Part (22) Uni/Zawgyi

20.2K 658 54
                                    

ပြန်လိုချင်တယ်

အပိုင်း (22)

"မမသက် အဆင်​ပြေရဲ့လား "

ခင်သက်က ဆိုင်ထဲကနေခပ်မြန်မြန်ထွက်သွားတော့ စိုင်းခမ်းစစ်ကပြေးပြီးလိုက်လာသည်။ မမသက်ရဲ့မျက်နှာက ဝမ်းနည်းမှုနှင့်ဒေါသတွေအတိရှိနေတာမို့ စိုင်းခမ်းစစ်သည်ကားထဲသို့ခပ်မြန်မြန်ဝင်ခိုင်းလိုက်တော့သည်။

"ငါ့ကို ဘာမှမမေးပါနဲ့စိုင်းခမ်းစစ် ဆိုင်ကိုပဲမြန်မြန်ပြန်လိုက်ပို့ပေးပါ"

ခင်သက်က ​ပျက်သွားတဲ့နှုတ်ခမ်းနီတွေကို သူမလက်ကိုင်အိတ်ထဲကနေနှုတ်ခမ်းနီတောင့်ထုတ်၍ နှုတ်ခမ်းပေါ်သို့အရောင်ပြန်တင်သည်။ ဒါပေမဲ့လည်း ငိုချင်နေတာမို့ မျက်လုံးထဲမှာကမျက်ရည်များပြည့်လျှံလာပြန်သည်။ ခင်သက်နှုတ်ခမ်းနီတောင့်လေးကိုပြန်သိမ်းလိုက်ပြီး မငိုမိအောင်နှုတ်ခမ်းနှစ်လွှာကိုခပ်တင်းတင်းစေ့ပိတ်ထားလိုက်သည်။

စိုင်းခမ်းစစ်သည် ခင်သက်ရဲ့အရိပ်အ​ခြေကိုကားမောင်းရင်းနဲ့မကြာခဏအကဲခတ်သည်။

"မမသက် ငိုချင်ရင် ငိုလိုက်ပါ ကျွန်တော်မသိသလိုနေပေးမယ် ပုခုံးလည်းငှားမယ် "

စိုင်းခမ်းစစ်က ကားရပ်ဖို့ကားကိုလမ်းဘေးသို့ကပ်လိုက်တော့ ခင်သက်ကခေါင်းရမ်းသည်။

"ဟင့်အင်း မရပ်နဲ့ ငါဆိုင်ကိုပဲပြန်ချင်တယ် "

စိုင်းခမ်းစစ်လည်း မမသက်ကအဆင်မပြေနေတာမို့ ဇွတ်မလုပ်ချင်တာနဲ့ကားကိုမရပ်တော့ဘဲ ဆက်မောင်းသွားလိုက်တော့သည်။

ခင်သက်သူ့ကို ကွာရှင်းပေးဖို့မကြာခဏတောင်းဆိုခဲ့သည်။ သူဖောက်ပြန်နေတာကိုအမိဖမ်းပြမယ်ဟုလည်း ခဏခဏကြုံးဝါးဖူးသည်။ ဒါပေမဲ့ တကယ့်လက်တွေ့ အဲ့ဒီယောက်ျားကိုအခြားမိန်းမတစ်ယောက်နဲ့တွဲမြင်လိုက်ရတဲ့အခါ ရင်ထဲမှာမချိတင့်ခဲနေအောင်ခံစားလိုက်ရတာဖြစ်သည်။ သူ့ကိုကွာရှင်းချင်လို့သပ်သပ်ကြောင့်မဟုတ်ဘဲ ဤကဲ့သို့ လူရှေ့သူရှေ့မှာပါးရိုက်လိုက်မိတာလည်း စိတ်လိုက်မာန်ပါဖြစ်ရပ်တစ်ခုဖြစ်သည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now