Episode 20

11K 803 21
                                    


"လ လပြည့်ဝန်းလေး.လက်ထပ်ခွင့် တောင်း တောင်းတာကို တီချယ် မ.မစောင့်နိုင်တော့ဘူး ထင်ပါတယ်"

သူမပါးကိုကိုင်ထားသောနွယ့်လက်လေးကလျှောကျသွားသဖြင့် ဖြိုးထိုလက်လေးကိုဆုပ်ကိုင်လိုက်ပြီး

"မဟုတ်ဘူး တီချယ်"

ပြေးဝင်လာကြသောဦးထွန်းကအလန့်တကြားဖြင့်

"ဟာ..အစ်မလေး"

ဖြိုး နွယ့်လက်လေးကိုဆုပ်ကိုင်ထားရင်း

"တီချယ် ထပါဦး တီချယ် သမီးကိုအဲ့လိုမလှန့်ပါနဲ့"

ဖြိုးကနွယ့်ကိုထွေးပွေ့ထားရင်းအသံများတုန်လာကာမျက်ရည်များပါကျလာသဖြင့် ဦးထွန်းကသူမတို့နားကိုလာပြီး

"သမီး အစ်မလေးကိုဆေးရုံအရင်ပို့ရအောင်"

ဦးထွန်းကလူကြီးဖြစ်၍ ဖြိုးတို့လို ကတုန်ကယင်
ဖြစ်နေလို့မရပါ။

~~~~~

"ငါ့အပြစ်တွေပါ ငါကတော်တော်အသုံးမကျတာ ဘာမှကိုမဖြစ်မရှိဘူး"

operation roomရှေ့တွင်ရပ်နေရင်းကိုယ့်ကိုကိုယ်အပြစ်တင်နေသောဖြိုး၏ပုခုံးကို ကဗျာကဆုပ်ကိုင်
လိုက်ကာ

"မဟုတ်ပါဘူးဖြိုးရယ်"

"ငါသာတီချယ့်စကားကိုနားထောင်ပြီးအပြင်ခိုး
မထွက်ရင်ဒီလိုမဖြစ်ဘူးဟ"

"နင့်အပြစ်မဟုတ်ပါဘူးဟယ်"

ဖြိုးအသံက သူမကိုယ်သူမစိတ်တိုနေပုံ။

မျက်ရည်များကတစ်ပေါက်ချင်းချနေကာလက်သီး
ဆုပ်ထားသည့် ဖြိုးကို ကဗျာတို့တို့နားချနေစဉ်

"သမီးက ဖြိုးလား"

ခွဲစိတ်ခန်းအတွင်းမှ ဆရာဝန်အမျိုးသမီးတစ်ဦးက mask ကိုချွတ်ရင်း ဖြိုးအနားသို့ဦးတည်လာလေသည်။

"နွယ့် အခြေအနေက မပူရတော့ပါဘူး သွေးထွက်များထားလို့ အားနည်းနေတာပဲရှိတာ တော်သေးတယ်အဓိကနေရာကိုမထိသွားလို့"

ဖြိုးကဝမ်းသာသွားဟန်ဖြင့် သက်ပြင်းချလိုက်တော့ထိုအမျိုးသမီးက

"အန်တီက နွယ်ရဲ့သူငယ်ချင်းဒေါက်တာမြခင်ရည်ပါ
နွယ်ပြောပြလို့ သမီးနဲ့သူ့အကြောင်းအန်တီအနည်း
ကျဉ်းသိပါတယ် သူ့ကိုသေချာဂရုစိုက်ပေးလိုက်ဦးနော်"

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now