Part (29) Uni/Zawgyi

23.1K 775 38
                                    

ပြန်လိုချင်တယ်

အပိုင်း (29)

Party နေ့ပြီးတော့ အားလုံးက ကိုယ့်ဇာတိကိုယ့်နေရပ်ကိုယ်ပြန်ကြသည်။ နေပိုင်ထွဋ်ကတော့ တစ်ရက်နှစ်ရက်လောက်နေပါဦးတားပေမဲ့ ခင်သက်ကတော့အလုပ်တွေမပြီးသေးတာမို့ဆိုင်ကိုအကြာကြီးပစ်မထားချင်ဘူးဆိုပြီး ရန်ကုန်ပြန်ဖို့ပဲတိုက်တွန်းသည်။

ထို့ကြောင့် ချစ်ဇနီးစိတ်တိုင်းကျ ရန်ကုန်သို့ပြန်ခဲ့လိုက်ရသည်။ ရန်ကုန်ပြန်ရောက်တော့လည်း တစ်ရက်တောင်မနားဘဲ ခင်သက်ကနောက်တစ်နေ့မနက်မိုးလင်းတာနဲ့ သူမဆိုင်သို့သွားသည်။

ဆိုင်ကသူမတပည့်တွေအတွက် လားရှိုးအပြန်လက်ဆောင်မဝယ်ခဲ့ရသည့်အတွက် အားနာစွာနဲ့နေ့လည်စာကို သူမတို့အကြိုက် Hot pot မှာကျွေးလိုက်သည်။

ခင်သက်ကတော့ ၄ရက်လောက်အလုပ်မလိုက်ရသည့်အတွက် Deadline ကပ်လာသော Dress များကိုပဲသည်းကြီးမည်းကြီးချုပ်နေဖြစ်သည်။ ခင်သက်အလုပ်လုပ်နေတုန်း သူမရဲ့ဖုန်းကဆက်တိုက်မြည်နေတာကိုလည်းခင်သက်မကိုင်နိုင်။

ဖုန်းခေါ်နေသူမှာလည်းအခြားလူမဟုတ်။ အမည်နာမတပ်ထားခြင်းမရှိတဲ့ ဟိုယောက်ျားရဲ့ဖုန်းနံပါတ်သာဖြစ်လေသည်။ ခင်သက်က ၂ခါခေါ်တဲ့အထိဖုန်းမကိုင်တော့ Message တွေဆက်တိုက်ဝင်လာပြန်သည်။

ခင်သက်လည်း စက်ချုပ်နေတာကိုရပ်လိုက်ပြီး ကျစ်စုပ်သပ်ရင်းသူမနောက်ကစားပွဲပေါ်မှာရှိနေတဲ့ဖုန်းကို လှမ်းယူဖွင့်ကြည့်လိုက်သည်။

"ခင်လေး ဖုန်းကိုင်ပါဦး ဘာလို့မကိုင်တာလဲ"

"အလုပ်ရှုပ်နေလို့လား"

"နေ့လည်စာစားပြီးပြီလား "

"အလုပ်တွေချည်းလုပ်မနေဘဲ တစ်ခုခုစားနော်"

စသည်ဖြင့် ဖြစ်သည်။

"ဆေးတွေဘာတွေများ မှားသောက်ထားတာလား !"

အရင်ကနေပိုင်ထွဋ်နဲ့ခြားနားစွာအဟုတ်ကြီးဇွတ်ဂရုစိုက်နေတော့ခင်သက်မှာ သံသယပင်ဝင်လာမိတော့သည်။ ဖုန်းသံကို Mute ထားလိုက်ပြီး ခင်သက်သူ့အလုပ်သူပဲဆက်လုပ်ဖြစ်ပါသည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now