလဲလိုက်ပုံရသည်။ သူမကတော့ အေးအေးဆေးဆေးပင် သူမအလုပ်ကိုလုပ်ကာ ပန်းကန်တွေ နေရာတကျ ချပေးအပြီး ထွက်သွားမယ်အလုပ်.....မင်းသိန်းက ထပီး
"ညီမလေး ညီမလေး...."
"ဟုတ်အကို ဘာများလိုအပ်လို့လဲမသိဘူးရှင့်"
"အဟီး....မလိုအပ်ပါဘူး သိချင်တာလေးရှိလို့....."
"ဟုတ်ကဲ့......"
"ညီမလေးက အိမ်ထောင်နဲ့ဆို ခုနက ပြောတာ ကြားလိုက်လို့...."
"အော်....ဟုတ်ကဲ့"
"အမျိုးသားကရော ဘယ်ကလဲ .....ညီမလေးကို တနေရာမှာ မြင်ဖူးနေသလိုပဲ မလို့ပါ....mask လေးချွတ်ပြပါလား...."
"အမျိုးသားက ဟိုးးးးးအဝေးကြီးမှာပါ .....mask ကတော့ ဆိုင်က စားသုံးသူတွေရဲ့ ကျန်းမာရေးကို အလေးထားတဲ့အနေနဲ့ မချွတ်ဖို့ တင်းကြပ်ထားလို့ပါ စိတ်မရှိပါနဲ့နော်...."
"Awww အင်းပါ အင်းပါ လူလွဲတာနေမှာပါ...."
သူမထွက်သွားတော့ မေဖြူကထပီး
"ဘာလဲ ကို့ ex နဲ့တူလို့လား...."
"အာ ဘယ်ကဟုတ်ရမှာလဲ စားပွဲထိုးနဲ့တွဲစရာလား.....မသိဘူး စိတ်ထဲ ​မြင်ဖူးနေသလိုရှိလို့ စားစား....အရေးမကြီးဘူး.."
မင်းသိန်းစိတ်ထဲတော့ တနေရာမှာတွေ့ဖူးသလိုရှိပေမယ့် စိတ်ထဲ ဖော်မရ ဆက်ပြောနေရင် မေဖြူစိတ်ကောက်မည်စိုးတာမလို့ အစားသာဆက်စားနေလိုက်တော့သည်။
မင်းသိန်း စပ်ဆော့ပီး mask ချွတ်ခိုင်းတော့ မဟာ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားတာတော့အမှန်.....ဘာနေနေ ဘယ်လိုပဲ မဆိုင်ဘူးပြောပြော ဒီလိုနေရာမှာ ဒီလိုအနေအထားနဲ့တော့ မဆုံစေချင်....ခု​တောင် မင်းသိန်းပြောတဲ့ စားပွဲထိုးနဲ့ တွဲစရာလားဆိုတဲ့ စကားက သူ့အရှိုက်ကိုတည့်ထိစေခဲ့သည်။ သူကတွဲရုံတင်မဟုတ် ယူပါထားရတာမလား...... အတွေးစကိုမနဲ ဖြတ်ကာ စကားဝိုင်းထဲ ဝင်ပါရင်း အမြန်ပြန်ပါစေပဲ ဆုတောင်းနေမိတော့သည်။

