အခန်း (၂၉)

11.8K 547 325
                                    

"ဒယ်ဒီ မာမီ ဘာများအရေးကြီးကိစ္စရှိလို့လဲ သားကို ရှိတဲ့အလုပ်အကုန်ဖျက်ပီးလာပါဆိုလို့ အကုန်ပစ်ပီးပြေးလာရတာ"

မဟာ မာမီတို့ခေါ်လို့ ရောက်လာရတာ သူမွေးထဲကနေ အသက် ၂၀ ကျော်တဲ့ထိနေလာခဲ့တဲ့အိမ်ဆိုပေမယ့် စိတ်ထဲရင်းနှီးမနေဘဲ စိမ်းသလိုကြီးခံစားနေရသည်။ ပိုဆိုးသည်ကား အမြဲတမ်းမပြုံးနေသော်လည်း ဆယ့််နှစ်ရာသီ နှစ်လိုဖွယ်မျက်နှာထားတွေကိုယ်စီရှိကြတဲ့ မာမီနဲ့ဒယ်ဒီတို့ ခုတော့ သူရောက်ထဲက သိသိသာသာ မျက်နှာထားတွေတင်းနေတာ သတိထားမိသည်။ သူမာမီနဲ့ ဒယ်ဒီ့ရှေ့က ဆိုဖာအလွတ်တခုမှာဝင်ထိုင်ကာ နှုတ်ဆက်စကားဆိုပီးနောက် တန်းသတိထားမိသည်က....သူ့ရှေ့ကစားပွဲတွင် file ၃ ခု အစီအရီချထားသည်ကိုသာ။ ကိုယ့်ကိစ္စလဲမဟုတ်တာကော မာမီတို့ ကြည့်ရတာလဲ တမျိုးဖြစ်နေတာကောမလို့ သူထို file တွေထဲအာရုံမရောက်သေးတာကြောင့် မစပ်စုမိသေး။

"သား အိမ်ဘက်မရောက်တာကြာပီ မအားနေတာနဲ့ မလာဖြစ်တာပါ"

မဟာ ရှေ့တွင်ထိုင်နေတဲ့ မာမီနဲ့ဒယ်ဒီကို ထပ်ပီးနှုတ်ဆက်စကားဆိုလိုက်ပေမယ့်လဲ သူ့စကားကို အာရုံမရ ဂရုစိုက်ဟန်မပြတဲ့မာမီက သူ့ကို တချက်ကြည့်ကာ သူ့ရှေ့က file တွေကို မေးငေါ့ပြလိုက်သည်။ ဆိုလိုချင်တာ ကိုယ့်ဘာသာ ကြည့်လိုက်ဆိုတဲ့သဘော....

ဘာများလဲဆိုတဲ့ ဒွိဟစိတ်တွေနဲ့ မဆိုင်းတတွပဲ အစွန်ဆုံးက file ကို အသာယူကာ လှန်ကြည့်မိတော့.....သူ့နာမည် Mr.Samson ဆိုတဲ့ သူ့ English Name ကိုတွေ့လိုက်တော့ သူနဲ့ပတ်သတ်တဲ့အကြောင်းဆိုတာ သေချာသိလိုက်သည်။ အောက်ကို ဆက်ကြည့်ရင်း ပထမစာမျက်နှာမှာတင် မျက်လုံးပြူးသွားရသည်။ အံ့သြစိတ်တွေသိချင်စိတ်တွေနဲ့ နောက်စာမျက်နှာတွေကို အမြန်လှန်လိုက်တော့ ရေးထားတာတွေကော ပြထားတဲ့ ဇယားတွေကော များလွန်းလို့ သေချာတောင်မဖတ်နိုင်တော့။ သူသိချင်စိတ်ပဲရှိတော့တာ နားလည်အောင်ဖတ်နိုင်ဖို့ကတော့ မတတ်နိုင်တော့ချေ. ရင်က အရမ်းကိုတုန်နေပီ...

"အဲ့ တခုပီးရင် နောက် နှစ်ခုကိုလဲ သေချာကြည့်လိုက်ဦး"

အေးတိအေးစက်နဲ့မာမီ့အပြောအဆုံးမှာ သူလက်ထဲက ကိုင်လျက်စဖိုင်ကိုချကာ နောက်နှစ်ခုကို တခုချင်းအမြန်ဆွဲယူဖွင့်ဖတ်လိုက်တော့ စာသားတချို့သာကွာသွားတာ ပြောချင်တဲ့အဓိပ္ပါယ်တွေက တပုံစံထဲမလို့ ပိုအံ့သြရသည်။ ခေါင်းထဲက သွေးတွေ ဒိန်းဒိန်း ဒိန်းဒိန်းနဲ့ပြေးစောင့်တက်လာတာများ ဦးနှောက်သွေးကြောတောင်ပြတ်နိုင်သည်။ ရင်ဘက်ထဲက ခုန်နေတဲ့ နှလုံးဟာလဲ နဲနဲသာပိုခုန်ရင် ရင်ဘက်ကြီးထဲကနေ ပေါက်ထွက်တော့မတတ်ပင်.....

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now