အခန်း (၁၅)

9.9K 320 35
                                    

အရမ်းမူးတယ်မဟုတ်ပေမယ့် တာရာကိုယ်တိုင် ထိုင်ရာကနေကိုထမရခဲ့။ ဟိုလူ့ကြည့်တော့လဲ လှဲမချရုံတမယ် ကိုမင်းသိန်းကိုမှီထားသည်။ အိပ်တောင်ပျော်နေပီလားမသိပါဘူး မျက်လုံးတွေတော့မှိတ်ထားလေရဲ့။ သူ့ပုံစံကြည့်ရတာလဲ ထနိုင်မည့်ပုံမပေါ် တော်သေးတယ် သူ့သူငယ်ချင်းတွေရှိလို့ သူ့ခန္ဓာကိုယ်ကြီးကိုတော့ သယ်ပြုမသွားနိုင်။ ခနအကြာတော့ ညဥ့်လဲအတော်နက်လာပုံရတာမလို့ အကုန်လူစုခွဲကြဖို့ အလျှိုလျှိုထကုန်ကြပီ....ဝန်ထမ်းတချို့လဲ သူမတို့အဖွဲ့စားထားသောက်ထားတာတွေကို အလျင်အမြန်လာသိမ်းနေကြပီ။ တာရာ ရာသီဥတုကြောင့်အေးနေတာရော မူးနေတာရောမလို့ အခန်းထဲသာပြန်ပီး နွေးနွေးထွေးထွေးကွေးနေချင်တာပဲသိသည်။ ခက်တာက ထိုင်ရာမှကိုမထနိုင် အားပြုကိုင်ပီးထရအောင်လဲ သူမထိုင်နေတာ သောင်ပြင်ပေါ်သာသာရယ် အခင်းပါတာကလွဲလို့ပေါ့....
"ညီမ ထနိုင်လား...."
ကိုဝေယံငုံ့ပီးမေးလာတဲ့အမေးကို သူမ ဖြေဖို့ အာတွေလေးနေသည်။ ခေါင်းသာရမ်းပြလိုက်သည်။ စိတ်ထဲတွင်တော့ မထနိုင်တော့ဘူးဟုအတွင်တွင်ပြောနေသော်လည်း ပါးစပ်က ဘာမှထွက်မရ။
"ပန်းချီရေ လာပါဦးဒီကို ခနလောက်"
တော်သေးသည်။ ကိုဝေယံ့ခေါ်သံကြောင့် မပန်းချီသူမတို့အနားရောက်လာသည်။ မူးနေပေမယ့် တစိမ်းယောက်ျားလေးတွဲပြုကူပေးမှာကိုတော့ စိတ်ထဲက စိုးရွံ့မိသည်။ တဖက်လူက ဘယ်လောက်ပဲရိုးသားစေဦးတော့ သူမစိတ်က မကြိုက် ခုတော့ လူမှုရေးနားလည်တာလား ဘာလားမသိ အဆင်တော့ပြေသွားသည်။
"ဟီးဟီး တာရာ ဘယ်လောက်တောင်သောက်လိုက်လဲကွယ် မျက်နှာတွေကိုရဲနေတာပဲ"
"ဟိုကောင့်လဲကြည့်ဦး မ သွားရမယ့်ပုံပဲ"
"မ ရမယ်ဆိုလဲ သွား မ ကြတော့ အချိန်ကမသေးတော့ဘူး အေးလာပီ အခန်းထဲ ပြန်ပို့လိုက် တာရာ့ကို မေဖြူနဲ့ပန်းချီပို့ပေးလိုက်မယ်"
မပန်းချီနဲ့ ကိုဝေယံတို့တွေ တွတ်ထိုးနေတာ တာရာကြားတချက်မကြားတချက်နဲ့....ကိုဝေယံကတော့ ဟိုလူ့ကိုတွဲဖို့ထွက်သွားလေပီ။
"မေဖြူရေ....ခနလောက်"