အခန်းထဲကို တာရာဝင်လာတော့ အလုပ်စားပွဲမှာ ထိုင်နေတဲ့ သူ့ကိုတွေ့လိုက်ရသည်။ ပုံမှန်ဆို တာရာအလုပ်က ပြန်လာတိုင်း သူရှိမနေ။ ခု​တော့ ပက်ပင်းကြီးကိုတိုးပီ။ တာရာ အမြန်ပဲ အခန်းထဲဝင်မယ်အလုပ်....
"နေဦး..... မင်းကို ပြောစရာရှိတယ် ဒီနားလာခဲ့"
ဘာတွေပြောမယ်မှန်းမသိပေမယ့် ခေါ်နေတာမလို့ သူ့စားပွဲနားသွားကာ ရှေ့မှာရပ်လိုက်တော့သည်။
"မင်း အဲ့အလုပ်က ထွက်လိုက်တော့..."
"ဟင်..."
ဆိုင်း မဆင့် ဗုံမဆင့်ပြောလာတဲ့စကားကြောင့် တာရာ အံ့သြသွားသည်က အမှန်....
"ဘာကြည့်နေတာလဲ မကြားဘူးလား ပြောနေတာ"
"ကြားပါတယ်....ဒါမဲ့ ရာရာက ဘာလို့ထွက်ရမှာလဲ အဲ့အလုပ်က ရာရာခက်ခက်ခဲခဲနဲ့ရထားတာလေ"
"မင်းအဲ့လောက်မပိန်းစမ်းနဲ့ မင်းကို ငါ့သူငယ်ချင်းတေ တရက်..မှတ်မိသွားရင် ငါ့သိက္ခာအကြီးကြီးကျပီ"
"ဆိုင်တွေအများကြီးပဲ ဦးနေမင်းမဟာရယ် တခြားဆိုင်တွေလဲ ရှင်တို့တတ်နိုင်နေတာပဲ ကျမက ဒီအလုပ်ပဲရှိလို့ပါ"
"အပိုတွေမကြားချင်ဘူး ထွက်ဆိုထွက်....မင်းရတဲ့လုပ်ခထက် ၂ ဆပေးမယ် ထွက်လိုက်"
"၂ဆ....?"
"ဘာလဲ နည်းလို့လား ဘယ်လောက်လိုချင်လဲ မင်းပြော ငါပေးမယ်"
"တ​ပြားမှ မလိုချင်ဘူး ဦးနေမင်းမဟာ....ရာရာကိုယ့်ဘာသာရှာတဲ့ငွေပဲလိုချင်တယ်...."
"အော် မင်းက ငွေပေးပါမယ်ဆိုတာတောင် ဇွတ်ငြင်းနေတာ ငွေထက်ပိုကြိုက်တာ ရှိနေပုံရတယ်"
"ဦးနေမင်းမဟာ ဘာကိုဆိုလိုချင်တာလဲ"
"ယောက်ျားတရုံးရုံးနဲ့ နေချင်နေတာမလား....ဆွဲလားရမ်းလား သိပ်ကြိုက်နေတယ်လား"
"...."
ဒီနေ့ အဖြစ်အပျက်ကို အစအဆုံးမြင်လိုက်မှာ သေချာတာမလို့ တာရာ့ဘက်က ပြန်ပြောစရာဘာမှမရှိ....ဒါကလဲ အလုပ်စဝင်တဲ့ချိန်ထဲက ခု ၂ လနီးပါးအတွင်း ပထမဆုံးကြုံတဲ့အဖြစ်အပျက်.....
"မင်းကို စဥ်းစားခိုင်းနေတာမဟုတ်ဘူး အမိန့်ပေးနေတာ....ထွက်ဆိုထွက် မထွက်ရင် ငါ့အဆိုးမဆိုနဲ့"
ပြောဆိုပီး သူမဆီက အကြည့်လွှဲကာ laptop ကိုကြည့်နေတဲ့ သူ့ကို တာရာခနကြည့်လိုက်ပီး ရှေ့ကနေထွက်ခဲ့လိုက်တယ်.....သူတို့လိုလူတွေက လိုချင်တာကို မရရအောင်လုပ်တတ်ကြတာမလား.....ခုလဲ တာရာသာအလုပ်မထွက်ရင် တခုခုဆိုးဝါးတာလုပ်မှာသေချာတယ်.....တာရာလဲ ဘာမှဆက်မတွေးတတ်တော့ပေ.....

#နဲဲသွားတာ သိပါတယ် ဒီနေ့ တကယ်ကြီးမအားနေလို့ပါ နောက်နေ့အများကြီး အလောင်ကြီးတွေရေးနေလို့လဲပါတယ် stay tuned for more 😍😍

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now