Episode 3

13K 781 15
                                    

3

"​မင်း ဟို​နေ့​တွေကဘာလို့အိမ်ပြန်မလာတာလဲ
ကိုခန့်"

တိတ်ဆိတ်​နေသည့်​လေထုကိုနွယ်ကပင်စတင်ဖြိုခွင်းလိုက်သည်။

"​ကျွန်​တော် အလုပ်​တွေများ​နေလို့ပါ"

"​မင်းလုပ်​နေတာ private hospital​လေ အဲ့​လောက်အလုပ်များစရာလိုလို့လား ပြီး​တော့အဲ့​ဆေးရုံမှာ ​ပါပါးပြီးရင် ​မင်းက ဒုတိယအကြီးဆုံးပဲကို ​မင်းnight dutyဆင်းစရာလည်းလိုတာမဟုတ်ဘူး"
နွယ်တို့ကတရုတ်ဆက်​တွေဖြစ်၍နွယ်ပါပါးဟု​ခေါ်ခြင်းဖြစ်သည်။
နွယ့် အ​ဖေက private hospital​ထောင်ထားကာ ​သားငယ်ဖြစ်သောမျိုးခန့်ပိုင်ကို အစိုးရ​ဆေးရုံတွင် မလုပ်​စေဘဲ သူ့​ဆေးရုံတွင်သာကူညီကွပ်ကဲ​စေခဲ့ခြင်း​ကြောင့်သူ့​ခြေလှမ်း​တွေကိုနွယ်ရိပ်စားမိ​နေခြင်း။

"မမ ကျွန်​တော့ကိုရစ်​နေတာလား"

"ရစ်တာမဟုတ်ဘူး ​မေးသင့်လို့​မေးတာ ​ငါဖုန်းဆက်လည်း​မင်းမှမကိုင်တာ"

"ကျစ် ​ကျွန်​တော် မအားဘူးဆိုမအားလို့​ပေါ့ဗျာ"
​မျိုးခန့်ပိုင် စိတ်မရှည်ဟန်ဖြင့်စုတ်တစ်ချက်သတ်ကာ နွယ့်အားပြန်​ဖြေ​တော့

"မင်း တစ်ခုခုလုပ်မယ်ဆို ပါပါးနဲ့မားမား မျက်နှာကို​တော့​ထောက်ပါ"

"ဟာ မမကလည်းဗျာ ​တွေးချင်တာ​တွေ​​လျှောက်​တွေး​နေပြီး"

"​မင်း ဇာတ်ရှုပ်​တွေကို ငါမသိဘူးမထင်နဲ့​ ​ငါဆေးရုံကလူ​တွေကိုလှမ်း​မေးပြီးပြီ ​​မင်းဆေးရုံမလာတာ၂ရက်ရှိပြီတဲ့"

"ဪ ခင်ဗျားတို့ကကျုပ်ကိုတစ်ချိန်လုံး​စောင့်
ကြည့်​နေတာ​ပေါ့ ဟား အင်း​​ပေါ့​လေ ငါဆိုတဲ့​ကောင်ကလည်း မိဘနဲ့ အစ်မပံ့ပိုးသမျှထိုင်စား​နေရတဲ့​ကောင်ဆို​တော့ ဒီ​လောက်က​တော့ခံရမှာ​ပေါ့"

​မျိုးခန့်ပိုင်အသံက​ဒေါသသံပါလာပြီး ​မောင့်မျက်လုံး​တွေနီလာတာမြင်​တော့ နွယ် နည်းနည်းလန့်မိတာ​တော့အမှန်။
သို့​သော် နွယ်ဟာ အကြီးဖြစ်၍ ​​​ကိုယ့်​မောင်ကိုယ်
ကြောက်​သောမိန်းမ​တော့မဖြစ်ချင်ပါ။
သူမတွင်လည်းမာန​လေးကရှိ​သေးသည်။

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now