ဒီလိုနဲ့ပဲ တာရာကော ဟိုလူကော အခန်းထဲပြန်ရောက်ခဲ့ကြသည်ပေါ့.....အခန်းရှေ့ရောက်တော့
"အမ ရာရာ အပြင်မှာ ခနထိုင်ဦးမယ် ခေါင်းကိုက်နေလို့"
"အင်း အင်း ခနပဲနေနော် အပြင်မှာ အေးနေပီ အအေးမိမယ်"
တာရာ့စကားကြောင့် သူမတို့နှစ်ယောက် တာရာ့ကို အခန်းပြင်ဝရံတာက ခုံလေးပေါ်အသာထားပီး ပြန်ထွက်သွားကြပီ....ခနနေတော့ ဟိုလူ့ကို တဖက်တချက်စီကတွဲထားကြတဲ့ ကိုမင်းသိန်းနဲ့ ကိုဝေယံတို့ရောက်ချလာကြသည်။ ဟိုလူ့လှမ်းကြည့်တော့ ဇတ်ကကျိုးနေပီ။ သူတို့ဘာသာအလိုက်တသိပဲ ဟိုလူ့ကိုအခန်းထဲ ထည့်ပေးကာ ပြန်ထွက်လာကြသည်။
"ဒီကောင် ဒီလောက်မမူးဖူးဘူး....ဘာမှမစားပဲသောက်တာမလို့နေမယ် ဟီးဟီး.."
"အင်း...."
"အဲ့ဆို အကိုတို့သွားတော့မယ် ဖြစ်တယ်မလား"
"အင်...."
တာရာကိုယ့်ဘာသာကိုယ်မူးနေတဲ့ကြားထဲ ဘာတွေလာပြောနေမှန်းမသိတဲ့ ကိုဝေယံ့ကို ကိုမင်းသိန်းက ဇွတ်ဆွဲခေါ်သွားမှ အေးဆေးဖြစ်သွားတော့သည်။ သူပြောသမျှလဲ ကြားတချက်မကြားတချက်နဲ့ တအင်းအင်း တအဲအဲသာ လုပ်နိုင်သည်။ ဟိုလူမူးတာနဲ့ သူနဲ့ဘာဆိုင်လဲ....မူးလဲ အိပ်နေပေါ့သူ့ဘာသာသူ သူမလဲကိုယ့်ဘာသာကိုယ်အိပ်မှာပဲကို.....
အချိန်အတော်ကြာ အပြင်မှာထိုင်နေရင်း အတော်အိပ်ချင်လာတာနဲ့ အခန်းထဲဝင်ခဲ့လိုက်တော့....မကြည့်ချင်ပေမယ့် ကုတင်ဘက်ကို မျက်စိအရောက်...အကျီအပေါ်တပိုင်းချွတ်ကာ စောင်မခြုံ ဘာမခြုံအိပ်နေတဲ့ ဟိုလူ။ သေချင်နေတာလား လေဖြတ်သွားမှဖြင့်...မူးနေတဲ့ကြားက စိတ်ထဲကနေကျိမ်ဆဲမိလိုက်သေးသည်။ သွားပီး စောင်ခြုံပေးရအောင်လဲ အကျီတင်မဟုတ် ဘောင်းဘီတွေပါချွတ်ထားရင် ဒုက္ခ။ သူ့ဘာသာသူ လေဖြတ်ဖြတ်ပေါ့ ပစ်ထားလိုက်မယ် စိတ်ကူးပီး ရေချိုးခန်းထဲဝင်ကာ ခြေလက်သန့်စင်ပီး သူမအိပ်မယ့် TV ရှေ့က ဆိုဖာပေါ်လှဲကာ အိပ်ဖို့ပြင်လိုက်သည်။ အာ......စောင် မှမယူရသေးတာ အေးလဲ အေးနေတာမလို့ စောင်တော့လိုသည်မလား....