"ဆရာ တပည့်ဇုန်ကနေ ထွက်ရအောင်"နွယ်ဘာမှပြန်မဖြေဘဲ ဘေးမှ ကဗျာတို့ကိုတစ်ချက်ကြည့်လိုက်ပြီး
"မင်းတို့၃ယောက်အပေါ်တက်ကြတော့ ဒီနေ့သောက်ကြတဲ့ကိစ္စကိုနောက်နေ့မှရှင်းကြမယ်"
နွယ့်စကားကြားတော့ သူမတို့၃ယောက်က မျက်နှာငယ်လေးများဖြင့်အိမ်ပေါ်တက်သွားကြ၏။
အူကြောင်ကြောင်ဖြင့်ကဗျာတို့၃ယောက်ကိုလှည့်
ကြည့်နေသည့်ဖြိုးအား နွယ်သူမအခန်းရှိရာသို့ခေါ်သွားကာသူမအိပ်ယာပေါ်တွင်ပင်အိပ်စေလိုက်တော့ ဖြိုးကနွယ့်ကိုလှမ်းဆွဲလိုက်ရာ နွယ် သူမပေါ်ပြုတ်ကျသွားလေသည်။သူမပေါ်ကျလာသည့်နွယ့်ကိုဖြိုးတင်းကြပ်စွာဖက်ထားရင်း
"ဒီလိုလေးဖက်အိပ်ချင်နေခဲ့တာ"
ရုတ်တရပ်ထဖက်လိုက်သည့်ဖြိုးကြောင့်နွယ်
အနည်းငယ်ကြောင်သွားသော်လည်းမရုန်းမိပါ။
ရုန်းချင်စိတ်လည်းမရှိ။ထို့နောက် ဖြိုးက နွယ့်ပါးပြင်ကိုရွှတ်ကနဲနမ်းလိုက်ပြီး
"အရမ်းမွှေးတယ် ဒီအနံ့လေးကိုလေ စတွေ့တည်းကအရမ်းသဘောကျနေခဲ့ရတာ"
ထိုငတိမလေးက မူးသာမူးနေတာ တော်ကီကတော့
တစ်စက်မှမလျော့။အခြားသူသာဆိုလျှင်နွယ်စိတ်ဆိုးမိမည်ဖြစ်
သော်လည်းထိုကလေးမလေး၏အထိအတွေ့မှန်သမျှကိုတော့သူမမက်မောမိသည်။နွယ်ခေတ္တမျှမှင်သက်နေပြီးနောက် ဖြိုးထံမှ
ထလိုက်ကာ သူမကိုရီဝေဝေကြည့်ရင်းပြောနေသည့်ဖြိုးအား"အိပ်တော့"
"သမီးကိုမချစ်ဘူးလားဟင်"
မျက်ရည်လေးများဝဲကာပြောနေသောဖြိုးကို နွယ်
ကြည့်လိုက်ရင်းသက်ပြင်းတစ်ချက်ချလိုက်ကာ"ချစ်တာပေါ့ လပြည့်ဝန်းလေးရယ်"
နွယ်အစက အချိန်ယူစဉ်းစားမည်တွေးထားသော်ညားသူမနှလုံးသား၏အမိန့်ကိုမလွန်ဆန်နိုင်။
ပတ်ဝန်းကျင်ဆိုသည့်အရာကိုလည်း ချစ်ရသူလေး၏လက်ကိုဆွဲကာရင်ဆိုင်သွားမည်ဟု
ဆုံးဖြတ်ချက်အခိုင်အမာချထားသည်။
YOU ARE READING
နွယ့်ကိုချစ်ဖို့မွေးဖွားလာပါတယ်(completed)
Short Story"ဒီလူသားဟာနွယ့်ကိုချစ်ဖို့မွေးဖွားလာတာပါနွယ်" "ဒီလိုဆို ဟောဒီကနွယ်ကလည်း သော်တာပြည့်ဖြိုးဆိုတဲ့လူသားလေးဆီမှာအချစ်ခံဖို့မွေးဖွားလာတာပါရှင့်"