Episode 4

12.4K 766 15
                                    

4

ဖြိုး စ​နေ တနင်္ဂ​နွေ​နေ့တိုင်း အိမ်ကလာကြိုသဖြင့် သူမပဲခူးပြန်​ရောက်​နေခြင်းဖြစ်သည်။
လူကသာပဲခူးမှာ စိတ်ကတွင်နွယ့်ထံတွင်သာရှိ​နေတာအမှန်။
(နွယ် ​နေလို့မှ​ကောင်းရဲ့လား)

"သမီး​လေး စားမ​ကောင်းလို့လား"
ထမင်းပန်းကန်ကိုဇွန်းဖြင့်​မွှေ​နေ​သော ဖြိုးကိုသူမ
အ​မေက​မေးလိုက်​တော့

"ရှင် မ မဟုတ်ပါဘူး ​မေကြီးလက်ရာက ကမ္ဘာ​ပေါ်မှာအ​ကောင်းဆုံးပဲကို"

မျက်လုံး​မှေး​မှေး​လေး၂လုံးကိုမှိတ်သွားသည့်တိုင်ရယ်ပြီးလက်မ​ထောင်ပြလာ​​သော ဖြိုး ​ခေါင်း​လေးကို​ဒေါ်ယု​ကေသွယ်က ပွတ်ကာ

"​ကောင်းရင် အများကြီးစား ​​မေကြီးဒါ​တွေအကုန်သမီး​လေးအတွက်ချက်ထားတာ"

"အင်း အင်း ​မြှောက်​ပေး​နေတယ် သူ့သမီးကဖြင့် ဖက်တီးဖြစ်​တော့မယ်"

"​အကို ကလည်း က​လေးကတစ်ပတ်မှတစ်ခါစားရတာ စားပါ​စေ"

"ဟုတ်ပ ​ဖေကြီးက အကျင့်ကိုမ​ကောင်းဘူး"

နှုတ်ခမ်း​လေးဆူပြီး​ပြော​နေ​သောဖြိုးကို သူမအ​ဖေက

"နင့်အတွက်​ပြောတာ ဝတုတ်ကြီးဖြစ်သွားလို့ ငါ
သားမက်မရဘဲ​နေဦးမယ်"

"သားမက် ရမရ​တော့ မသိဘူး သမီးနားမှာ​ကောင်မ​လေး​တွေက​တော့ဝိုင်း​နေတာပဲသိလား "

"ဟ ငါ့သမီးက အ​ဖေတူပဲ ​ဖေကြီးလူပျိုတုန်းကလည်း တစ်လမ်းလုံးက မိန်းက​လေး​တွေက​ဖေကြီးကိုလိုချင်လို့တစ်ပိုင်းကို​သေ​နေကြတာ"

"​ဪ ရှင်ကဂုဏ်ယူနေတယ်​​ပေါ့"

"မဟုတ်ပါဘူး ယုရယ် အကိုက ယု တစ်​ယောက်တည်းကိုပဲချစ်ခဲ့တာပါ"

"ဒီည ​အောက်ထပ်မှာအိပ်"

"ဟာ မလုပ်ပါနဲ့ကွာ အကိုကစတာပါ"

"​​ဒါဆို ဖေကြီးက ​အောက်ကဆိုဖာမှာအိပ်လိုက်​နော် သမီးက ​မေကြီးနဲ့အိပ်လိုက်မယ်"

"နင့် အ​မေကစိတ်ဆိုးလို့​ပြောတာ ညကျရင် သူငါနဲ့ပဲအိပ်မှာ ဟုတ်တယ်​နော် ယု အကိုမရှိဘဲအိပ်တတ်လို့လား"

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now