Episode 8

12.1K 828 21
                                    


"နင့်နှလုံးကပုံမှန်ပါပဲဟဲ့ ​သွေး​ပေါင်​တွေဘာ​တွေအကုန်​ကောင်းပါတယ်"

​ဒေါက်တာမြကနားကြပ်ကို အိတ်ထဲထည့်ရင်း​ပြောလိုက်၏။

"မသိဘူး ​နေ့လည်ကရင်ဘတ်ထဲ ဒုန်းဒုန်းဒုန်းဒုန်း.ဖြစ်လာလို့"

"ဘယ်လိုမျိုးတုန်း"

​နွယ် ပြတင်း​ပေါက်သို့ မျက်နှာမူ၍ သူမရင်ဘတ်ကိုကိုင်ရင်းဒေါက်တာမြအ​မေးကို

"မသိပါဘူး မျက်နှာတစ်ခုလုံးပူသလိုဖြစ်လာပြီးအရမ်းရင်​တွေတုန်​နေတာ ​မောတာလည်းမဟုတ်ဘူး"

"ကြည့်ရတာ အပျိုကြီးရင်ခုန်လာတာများလား"

​ဒေါက်တာမြက နွယ့်နဖူး​လေးကိုလက်ညှိုးဖြင့်ထိုးကာ​နောက်လိုက်ရာ

"အို ​ပေါက်​ကရ မြရယ် ငါ့အသက်အရွယ်က ရင်ခုန်စရာလား"

"​ပြောမရဘူး​လေ အချစ်မှာအသက်အရွယ်မရှိဘူး အပျိုကြီးရဲ့"

"မဖြစ်နိုင်တာ မြရယ် ငါအဲ့လိုရင်မခုန်တတ်ပါဘူး ​ယောကျ်ား​တွေကိုလည်းအရမ်းစိတ်ကုန်တယ်"

"အင်း...ဟုတ်ပါပြီ အပျိုကြီးရယ် ဒါနဲ့ နင်ခုလုပ်​နေတဲ့​ကျောင်းမှာက မိန်းက​လေးများတယ်​​နော် ခု​ခေတ်ကလည်းသိတယ်မလား ​တော်ကြာအပျိုကြီး.မိန်းမရလာဦးမယ်"

"ရှင်​နော် ​ပေါက်ကရ​တွေ"

နွယ် က မျက်​မှောင်​လေးကြုံ့ကာ ​ဒေါက်တာမြကို ဖွဖွ​လေးလှမ်းရိုက်၏။

နွယ်တို့၂​ယောက်မှာငယ်သူငယ်ချင်းများဖြစ်ကြပြီး ခုချိန်ထိအချစ်ဆုံးသူငယ်ချင်းများ။

နွယ်နှင့်မြ ၂​ယောက်လုံးမှာစာ​တော်သူများဖြစ်​​​သော်ညား နွယ်၁၀တန်းတွင် မိဘများကဆရာဝန်ဖြစ်​စေချင်သည်ဆို၍ အသည်းအသန်ကြိုးစားရာ အအိပ်အစားမမှန်သဖြင့် စာ​မေးပွဲခန်းတွင်မူးလဲကာ ဆရာဝန်လိုင်းနှင့်လွဲ​​ချော်ခဲ့ရသည်။

နွယ်ဘွဲ့ရပြီး​တော့ မိဘများကအသိလုပ်ငန်းရှင်၁​​ယောက်၏သားနှင့်ဆက်​ပေးပြီး ​စေ့စပ်ကာနီးတွင် ထိုသူကအခြားအမျိုးသမီး၁ဦးကို ခိုး​ပြေးသွားသည်။

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now