Episode 9

11.2K 822 21
                                    


🎼🎼🎼

"Hello မေကြီး"

"..."

"ဟုတ်ကဲ့ ရပါတယ် မေကြီး"

"..."

"ဟုတ်မေကြီး စားပြီးပြီ"

"..."

"ဟုတ်ကဲ့"

ဖြိုး အမေသည် ပဲခူးတွင် နာမည်ကြီး OG တစ်ယောက်
ဖြစ်ပြီး အဖေက နာမည်ကြီးခွဲစိတ်ဆရာဝန်ဖြစ်၏။
ယခုအပတ် ဖြိုးအမေက အရေးကြီးကလေးမွေးပေးရန် case တစ်ခုပေါ်လာသလို ဖြိုးအဖေကလည်း
ခွဲရမည့် case ပေါ်လာ၍ ဒီစနေနေ့ သူမကိုလာမခေါ်နိုင်။

ထို့ကြောင့် ဖြိုး ကို ပိုက်ဆံနှင့် အဝတ်များအား Royal နဲ့ပို့
လိုက်မည်ဖြစ်ကြောင်း ဖုန်းလှမ်းဆက်ခြင်းဖြစ်၏။

ဖြိုး ကန်တင်းတွင် နေ့လည်စားနေတုန်းဖုန်းပြောပြီး
နှုတ်ခမ်းဆူသွားတာမြင်သဖြင့် ယုဇနက

"ဘာလို့လဲ"

"ဒီအပတ်အိမ်ကမအားလို့လာမခေါ်ဘူးတဲ့ ငါက
အထုပ်တောင်သိမ်းပြီးပြီ"

"ဟယ် ကောင်းတာပေါ့ လျှောက်လည်မယ်လေ"

ယုဇနလက်ကိုသူမ လှမ်းပုတ်ပြီး

"ဘာလို့ကောင်းရမှာ ငါအိမ်ပြန်ချင်တာကို ပြီးတော့ အမေက အပြင်မသွားရဘူးမှာထားတာ"

"အမလေး မာမားဂဲရယ် နင်ကျောင်းတက်တာ၂လကျော်ပြီ ရန်ကုန်မှာလာနေရကျိုးနပ်အောင်အပြင်လေးတော့သွားပါဟဲ့"

မိုးကဗျာက မဲ့ပြီးသူမကိုလှမ်းပြောတော့

"သွားလို့ဖြစ်ပါ့မလား အမေသိသွားရင်ရော"

"ဟဲ့ နင့်အမေကိုနင်ပြောမှဖြစ်မှာ"

ယုဇန ပြောတာကို မိုးကဗျာကပါထောက်ခံပြီးနောက်

"ဟုတ်တယ် ဖြိုးရဲ့ ယုဇန ဒါဆို ဒီစနေ ရွှေကောင်းhot pot စားကြမလား"

"အေးအေးကောင်းတယ် ခင်လိုက်မယ်မလား"

"အင်းလိုက်မယ်လေ ဖြိုးပါလိုက်ခဲ့နော်"

သူမကိုအပါခေါ်နေသော မိုးကဗျာတို့ကြောင့်
ဖြိုးလက်လျှော့လိုက်ရပါတော့သည်။

~~~~~

ဒေါက် ဒေါက်

"အမယ် ယုဇန အစောကြီးပါလား"

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now