အခန်းထဲ ပတ်ရှာကြည့်တော့လဲ စောင်က ဟိုလူ့ကုတင်ပေါ်က တထည်ပဲရှိသည်။ ဒီတိုင်းလဲကြာရှည် တညလုံးအိပ်နိုင်မည်မထင်တာမလို့ Reception ကိုဖုန်းဆက်ပီးစောင်ပို့ခိုင်းရင်တော့ ရလောက်သည်။ ညသန်းခေါင်ကြီးမလို့ အားနာပေမယ့် မတတ်နိုင်တဲ့အဆုံး ဖုန်းဆက်လိုက်ရတော့သည်။ ဖုန်းချအပီးမှာတော့ စိတ်ပျက်လက်ပျက်နှင့် ဟိုလူ့ကုတင်ဘေးက သစ်သားဘီရိုအကြီးကြီးကိုလှမ်းကြည့်လိုက်သည်။ စောင်အပိုတို့ ခေါင်းအုံးအပိုတို့ကို အဲ့ဘီရိုထဲထည့်ထားပေးသည်တဲ့။ သွားယူလိုက်ရင်ရပါသည်။ သို့သော် မူးပီး ဖြစ်ကတတ်စမ်းအိပ်နေတဲ့ဟိုလူ့နားမသွားချင်။ စောင်သွားယူရမလား ဒီတိုင်းပဲရအောင်အိပ်ရမလားစဥ်းစားနေတာကိုက အတော်ကြာပီ။ အို....စောင်သွားယူတာပဲ ယူပီး တန်းပြန်လာရုံပဲကိုဟိုလူလဲ သူ့ဘာသာသူတောင်မူးနေတာ သူမကို ထပီးရန်လုပ်မယ့်ပုံလဲမပေါ်ပါဘူး....နောက်ဆုံးတော့ သွားယူမယ်ဆိုပီး ထကာ ဘီရိုနားတရွေ့ရွေ့ကပ်သွားလိုက်တော့သည်။
ဟုတ်သည်။ Reception ကပြောသလိုပဲ ဘီရိုထဲမှာ စောင်အပို ခေါင်းအုံးအပိုတွေ ၂ စုံလောက်ကိုရှိသည်။ သူမလဲ စောင်တထည်အမြန်ဆွဲယူပီးပြန်ထွက်မယ်လုပ်တော့ ဘေးက အိပ်နေတဲ့ လူကိုကြည့်မိလိုက်သည်။ ဟင်းးးး သူမကသာ တညလုံးအေးမှာစိုးလို့ စောင်ထယူတာ သူကျ အကျီချွတ်နဲ့အိပ်နေတာ မူးနေတော့ အေးလို့အေးမှန်းလဲမသိရှာဘူး ဒီတိုင်းပစ်ထားခဲ့လို့ ကောင်းပါ့မလားဆိုပီး အတန်ကြာစဥ်းစားနေမိသေးသည်။
တော်ကြာလေဖြတ်နေမှ....
တာရာ သူ့နားကပ်ပီး စောင်ဆွဲခြုံပေးဖို့ ဘယ်ချိန်ဆုံးဖြတ်ချက်ချလိုက်သည်မသိ သတိဝင်လာတော့ သူ့ကုတင်နားရောက်ပီး စောင်ကိုတောင်ကိုင်ပီးနေပီ။ ကုတင်အကျယ်ကြီးကို ကန့်လန့်ကြီးဖြစ်သလိုအိပ်နေတဲ့အပြင် စောင်ရဲ့အပိုင်းတော်တော်များများကလဲ သူ့ခန္ဓာကိုယ်ကြီးအောက်ရောက်နေတာမလို့ တာရာ မနဲကိုအားသုံးပီးဆွဲယူနေရသည်။ ကိုယ်တိုင်လဲမူးနေတာမလို့ ထင်သလောက်တော့ ခရီးမရောက်။ ကြံရာမရတဲ့အဆုံး ဘယ်ကရောက်လာမှန်းမသိတဲ့သတ္တိတွေနဲ့ လှမ်းရိုက်နှိုးလိုက်သည်။ မူးရဲ သတ္တိရှိတတ်ကြတယ်ဆိုတာ ဒါမျိုးနေမှာ....ခါတိုင်းဆို ရိုက်ဖို့မပြောနဲ့ အနားပင်မကပ်ရဲတာကို ရဲဆေးတင်ထားတော့.....
"ဒီ မှာ ဒီမှာ ဟေ့လူ ထဦး...."
