Part (20) Uni/Zawgyi

21.8K 644 60
                                    

ပြန်လိုချင်တယ်

အပိုင်း (20)

"ဘာလုပ်တာလဲ "

ခင်သက် နေပိုင်ထွဋ်ကိုကျောပေးပြီးကွေးကွေးကလေးအိပ်နေလေရာ သူမရဲ့ခါးဆီသို့နေပိုင်ထွဋ်က သူ့လက်ကြီးများဖြင့်တွယ်ဖက်လာသောကြောင့် ခင်သက်သူ့လက်တွေကိုဖယ်ချရင်းလှည့်ကြည့်ပြီးရန်တွေ့လိုက်သည်။

"ဖက်တာပေါ့ကွ"

နေပိုင်ထွဋ်ဟာ သူ့တစ်ကိုယ်လုံးကိုခင်သက် ကျောပြင်ကလေးနဲ့ကပ်နေအောင်အထိရှေ့တိုးလာပြီးဖြေလိုက်ပါသည်။

"မဖက်နဲ့ မကြိုက်ဘူး"

"ငါကတော့ကြိုက်တယ် မင်းကိုဖက်ရတာအကောင်းဆုံးပဲ"

"ရှင့်ဟာမတွေကလည်း ကောင်းတာပဲမလား"

စကားကိုအထအနကောက်ပြီး ပြဿနာရှာလာသောခင်သက်ကြောင့် နေပိုင်ထွဋ်ကစိတ်ပျက်စွာသက်ပြင်းချလိုက်သည်။

"မင်းက နည်းနည်းလေးမှ အဆင်ပြေပြေမနေချင်ဘူးပဲ"

"နေပါဦး ဘာလို့ကျွန်မကို လာလွှဲချနေတာလဲ"

ထိုအခါ နေပိုင်ထွဋ်သည် ခင်သက်နဲ့အနည်းငယ်ခွာလိုက်ပြီး စိတ်ပျက်စွာနဲ့ပက်လက်လှန်အိပ်လိုက်ပါသည်။

"ဒီမှာ ကိုနေပိုင်ထွဋ် ကျွန်မရှင်းရှင်းပဲပြောမယ်"

ခင်သက်သည် အိပ်ယာပေါ်မှာချက်ချင်းငုပ်တုပ်ထထိုင်လိုက်သည်။ ဆံပင်များကိုကျောဘက်သို့တွန်းပို့လိုက်ပြီး သူ့ကိုပက်လက်အနေအထားကနေငေးကြည့်နေတဲ့နေပိုင်ထွဋ်အားစကားပြောဖို့ အသေအချာပြင်ဆင်လိုက်သည်။

" ကျွန်မရှင့်ကို တကယ်သဘောကျခဲ့တယ် အဲ့တာကြောင့်လည်း ချစ်သူသက်တမ်းဘယ်လောက်မှမရှိသေးတဲ့ ၁နှစ်လောက်နဲ့ ရှင်လက်ထပ်ခွင့်တောင်းတာကိုလက်ခံခဲ့တာ ကျွန်မတို့လက်ထပ်ပြီးတစ်နှစ်ပြည့်ခါနီးတော့ ရှင် ကျွန်မကိုလက်ထပ်တာက ရှင့်အဘိုးခိုင်းလို့ဆိုတာ ရှင့်ပါးစပ်ကနေကိုယ်တိုင်ပြောတာကို ကျွန်မနားနဲ့ ဆက်ဆက်ကြားခဲ့ရတယ် ရှင်စဥ်းစားကြည့်စမ်းပါ ကျွန်မကတော့ ရှင် ကျွန်မကိုတကယ်ချစ်တယ်ထင်ခဲ့တာရှင်ကတော့ CEOရာထူးရချင်တာနဲ့ ကျွန်မကိုချဥ်းကပ်ခဲ့တာ ကျွန်မလေ ယုံတောင်မယုံနိုင်ဘူးသိလား ရှင်ကျွန်မကို လိုက်ခဲ့တာတွေ ကျွန်မကိုပြောခဲ့တဲ့စကားတွေကအလိမ်အညာတွေပဲဆိုတာ ကျွန်မပြန်စဥ်းစားတိုင်းရင်နာရတယ် သိလား အဲ့ဒီနေ့က ရှင်ကိုယ်တိုင်ပဲ ကတိပေးခဲ့တာ ရှင် CEO ရာထူးရရင်ကျွန်မကိုကွာရှင်းပေးမယ်လို့ ကျွန်မတို့ 1 Year Anniမှာ ရှင် CEO ရာထူးရတာပဲ ရှင် ကျွန်မကို အခုထိကွာရှင်းမပေးဘူးလေ အခုနောက်ပိုင်းဆို ရှင်ကဟိုကောင်မနဲ့ရှုပ်သလိုလို ဒီကောင်မနဲ့ရှုပ်သလိုလိုနဲ့  ကျွန်မရှင့်စကားတွေကိုလည်းမယုံတော့ဘူး ကိုနေပိုင်ထွဋ် ရှင့်ဟာရှင်စဥ်းစားကြည့်ပါ ကျွန်မတို့အဆင်မပြေတာ ရှင့်ကြောင့်လားကျွန်မကြောင့်လားဆိုတာ! "

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now