ယနေ့သည်ကားမျှော်လင့်နေရသော ဗုဒ္ဓဟူးနေ့ဖြစ်၍
ဖြိုးသူမကိုယ်သူမအပြတ်ရွှိုင်းကာ ကျောင်းသို့ထွက်လာခဲ့၏။ဟိုတစ်နေ့ကသူမ နွယ့်ရှေ့ထငိုခဲ့၍ အတော်လေးရှိုးပဲ့ခဲ့ရသည်မဟုတ်လား။
ဖြိုးနှင့် ယုဇနကျောင်းကိုရောက်တော့ မိုးကဗျာကလည်းရောက်နေပြီဖြစ်ပြီး သူမတို့ကိုလက်လှမ်းပြနေ၏။
မကြာမီ၉နာရီထိုးသွားကာ တီချယ်သူကစာသင်ခန်းထဲဝင်လာလေသည်။
"ကလေးတို့ ဒီနေ့စာသင်ခန်း၃ခန်းခွဲသင်မှာမို့ Roll no.၁ကနေ၇၀ကတီချယ့်ဆီကျန်ခဲ့ပြီး ၇၁ကနေ ၁၄၀က တီချယ်နီနီဆီမှာ ကျန်တဲ့၁၄၁ကနေ၂၂၆ကတော့
တီချယ်ကြီးဆီမှာနော်"တီချယ်သူကစာရွက်လေးကြည့်ကာပြောလိုက်ရာသရေတာထဲကျန်ခဲ့ရမည့်အဖွဲ့ကပျော်နေကြ
သော်လည်း တီချယ်လေးနှင့် နွယ့်ထံသွားရမည့်အဖွဲ့များကမပျော်နိုင်။နွယ်ကအသင်အပြအလွန်ကောင်းသော်လည်းစာမေးကြမ်းသဖြင့်ကြောက်ကြသည်။
တီချယ်လေးကျပြန်တော့ အချိန်ကိုတော်တော်
နဲ့မလွှတ်ပေးသဖြင့်မသွားချင်ကြ။သူများတွေကစိတ်ညစ်နေကြသော်လည်း ဖြိုးကတော့ဝမ်းသာနေပုံပင်။
ဘောပင်နှင့်စာအုပ်များပင်ကောက်သိမ်းနေလေပြီ။
ဖြိုးက အိတ်ကလေးဆွဲ၍ ထမည်လုပ်နေရာ
"ဟဲ့နေဦး နေဦး နင့်အမေကမခေါ်သေးဘူး"
"ဘာလို့မခေါ်သေးတာတုန်း"
ဖြိုးကမျက်နှာမဲ့ပြီးပြောလိုက်တော့ မိုးကဗျာကသူမကိုမနိုင်ဘူးဆိုသည့်အကြည့်နှင့်ကြည့်ကာတစ်ဖက်
လှည့်သွားလေ၏။"တီချယ်ကြီးကလာတော့တဲ့"
တီချယ်သူ့အသံကြားသည်နှင့် ဖြိုးထကာသွား
မည်အလုပ်"ဖြို နင့်နောက်မှာ"
ထဘီနောက်မှစိုထိုင်းထိုင်းအငွေ့အသက်ကြောင့်
"ဟာ သွားပြီ"
"နင်အဆောင်ပြန်လဲလိုက်ပါလား"
"အေး အေး"
သူမနောက်ခုံတွင်ထိုင်နေသည့် တွယ်တာမြတ်နိုးက သတိပေးလိုက်သဖြင့် ဖြိုး တီချယ်ဖြူ့ကိုခွင့်တောင်းကာ အဆောင်သို့အမြန်ပြန်၍ အဝတ်လဲပြီးနောက်
နွယ်စာသင်နေသည့် အခန်းသို့ သုတ်ချေတင်ပြေးရပါတော့သည်။
နွယ့်အချိန်ကို၁မိနစ်လေးတောင်နောက်မကျလို၍ သူမနေပူကြီးထဲအသည်းအသန်ပြေးလာခြင်းဖြစ်ရာ
အဆောင်နှင့်ကျောင်းသည် အနည်းငယ်လှမ်းသဖြင့်
သူမဟိုက်ထိုးနေသည်။
YOU ARE READING
နွယ့်ကိုချစ်ဖို့မွေးဖွားလာပါတယ်(completed)
Short Story"ဒီလူသားဟာနွယ့်ကိုချစ်ဖို့မွေးဖွားလာတာပါနွယ်" "ဒီလိုဆို ဟောဒီကနွယ်ကလည်း သော်တာပြည့်ဖြိုးဆိုတဲ့လူသားလေးဆီမှာအချစ်ခံဖို့မွေးဖွားလာတာပါရှင့်"