Final Review

14.5K 429 276
                                    

ဒီဇာတ်လမ်းလေးက ဖတ်တဲ့သူတွေရဲ့ မျှော်လင့်ချက်နဲ့ တထပ်ထဲကျချင်မှ ကျပါလိမ့််မယ်။ ချစ်ခြင်းမေတ္တာဆိုတာ တန်ဖိုးမထားရင် အန္တရာယ်များတဲ့အရာဆိုတာကို ပြပေးချင်တာပါ။ ဇာတ်လမ်းထဲ မဟာနဲ့ဝေယံက ထပ်တူမကျပေမယ့် ဆင်တူတဲ့အဖြစ်မျိုးကြုံခဲ့သူတွေပါ အဲ့ထဲမှာ ဝေယံက နောင်တဆိုတာကိုတွေးကြောက်ပီး ကိုယ့်ကိုချစ်တဲ့ သူတပါးရဲ့အချစ်တွေကို မြင်အောင်ကြိုးစားခဲ့တယ်။ မဟာကျတော့ တဖက်သားက သူ့လောက်အရေးမကြီးဘူးဆိုတဲ့ အတ္တကို စွဲကိုင်ထားလို့ ဘဝမှာ နောင်တကြီးစွာနဲ့ရှင်သန်ရတဲ့သူပေါ့။

ပြင်ပမှာလဲ တကယ်ရှိပါတယ် အဲ့လိုလူတွေ.....ဇာတ်လမ်းတခုလုံးက ပြင်ပမှာဖြစ်ခဲ့ ရှိခဲ့တဲ့ အဖြစ်တခုကို ပြန်ပီး ဇာတ်လမ်းဆင်ကာ ပုံဖော်ထားတာမလို့ အဆုံးသတ်တွေကတော့ တကယ့် ဇာတ်လမ်းစစ်စစ်လို ချစ်ကြိုက်ညားမသွားခဲ့ပါဘူး......

စိတ်ဆိုးအောင် လုပ်လို့ရတယ် ဒါပေမယ့် စိတ်နာအောင်တော့ မလုပ်ရဘူးဆိုတာလဲ ပြချင်တာပါ။

ပီးရင် ဒီဘက်ခေတ်မှာ မြင့်တက်လာတဲ့ ကွာရှင်းနှုန်းတွေကိုကြည့်ပီး အသက်ငယ်ပေမယ့် အိမ်ထောင်ကွဲပေမယ့် တခြား သူ့ကိုချဥ်းကပ်လာမယ့် ဖေးမမယ့်သူရဲ့ အကူညီယူစရာမလိုဘဲ ကိုယ့်ဘာသာရပ်တည်လို့ရအောင် စိတ်ခွန်အားပေးချင်တာပါ။ လူတချို့ဖြစ်စေချင်သလို (ဒါကလဲ ရာရာလေးကို မေတ္တာထားပေးလို့ဆိုတာ နားလည်ပါတယ်) တခြားမင်းသားတယောက် ထပ်ထည့် သာယာပြတာက တကယ့်ဘဝမှာ အလကားပါ။ သူတစ်ပါးချစ်မှ ရပ်တည်နိုင်မယ် လုံခြုံမယ်ဆိုတဲ့ အတွေးကို ပျောက်စေချင်လို့ တမင် မထည့်တာပါ။

ပီးရင် အမျိုးသမီးတွေအတွက် လက်ချုပ်လိုက်တာလေးတွေ ဘာလေးတွေထည့်ရေးပေးတာကလဲ တနေ့တနေ့ ညပိုင်းဖုန်းသုံးရင်း အားနေမယ့်အချိန် တကယ် မပြေလည်တဲ့သူတွေက depression ဝင် စိတ်ဓာတ်တွေကျနေမယ့်အစား အိမ်မှာပဲ ရရာအလုပ် ကိုယ့်လက်မှုလေးနဲ့ အပိုဝင်ငွေရအောင်ရှာလို့ရတယ်ဆိုတာကို မီးမောင်းထိုးပြချင်တာပါ။ ပီးရင် လောကမှာ ဘာအလုပ်နေနေ သမာအာဇီဝကျရင် ရှက်စရာမလိုကြောင်းလဲ ရင်ထဲစွဲနေအောင် မှတ်ထားစေချင်ပါတယ်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now