Interlude
5.2K 172 37
အရင်ဆုံး မိတ်ဆက်ရရင် ကျမက ဒီဝတ္ထုလေးရေးတဲ့သူပါ (စာရေးသူ/စာရေးဆရာရယ်လို့တော့ နာမည်မခံရဲပါဘူး အဲ့လောက်လဲ သေချာမကျွမ်းကျင်လို့ပါ) ဒီဝတ္ထုက ကျမရဲ့ ဒုတိယမြောက်ဝတ္ထုပါ။ တချို့သောအနည်းငယ်များမှတ်မိမလားမသိဘူး လွန်ခဲ့တဲ့ ၈လလောက်က telegram မှာ ဝတ္ထုတပုဒ်တင်ဖူးတဲ့သူပါ...When the vengence is justified ဆိုတဲ့ နာမည်နဲ့ပါ....(ဇာတ်လမ်းက ထင်မှတ်မထားတဲ့ ဇာတ်သွားမလို့ feedback ကောင်းကောင်းတွေတော့ ပြန်ရခဲ့ပါတယ်) အဲ့ဝတ္ထုလဲ ဖတ်ချင်ရင် နောက်ပိုင်းတင်ပေးပါမယ်။ ရှည်တော့ရှည်တယ်။
ခုပြောချင်တာက ခုမှလာမှာပါ....ကျမက မနက် ၇ နာရီထဲကနေ ည ၈ နာရီထိအလုပ်လုပ်ရတဲ့သူတယောက်ပါ တပတ်ကို ၇ ရက်နီးပါးအလုပ်လုပ်ရပါတယ်....အဲ့တော့ တချို့ရက်တွေ အရမ်းပင်ပန်းနေလို့ သိပ်မရေးနိုင်ရင် နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အချိန်ရှိတာပဲ ရေးလို့ရတယ်ဆိုပေမယ့် အရမ်း ပင်ပန်းလာရင် ခေါင်းထဲက ဘာမှထွက်မလာတော့လို့ပါ။ အဲ့အတွက်ကြောင့် အပိုင်းတိုတာတွေ ပေါ့သွားတာတွေရှိရင် တောင်းပန်ပါတယ်နော်။ အမြဲတော့ အချိန်လုပီး ရေးနေပါတယ် ရှည်ရှည်လေးတွေရေးပေးဖို့လဲ အမြဲကြိုးစားနေတာ သိထားပေးပါနော်။
ကိုယ်ရေးနေတဲ့ work လေးတခုကို အားပေးတဲ့သူတွေရှိတာ အတိုင်းမသိဝမ်းသာပါတယ်။ ဆက်ပီးအားပေးဖို့လဲ တောင်းဆိုချင်ပါတယ်။ comment လေးတွေ အမြဲဝင်ဖတ်ပီးလဲ feedback လေးတွေကို အမြဲနားထောင်နေပါတယ် အကုန်လုံးကိုလဲ စိတ်ထဲမှတ်ထားပါတယ် ဝေဖန်တာ အကြံပြုတာအကုန်လုံးကိုပါ။
ဒီဝတ္ထုဖတ်ရင်း ပိုခံစားချင်ရင် Ben Cocks ရဲ့ So cold ဆိုတဲ့ သီချင်းလေးကို အရင်နားထောင်ပေးပါလို့ 😁 ငိုမိရင်တော့ မတတ်နိုင်ဘူးနော် နောက်ပိုင်းလဲ ဝတ္ထုထဲ အဲ့သီချင်းလေး ထည့်ဖို့ စိတ်ကူးထားပါတယ်.....
ကဲ ကျေးဇူးတင်ရမယ့်အရာတွေကတော့အများကြီးပေမယ့် ခုလောက်ထိ တူတူဖတ်ပေးတာကိုပဲ အတိုင်းမသိဖြစ်နေပါပီ။ Zawgyi နဲ့ တင်တာတွေလဲမရဘူးပြောတဲ့သူရှိနေလို့ (ရတယ်ပြောတဲ့သူလဲရှိလို့လေ) ပြန်စစ်နေပါတယ် မရရင် အားမနာတမ်းလာပြောပေးပါဦးနော် private message ကနေဖြစ်ဖြစ်ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ် ❤
အရမ်းတိုသွားတဲ့အပိုင်းတွေကို နောက်ပိုင်း ပြန်ဖြည့်ပေးဖို့လဲ စိတ်ကူးထားတာမလို့ stay tuned နော် 😘
အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now