အသာလေးပုတ်နေတုံးက တုပ်တုပ်ပင်မလှုပ်....ခပ်စပ်စပ်လေးရိုက်လိုက်ကာမှ အာလေးရှာလေးနဲ့အသံပြုပီး နိုးလာပုံရသည်။
"ဟင်....."
"ထဦး အကျီထဝတ်ဦး စောင်လဲခြုံဦး"
စစထချင်တုံးက ဘယ်လိုမှမနေပေမယ့် အကြာကြီးသူမကိုစိုက်ကြည့်နေတဲ့သူ့ကိုမြင်တော့ ကျောချမ်းလာသည်။
မဟာ ဧကရီ့ကို ရုတ်တရက်ကြီးတွေ့လိုက်ရတော့ ရင်ထဲအရမ်းပျော်သွားသည်။ သူ ဧကရီ့ကိုအရမ်းလွမ်းနေခဲ့တာမလား။ သူ့အပေါ်ကနေ မိုးပီးကြည့်နေတဲ့ ဧကရီက သူ့ကိုပြုံးပြနေသလို....သူသိသားပဲ ဧကရီသူ့ဆီလာမှာဆိုတာ....မတွေ့ရတာကြာတာရော..ခွဲနေရတာကြာနေတာမလို့ မတ်တပ်ရပ်နေတဲ့သူမကို လှမ်းဆွဲကာ ရင်ခွင်ထဲထည့်ပီး တင်းကျပ်နေအောင် ဖက်ထားမိသည်။ ပါးစပ်ကလဲ ဧကရီကို မပြတ်ညီးနေသေးသည်။ တာရာ စိတ်ထဲမွန်းကြပ်လာပီး နေရခက်တာကော ဒီလိုအဖြစ်ပျက်ကိုမကြိုက်တာရောမလို့ အားကုန်သုံးပီး ရုန်းကန်နေရသည်။ ဘယ့်နှယ့် မှားစရာမရှိ မူးရူးပီး ဘယ်နားမှမတူတဲ့လူအကောင်လိုက်လုံးမှားရတယ်လို့။
"ဦးနေမင်းမဟာ....လွှတ် လွှတ်....ရှင့်ရည်းစားမဟုတ်ဘူး ဖယ်ပေး"
ဟိုလူကတော့ သူမပြောနေတာကို ဂရုစိုက်ဖို့နေနေသာသာ ကြားပုံတောင်မရ။ သူ့ဘာသာသူ ပြောချင်ရာတွေ တရစပ်ပြောပီး သူမကို ဇွတ်ဖက်ထားလေတော့ ခုနက ချမ်းလဲချမ်း မူးလဲမူးနေတာတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသလို ချွေးတွေပါထွက်ရုံမက ရှက်တာကော ဒေါသထွက်တာကောပေါင်းပီး နောက်ကျောတွေကနေ အပူလုံးတွေ လှိုက်တက်လာသလိုပင်။ ဒီလောက်တောင်ဖက်ထားတာ သူ့ရည်းစားနဲ့ ဘယ်လိုတွေများနေခဲ့လို့လဲ သူမကို ဒီလောက်ထိ လက်ရဲဇတ်ရဲလုပ်ရဲနေတာ။ မဟာ သူ့ရင်ခွင်ထဲကနေ ရုန်းကန်နေတဲ့ ဧကရီ့ကိုလုံးဝလက်လွှတ်မပေးနိုင်တော့။ သူလွမ်းနေတာလဲ ကြာလှပီ....လူကလဲရုန်းနေတဲ့အပြင် ပါးစပ်ကလဲ တတွတ်တွတ် တရစပ်ပြောနေတဲ့ ဧကရီ့ကို သူပါးစပ်ပိတ်သွားအောင် သူမနှုတ်ခမ်းလေးတွေကို နမ်းချပစ်လိုက်သည်။ ခနတော့ ငြိမ်သွားသည်။ သူသဘောကျသလို ပြုံးမိတုံးးး ငြိမ်နေတာ ဘယ်လောက်မှမကြာလိုက် ခုနကထက်ကို ၂ ဆလောက်ပို ရုန်းကန်လာတဲ့သူမကို သူအူယားလာသည်။ ဒါ့ကြောင့် သူမူးနေတဲ့ကြားက အားကုန်သုံးကာ သူမကို သူ့အောက်ရောက်အောင် လှည့်လိုက်သည်။ ခုတော့ သူမရုန်းလဲ အချည်းနှီးသာ။
"ဧကရီ မရုန်းနဲ့လေကွာ.....ကိုယ်က လွမ်းနေတာကို...."
