အခန်း (၃၂)

12.6K 595 304
                                    

သားလေး ၆ လပြည့်တဲ့ချိန်ကနေစပီး တာရာအလုပ် ပြန်ဆင်းခဲ့တာ ခုဆို တလတင်းတင်းပင်ပြည့်လုနီးပီ။ အလုပ်ပြန်မဆင်းမချင်းတော့ မှန်မှန်ပြောရရင် ကလေးကို ဘယ်လိုထားခဲ့ရမလဲ ခေါ်သွားလို့ဖြစ်ပါ့မလား စသည်ဖြင့် အတော်အ ကျပ်ရိုက်ခဲ့ရသေးသည်။ မမချမ်းကတော့ အလုပ်ထွက်ပီး အိမ်မှာပဲ တခုခုလုပ်ဖို့ပြောပေမယ့် ကလေးမမွေးခင်ကော ကလေးမွေးပီးကော လစာနဲ့ခွင့်တမျိုး လစာမဲ့ခွင့်တမျိုးပေးထားတဲ့အပြင် သူမမီးဖွားစရိတ်တွေဘာတွေလဲ ထောက်ပံ့ထားသေးတာမလို့ ထွက်မယ်ဆို ထွက်လို့ရပေမယ့် အဲ့လောက်တာဝန်မမဲ့ချင်။ အလုပ်ပြန်ဝင်တဲ့ စစဦးဆုံးနေ့တော့ တော်တော့်ကို ကသီ ခဲ့သည်ပြောရမည်။ ကလေးက ပတ်ဝန်းကျင်စိမ်းတာတွေ လူများတာတွေ ဆူညံသံတွေကို အသားမကျသူမလို့ ခနခနတော့ လန့်လန့်ပီးငိုရှာသည်။ တော်သေးသည် သူမအလုပ်ပြန်ဆင်းဖို့ပြောထားထဲက မမချမ်းက စတိုဘေးက အခန်းကျဥ်းလေးကို သေချာရှင်းစေပီး ကလေးနားနေလို့ရအောင်လုပ်ပေးထားတာမလို့ ဆိုင်ထဲတော့ ကလေးကို ပိုးလို့ပက်လက်ထားစရာမလို....သို့သော် မိခင်နှင့် ၂၄ နာရီ တူတူရှိခဲ့တဲ့ကလေးမလို့ တာရာအလုပ်သွားလုပ်နေစဥ် သူနိုးလာလျှင်တော့ တော်တော်ငိုရှာသည်။ စစပိုင်းရက်တွေကတော့ တာရာအတော့်ကို ဗျာများပီး အလုပ်များသည်လို့ဆိုရမည်။ ဆိုင်ကအလုပ်တွေက အကုန်လုံးက ညှာပေးကြလို့သက်သာရင်တောင် ကလေးငိုတာနဲ့ ပြေးလိုက်....မငိုတော့လဲ ဘာလို့များတိတ်နေလဲဆိုနဲ့ မိခင်ရဲ့အ​တွေးပေါင်းစုံနဲ့ပြေးလိုက်နဲ့ လူရော စိတ်ရော ဖတ်ဖတ်ကိုမောလို့။

"ရာရာ....ကလေးနို့သွားတိုက်တော့လေ"

ငွေတွေစီနေတဲ့ တာရာ့နားကပ်ပီးပြောလိုက်တဲ့မမချမ်းကြောင့် တာရာ ငွေတွေအမြန်သိမ်းရင်းပဲ

"ဖြည့်စွက်စာ စကျွေးနေပီ မမချမ်းရဲ့ နို့က သူသိပ်မဝတော့ဘူး"

"ဟယ်....ဘာတွေကျွေးနေလဲ အမလဲ ခုရက်ပိုင်း ရုံးချုပ်က ခနခနခေါ်နေလို့ ဆိုင်မှာကို မရှိတာကြာပီ"

"ထမင်းပျော့ပျော့လေးတွေ ငါးပြုတ်လေးတွေ ပဲနီလေးတွေ အာလူးလေးတွေလောက်ပါပဲမမချမ်းရယ် ထွေထွေထူးထူးလဲသိပ်မလုပ်တတ်တာရော မလုပ်နိုင်တာကောဆိုတော့လေ"

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now