Episode 10

12.8K 869 28
                                    



ကျောင်းတက်လာသည်မှာ ၂လကျော်ပြီဖြစ်ပြီး
practical စဝင်ရလေပြီ။

ပထမဆုံးအကြိမ် ဂျူတီကုတ်ဝတ်ရတော့မည်ဖြစ်၍ကျောင်းသူ/သားတိုင်းလိုလို မြောက်စွစွဖြစ်နေကြပြီးထိုထဲတွင် ဖြိုးတို့လည်း အပါအဝင်။

Practical က နေ့လည် ၂နာရီမှစမည်ဖြစ်ရာထမင်းစားပြီးအားချိန်တွင် ကျောင်းအဆောက်အအုံရှေ့နားနှင့် ကျောင်းဆိုင်းဘုတ်နားတို့တွင်ကုတ်ဖြင့်ဓာတ်ပုံရိုက်နေသူများနှင့်ပြည့်နေ၏။

ဖြိုးတို့အဖွဲ့လည်း အမှတ်တရ ဓာတ်ပုံရိုက်မည်ဟု
ဂျူတီကုတ်ကလေးများဆွဲကာ ထွက်လာတော့ လူများနေ
သဖြင့် လူတိုးရတာမကြိုက်သောဖြိုးက

"ငါတို့နောက်နေ့မှရိုက်မလား လူတအားများနေတယ်"

"ခနစောင့်လိုက်ပါဦးဟယ် လူကပါးသွားမှာပေါ့"

"အေးလေ ဖြိုးရဲ့ ပထမဆုံးနေ့မှာ ဓာတ်ပုံရိုက်မှပို
အဓိပ္ပာယ်ရှိတာ"

"ငါနဲ့ခင် ပန်းခြံဘက်မှာသွားရိုက်လိုက်ဦးမယ်"

"အေးအေး နင်တို့သဘော"

တစ်ယောက်လက်တစ်ယောက်ဆွဲရင်းရေပန်း
ဘက်ပြေးသွားသော ဓာတ်ပုံဝါသနာအိုး ခင်နှင့် ယုဇနကို ဖြိုးလှမ်းပြောကာ လူရှင်းသော ဌာနကြီးရှေ့မှ
ခရေပင်ခြေရင်းတွင်ထိုင်စောင့်နေလိုက်၏။

မိုးကဗျာကလည်း သူမဘေးတွင် လာထိုင်စောင့်
နေသည်။

ဓာတ်ပုံရိုက်နေသောကျောင်းသူများက များသဖြင့်
တော်တော်နှင့်မပါးချေ။

"အယ် ဖြိုးတို့၂ယောက်ဘာထိုင်လုပ်နေတာတုန်း"

"ဓာတ်ပုံရိုက်မလို့ လူရှင်းတာ စောင့်နေတာ တီချယ်"

"ဟုတ်လား ဒါဆို အပေါ်ခနတက်ခဲ့ဦး"

"ရှင် ဟုတ်ကဲ့တီချယ်"

သူမတို့လည်း ပျင်းပျင်းနှင့်ထိုင်စောင့်နေရင်း မြန်မာစာဌာနမှတီချယ်အငယ် တီချယ်မိုးက အပေါ်ထပ်ပြတင်းပေါက်
မှ လှမ်းခေါ်သဖြင့် ၂ယောက်သား ဘုမသိဘမသိနှင့် အပေါ်တက်ခဲ့ရင်း အပေါ်ရောက်တော့ တီချယ်က လှေကားနားတွင်စောင့်နေကာ အင်္ဂလိပ်ဌာနထဲသို့ခေါ်သွားပြီး

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now