"ဖယ်...."
ခုနက သူမကိုဆွဲထားတာကနေ သူမကို ဇွတ်ဆွဲနမ်းလိုက်လို့ တာရာလန့်ဖြန့်ပီး ရုတ်တရက်ကြောင်သွားသေးသည်။ သတိဝင်လာတော့ ဒါမျိုး သူမက လက်မခံနိုင်....မူးရူးပီး သူမအပေါ်လွန်ကျူးချင်တိုင်းလွန်ကျူးနေတာမျိုး လက်မခံနိုင်လို့ အားကုန်သုံးကာ ဇွတ်ရုန်းတော့သည်။ ဘေးတွင် ကောက်ထုစရာတခုခုများရှိလေမလားတောင် အလန့်တကြားစမ်းမိသေးသည်။ ကံကကိုယ့်ဘက်မှာပါ...ဘာမှရှိမနေခဲ့။ သူမတောင်ရုန်းလို့မရသေး သူက သူမကို သူ့အောက်ရောက်အောက် လှည့်လိုက်သေးသည်။ သူ့ကိုယ်ကြီးနဲ့ဖိပီး အတင်းလိုက်နမ်းနေတော့ တာရာ ချက်ချင်းပင် အသက်ထွက်သွားချင်တော့သည်။ မကြိုက်ပါ ဒါမျိုးသူမကို ကိုယ်ထိလက်ရောက်အနိုင်ကျင့်တာကို.....ဝမ်းလဲနည်းသလို ဒေါသလဲထွက်လာသည်မလို့ မျက်ရည်များက အတားဆီးမရှိကျဆင်းလာတော့သည်။ သူမ ငိုယိုပီးတားလဲ ဟိုလူကတော့ သူ့ဦးတည်ချက်ကိုအပျောက်ခံမည့်ပုံမပေါ်....သူမခန္ဓာကိုယ်ပေါ်ကို ကျူးလွန်ချင်တိုင်းကျူးလွန်နေတော့သည်။ အားမမျှလို့သာ မာန်လျှော့လိုက်ရပေမယ့် သူမနှုတ်ခမ်းတွေကိုတော့ ပြတ်လုမတတ်ကိုက်ထားမိသည်။
မဟာ မူးနေလို့လား သူပဲလွမ်းနေလို့လားမသိ စိတ်တွေကို လုံးဝမထိန်းချုပ်နိုင်တော့.....အတုံးစွန်ထိကိုသွားချင်မိသည်။ သူနဲနဲသတိထားမိတဲ့အချိန်မှာ ဧကရီကလဲ ခုနကလို ရုန်းရင်းဆန်ခတ်မလုပ်ဘဲ ငြိမ်နေတော့ အရာရာသူ့သဘောဆိုသည့်အလား ဆိုးချင်တိုင်းဆိုးမိတော့သည်။ သူ့စိတ်ထဲ တူတူမနေရတာကြာလို့လားမသိ မူးနေတဲ့ကြားက မရင်းနှီးနဲ့ခံစားမှုတမျိုးမျိုးတော့ ရဖြစ်အောင်ရခဲ့သည်။
တာရာ့ဘဝမှာ ခုလောက် စိတ်ရော လူရော နာကျင်တာမျိုး မကြုံဖူးချေ။ ကိုယ့်ဘဝကို တခြားသူနဲ့မှားပီး ထင်သလိုလုပ်နေတာကို ဘာမှပြန်မလုပ်နိုင်တဲ့အဖြစ်.....ခေါင်းအုံးထက်ကမျက်ရည်တွေက သက်သေပြုပေးနိုင်သည် သူမအလိုမတူခဲ့တာကိုပေါ့.....
