အခန်း (၂၅) Zawgyi

4K 41 5
                                    

"ဒါ ဒယ်ဒီတို့မတရားဘူး ဒယ်ဒီတို့စကားဒယ်ဒီတို့မတည်တာပဲ"

"လက်မခံဘူးလို့ပြောတာမှမဟုတ်ဘဲ သမီးရယ် အချိန်ခနစောင့်ဖို့ပဲပြောတာ"

"ဒယ်ဒီတို့ သမီးကိုပြောခဲ့တာ နေ ဟိုကောင်မလေးနဲ့ကွာရှင်းပီးရင် ရပီဆို"

"ဟုတ်တယ်လေ ဒယ်ဒီကိုယ်တိုင်ပြောခဲ့တာ"

"အင်းလေ... ခုလဲ ကွာရှင်းပီးပီလေ ၂ လကျော်တောင်ရှိနေပီကို ခုမှ ဒယ်ဒီတို့က ဆက်စောင့်ကြည့်မယ်ဆိုတော့ ဒါ ဒယ်ဒီတို့စကားမတည်တာပဲ"

အခြေအတင်ဖြစ်နေတဲ့ သမီးဖြစ်သူနဲ့ ခင်ပွန်းကြားထဲ ဒေါ်သက်လျာဝင်မှကိုဖြစ်တော့မှာမလို့

"သမီး.....ကိုယ့်ဒယ်ဒီကို ဘယ်လိုတွေပြန်ပြောနေတာလဲ"

"မာမီ....."

စိတ်ညစ်ညစ်နဲ့ ဒယ်ဒီ့ကိုလေသံမာမာပြောမိတဲ့အပြင် ဝင်ပြောတဲ့ မာမီ့ကိုပင် မကြည်လင်တဲ့အသံနဲ့ပြောမိတော့

"ဧကရီ....သမီးဖြစ်ချင်တာ အေးဆေးပြောလို့ရတယ် မိဘတွေကို ခုလိုပြန်ပြောနေစရာမလိုဘူးနော်....မာမီတို့မိသားစုမှာ ပြသနာတတ်တိုင်းခုလို ငူစူပီးဖြေရှင်းတာ ဘယ်နှခါရှိဖူးလဲ"

မာမီ့စကားက မှန်နေတာမလို့ ဧကရီ မိဘတွေကိုငူစူမိတဲ့ ကိုယ်ကိုယ်ကို ပြန်မြင်လာကာ ကိုယ်မှားမှန်းသိတဲ့အနေနဲ့ ခေါင်းငုံ့နေမိတော့သည်။ ငူစူမိတဲ့သူမမှာလဲ အပြစ်လုံးလုံးတော့မရှိ....အရင်က နေက မိန်းမရှိတယ်ဆိုလို့ ကွာရှင်းပီးရင် လက်ခံမယ်ပြောတာကြောင့် သူမပင် နိုင်ငံခြားထွက်သွားခဲ့ရသည်မလား....ခု ကိစ္စတွေအကုန်ကင်းကင်းရှင်းရှင်းဖြစ်သွားပီးခါမှ တနှစ်ထပ်စောင့်ကြည့်မယ်ဆိုတော့....သူမက ကျောင်းပင်ပြောင်းကာ ဒီကိုအပီးပြန်လာနှင့်ပီးနေပီ။

"မာမီတို့က လက်မခံဘူးပြောတာမှမဟုတ်ဘဲ သမီးရယ်.....တနှစ်ပါပဲ ဘယ်လောက်မှကြာတာမှမဟုတ်တာ"

"မာမီ....."

"တော်ပီ ဧကရီ ဒါသမီးဘဝအတွက်မာမီတို့ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ပဲ အဲ့ရှေ့လျှောက်သမီးဘဝသမီး ဆုံးဖြတ်တော့ မာမီတို့ဝင်မပါတော့ဘူး"

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now