ပြန်လိုချင်တယ်
အပိုင်း (19)
"အင်း....မင်း နိုးနေပြီလား "
ခင်သက်သည်သူ့မျက်နှာပေါ်ကသူမရဲ့လက်တွေကိုရုတ်သိမ်းပြီးမျက်လုံးများကိုအခြားတစ်ဖက်သို့လွှဲလိုက်သည်။ နေပိုင်ထွဋ်ကတော့ ဝှါး ခနဲတစ်ချက်သမ်းလိုက်ပြီး ခန္ဓာကိုယ်ကိုခပ်မတ်မတ်ပြင်ထိုင်လိုက်ပါသည်။ ထို့နောက် ခင်သက်ရဲ့နှဖူးကိုသူ့လက်ဖဝါးကြီးကြီးဖြင့်အုပ်စမ်းလိုက်၏။
"အင်း...ပူတော့မပူတော့ပါဘူး"
ခင်သက်က နှုတ်ခမ်းကလေးကိုခပ်တင်းတင်းလေးစေ့ပိတ်ထားလျှက် သူ့ကိုမော့ကြည့်နေတော့ နေပိုင်ထွဋ်ရဲ့လက်သည်ခင်သက်ရဲ့နှဖူးပေါ်မှနေ သူမရဲ့ပါးနုနုကလေးပေါ်သို့ခပ်ဖွဖွလေးပွတ်သပ်လျှက်ရောက်ရှိလာသည်။
"မင်း မနက်စာတစ်ခုခုစားပြီး ဆေးတော့သောက်လိုက်ဦး ပြန်ဖျားနေလိမ့်မယ်"
သူမအပေါ်ဂရုတစိုက်နှင့်ကောင်းပြနေသည့်နေပိုင်ထွဋ်အား တစ်ညအတွင်းမှာတင် ခင်သက်သံသယဝင်လာသည်။ နေပိုင်ထွဋ်မှဟုတ်သေးရဲ့လား?
"ကျွန်မ ညကတော်တော်ဖျားနေတာလား မေမေ့ကိုမပြောနဲ့နော် တော်ကြာတစ်ရက်လောက်ထပ်နေပါဦးလုပ်နေလိမ့်မယ်"
နေပိုင်ထွဋ်က အင်းမလုပ် အဲမလုပ်နဲ့ နှုတ်ခမ်းကိုတစ်ချက်မဲ့ပြသည်။
"ဖယ်ဦး အဝတ်အစားလဲပြီးပြန်ရအောင်"
ခင်သက်က နေပိုင်ထွဋ်လက်ကိုဖယ်ထုတ်လိုက်ပြီး အိပ်ယာပေါ်ကနေထထိုင်လိုက်သည်။ နေပိုင်ထွဋ်လည်း အောက်ထပ်သို့ဆင်းဖို့ကုလားထိုင်မှထ၍မတ်တပ်ရပ်လိုက်သည်။ ကုတင်ပေါ်ကနေဆင်းနေတဲ့ခင်သက်ကိုပြန်လှည့်ကြည့်ရင်း နေပိုင်ထွဋ်သည်တစ်ခုခုကိုသတိရသွားသည်။
"ဒါနဲ့... မင်း အိပ်မက်ယောင်တတ်တယ်နော် ဘာအိပ်မက်မက်လို့မင်းအဲ့သလောက်ကယောင်ခြောက်ခြားဖြစ်ရတာလဲ "
ခင်သက်သည် နေပိုင်ထွဋ်က အိပ်မက်အကြောင်းကိုပြောလာတော့ မျက်နှာကလေးသိသိသာသာပျက်သွားကာ နေပိုင်ထွဋ်ကိုလည်းလုံးဝမော့မကြည့်တော့ပေ။
YOU ARE READING
ပြန်လိုချင်တယ် (Completed) OC
Romance"မင်း အဲ့သလောက် တိုနှံ့နှံ့လေးတွေဝတ်ပြီး ပွတ်သီးပွတ်သပ်လုပ်ပြရတာကြိုက်နေလား" "ကြိုက်တယ် ကျွန်မဟာကျွန်မကြိုက်လို့ ဝတ်တယ်ဘာဖြစ်လဲ!" "အေး...အဲ့တာဆိုရင် ချွတ်စမ်း...မင်းယောက်ျားငါ ဒီမှာထိုင်ကြည့်မယ် ချွတ်...ခုချွတ်!" Mautre on Uni/Zawgyi "မင္း အဲ့သေလာက...