ခနနေတော့ သူ့ဆန္ဒတွေပြည့်ဝသွားပီထင်ရသည်။ သူမကို ခနနမ်းကာ အတင်းဖက်လျက်ပြန်အိပ်သွားလေရဲ့....သူမမှာသာ....... တာရာ အိပ်ရာထဲကရော သူ့လက်ထဲကပါဇွတ်အတင်းထပီး အခန်းပြင်ကို ဒယီးဒယိုင်နဲ့ပြေးထွက်လာခဲ့မိသည်။ ထိုလူနဲ့ တခန်းထဲမနေချင်တော့....ဖြစ်နိုင်ရင် ခုချက်ချင်းပင် လောကကြီးထဲက ပျောက်ဆုံးသွားချင်သည်။ အားနွဲ့တဲ့ မိန်းမတယောက်ဖြစ်ရတာကိုလဲမုန်းသည်။ သူများစော်ကားအနိုင်ကျင့်တာခံရတဲ့ မိမိကိုယ်ကိုလဲမုန်းသည်။ သူနဲ့ပတ်သတ်မိတဲ့ ဖြစ်စဥ်တခုလုံးကိုလဲမုန်းသည်။ သူထိတွေ့ခဲ့တဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုလဲမုန်းသည်။ သူများရည်းစားနဲ့လွဲပီး အခွင့်ရေးယူခံလိုက်ရတာကိုလဲမုန်းသည်။ တာရာ ဦးတည်ရာမဲ့ ထွက်လာရင်းးး ကမ်းစပ်က ကျောက်ဆောင်တခုနားရောက်တော့ ထိုကျောက်ဆောင်ကိုအားပြုကာ ထိုင်ပီး ခုမှ အသံထွက်ပီးသေချာငိုကြွေးခွင့်ရတော့သည်။ တာရာ တကိုယ်လုံးနာကျင်နေလဲ ရင်ထဲကနာကျင်တာထက်တော့မပိုနိုင်....မိမိကိုယ်ကိုယ်လဲ မဖြူစင်တော့ မသန့်ရှင်းတော့ဟုထင်ပီး ကမ်းစပ်ကရေနဲ့ လက်များကို အတင်းပွတ်ဆေးမိသည်။ အရူးလိုပဲ ဒီလို ရေနဲ့ဆေးချလိုက်လို့ပိုသန့်သွား ပြန်သန့်သွားမှာကျလို့......စိတ်ထဲမွန်းကြပ်ပီးနေရခက်လာတာနဲ့ ကျောက်ဆောင်ကထွက်နေတဲ့ အစွန်းအစတွေကို လက်ဖဝါးနှစ်ဖက်နဲ့ရိုက်လိုက်မိတာ နာလဲနာသလို တချို့ခြစ်ရာတွေက သွေးများပင်ထွက်လာသည်။ သွေးထွက်လို့ ရုတ်တရက် ရေနဲ့ကောက်ဆေးလိုက်တာ ပင်လယ်ရေမလို့ စပ်လိုက်တာဆိုတာ.....အဲ့လိုကံကောင်းသောသူမပါ....တကိုယ်လုံးနာကျင်နေရတဲ့ထဲ လက်ဖဝါးတွေက လက်တလောစပ်သွားတာမလို့ အသိစိတ်တွေချက်ချင်းပြန်ကပ်လာရသည်။ ဒီလိုဆိုတော့လဲ သေဖို့တော့မရဲသေး...
ကြာတော့ငိုရတာမောပီး ငိုနေလို့ ဘာမှမထူးတာ သဘောပေါက်လာသည်။ မနက်ခင်းလင်းရောင်ခြည်က သမ်းလာတာမလို့ တဆုံးမရှိတဲ့ ရေပြင်ကြီးကိုကြည့်တာ ထိုသူနဲ့ ဝေးရာ ပင်လယ်ရဲ့ ဟိုးဘက်တဆုံးမှာ သွားနေချင်တော့သည်။ ညကလဲ မအိပ်ရသေးတာကြောင့် ပိုပင်ပန်းသလိုခံစားရပေမယ့် ထိုလူနဲ့ တခန်းထဲနေရမှာမလို့ ထိုအခန်းကိုပြန်မသွားချင်တော့......

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now