အခန်း (၂၀)

10K 320 60
                                    

မပြန်လာရတာကြာတဲ့ မွေးရပ်မြေကိုရောက်တော့ လွမ်းနေတဲ့လေကိုတဝကြီးရှူမိလိုက်သည်။ တပ်ထားတဲ့မျက်မှန်ကို ဆံပင်တိုညိိုညိုကောက်ကောက်လေးတွေအပေါ်တင်လိုက်ပီး သူမရှာနေတဲ့သူတွေရှိလား အနီးနားတဝိုက်ဝေ့ဝဲကြည့်လိုက်သေးသည်။ ကြည့်လိုက်တာကတော့သူမပါ သို့သော် သူမကိုသတိမပြုမိသူဆိုတာရှားတာမလို့ သူမအကြည့်လွှဲပီးရင်တောင် တခြားသူတွေရဲ့အကြည့်တွေ အဓိက ပုရိသတွေရဲ့အကြည့်တွေက ကပ်ငြိပါလာတတ်စမြဲ။ အနီရောင် စကဒ်တိုကို အပေါ်က အနက်ရောင်ဇာအပါးလက်ရှည်နဲ့တွဲဖက်ဝတ်ထားတဲ့သူမ စီးထားတဲ့ဒေါက်ဖိနပ်နီနီလေးတွေက သူမခြေတံဖြူဖြူလေးတွေကို စမတ်ကျပီးပိုပေါ်လွင်စေသည်။ နာမည်ကြီး birkin အိတ်အနက်အကြီးတအိတ်ကိုသာ ခရီးသွားဟန်လွဲကိုင်လာတဲ့သူမ ဘာ accessory မှ ထပ်မံပံ့ပိုးစရာမလိုတော့ချေ။

"မမဧကရီ......"

ခေါ်သံကြောင့် သူမလှည့်ကြည့်ပီးသကာလ အသံပိုင်ရှင်ကိုလဲတွေ့ရော နှုတ်ခမ်းများက ခုနကနှင့်မတူအောင်ကို နှစ်လိုဖွယ်ပြုံးကာ ထိုသူတို့ဆီကို တက်ကြွတဲ့ခြေလှမ်းများနှင့်ထွက်သွားတော့သည်။ ထိုသူကား......ဧကရီ....

ဧကရီကားပေါ်ရောက်တော့ ပန်းချီသာမက မေဖြူကော ဝေယံကောကိုတွေ့လိုက်ရသည်။ မင်းသိန်းကတော့ အရေးကြီးကိစ္စနှင့်ခရီးသွားနေသည်ဆိုသောကြောင့် မတွေ့ရသေး။ ဧကရီ summer ပိတ်ရက်နဲ့ရောပီး ပြန်လာတာ မိဘတွေကိုတော့ နောက်လလောက်မှပြန်လာမည်ဟုပြောပီး သူမဘာသာ တယောက်ထဲ ပြန်ချလာခဲ့သည်။ တကယ်တမ်းတော့ summer လဲမရောက်သေးသလို ဆောင်းပဲ ကောင်းကောင်းမထွက်သေး။ စာမေးပွဲဖြေပီး Project လုပ်ဖို့ပဲကျန်တာမလို့ online ကလုပ်လို့ရတယ်ဆိုတာနဲ့ တချိုးထဲ ပြန်လာခဲ့တာ။ တလမ်းလုံး မေဖြူရဲ့ရေပက်မဝင်တဲ့စကားတွေကို နားထောင်ရင်း လိုက်ပါလာတာ သူမတည်းမယ့် ဟိုတယ်တောင်ရောက်ပီ

"ဧကရီ နင်သေချာလား မဟာ့ကို မသိစေချင်တာ"

နောက်ခန်းကသူမကို ဝေယံကလှမ်းမေးတော့ ကားပေါ်ကဆင်းမယ့် တန်းလန်းနှင့်ပင် ဝေယံ့မျက်နှာကိုမကြည့်ဘဲ ဖြေလိုက်သည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now