အခန်း (၂၆)

11.8K 486 256
                                    

အချိန်တွေများကုန်တာမြန်တာ တာရာပင် နောက်တလကျော် နှစ်လလောက်ဆိုမွေးတော့မည်။ နဂိုကလဲ ပိန်တဲ့သူမလို့ကော ကလေးကလဲ အရမ်းထွားပုံမရတာကော ဗိုက်ကတော့ သိပ်မကြီးသေးပေ။ သူများတွေပြောတာတော့ အပျိုဗိုက်မလို့ဆိုပဲ......

တာရာ ခါတိုင်းတော့ ပြည်သူ့ဆေးရုံမှာပဲ အလှည့်ကိုစိတ်ရှည်လက်ရှည်စောင့်ပီးပြလာခဲ့တာ ခုတော့ မွေးခါနီး ၈ လထဲရောက်နေတာရော မမချမ်းရဲ့ မပြမချင်းတတွတ်တွတ် တာနေမှုရောကြောင့် ခုတော့ ပုဂ္ဂလိကဆေးရုံကြီးကိုလာပြရသည်။ ဟုတ်​တော့ဟုတ်သည် ပြည်သူ့ဆေးရုံကြီးမှာဆို လူနာတွေကများလွန်းတော့ အလှည့်ကိုရောက်အောင်မနဲစောင့်ရသည်။ တချို့နေ့တွေဆို ကိုယ်ကသာစောင့်နေတာ ကိုယ့်အလှည့်က နောက်ရက်ထဲပါသွားတဲ့အချိန်မျိုးတောင်ရှိသေးသည်။ အင်းလေ.....ဆရာဝန်တွေလဲ လူသားတွေပဲမလို့ ၂၄ နာရီလုံးတော့ ဘယ်ကြည့်ပေးနိုင်မလဲ ဆရာဝန်နဲ့ လူနာအင်အားမမျှတာမလို့ တော်ရုံပိုက်ဆံတတ်နိုင်တဲ့သူတွေက ပြည်သူ့ဆေးရုံကိုမလာကြ။ တာရာကတော့ ဟိုးးးး ကိုယ်ဝန်စရှိထဲက ဗိုက်အပ်ရုံသာအပ်ထားတာ သန္ဓေကောင်းတဲ့ကလေးမလို့ထင်တယ် ကြားထဲ ဘာပြဿနာ ကိစ္စကြီးကြီးမားမားမှမရှိခဲ့လို့ အလှည့်ကျစောင့်ပီးပြဆိုလဲ အဆင်ပြေခဲ့သည်။ ခုတော့ မွေးခါနီးမလို့ဆိုပီး မမချမ်းက အတင်းပြောလို့သာ လာရတာ တာရာ့စိတ်ထဲတော့ လိုတယ်လို့မထင်မိ။ စိတ်ပူနေတဲ့ မမချမ်းရဲ့စေတနာကိုမစော်ကားချင်တာကြောင့်သာ လာခဲ့ရတာ....ရောက်ပီဆိုထဲက ကုန်လိုက်တဲ့ပိုက်ဆံတွေ...တော်သေးသည်ပြောရမည် မန်နေဂျာဖြစ်တဲ့မမချမ်းက တာရာ့အတွက်ဆိုပီး အထက်ကို မီးဖွားစားရိတ်တွေဘာတွေ သူ့ဘာသာသူတင်ပေးထားလို့သာပေါ့။

တာရာ ဆရာမကြီးစမ်းသပ်ပီးတော့ အပြင်ကိုထွက်ကာ ငွေရှင်းပီး ပြန်မယ်အလုပ်....

"တာရာ.....တာရာမလား"

"ဟင်...."

တာရာ အမြန်ပဲ တဖက်ကိုလှည့်လိုက်ပေမယ့် မမီတော့....ကိုဝေယံက သူမကိုသေချာပေါက်ကိုမြင်ပီး မှတ်မိသွားပီ......အဲ့ချိန်စိတ်ထဲတွေးနိုင်တာ တွေးမိတာ တခုထဲကတော့ 'သွားပါပီ' ဟူ၍သာ။ မမြင်ချင်မတွေ့ချင်ပါဘူးဆိုမှ တည့်တည့်လာတိုးရသည်။ မျက်လုံးများကို ဇွတ်မှိတ်ကာ နှုတ်ခမ်းများကိုလဲ ကိုက်ထားမိသေးသည်။ သူမ ကောင်တာပေါ်က ဆေးစာအုပ်ကို အမြန်ကောက်ဆွဲယူကာ ကိုဝေယံနှုတ်ဆတ်တာကိုပင် ဥပေက္ခာပြုပီး ခပ်သွက်သွက်ခြေလှမ်းတွေနဲ့ ထွက်ခဲ့တော့သည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now