Episode 19

12.3K 865 52
                                    


"ဟုတ်လား ဒါဆို ဝမ်းသာစရာပဲ"

"ဟုတ်တယ် တီချယ် ဖေကြီးနဲ့မေကြီးကလေ သမီးကိုတောင်ပြောနေတာ တီချယ့်ကိုစိတ်ညစ်အောင်လုပ်လို့ကတော့သူတို့နဲ့တွေ့မယ်တဲ့"

"ဟားဟား ဒါဆို တို့ကတော့ တစ်သက်လုံးမိန်းမနိုင်ရတော့မယ်"

ဖြိုး ရန်ကုန်ကိုပြန်ရောက်နေပြီး နွယ်နှင့်အတူ
Time City တွင် Hot Pot စားနေခြင်းဖြစ်၏။

ဖြိုးက နှုတ်ခမ်းလေးဆူသွားသော်လည်း လူယုတ်မာပြုံးဖြင့်

"တီချယ် တကယ်တော့ ပဲခူးသားတွေက
မိန်းမကြောက်ရတာလေ အဲ့တော့ သမီးကယောကျ်ားလုပ်မယ်နော်"

"လုပ်ပေါ့"

"ဟဲဟဲ ဟုတ်"

နွယ် အစက အလွယ်ပြောလိုက်သော်လည်း ထိုကလေးမက စပ်ဖြဲဖြဲလုပ်နေသဖြင့် တစ်ခုခုကိုတွေးမိသွားဟန်ဖြင့်

"ဟမ် နေဦး မလုပ်ရပါဘူး"

"တီချယ်ကလည်း သမီးက အိမ်ထောင်ဦးစီးနေရာကနေတီချယ်အားကိုးတာခံချင်တာလေ"

တူကိုချကာ မျက်လုံးလေး ကလယ်ကလယ်ဖြင့်နွယ့်လက်ကိုလှမ်းကိုင်ရင်းချွဲလိုက်သော ဖြိုးကိုကြည့်ကာနွယ်ကရယ်လိုက်ပြီး

"ဒီလိုပုံစံနဲ့အားကိုးခံချင်သေးတယ်ပေါ့"

"ဟုတ်"

"ဒါဆိုလည်း ယောကျ်ားသဘောပါရှင့်"

"အဟီး မိန်းမလို့ခေါ်ချင်စိတ်ကိုမနည်းထိန်းထားရ
တယ် final ပြီးမှခေါ်မယ်နော်"

"ဖြိုး ဒါ ဒါပေမဲ့ ဟို...ဟိုလိုယောကျ်ားတော့ မလုပ်ရဘူးနော်"

မျက်နှာလေးနီကာအောက်လေးကိုအနည်းငယ်ငုံ့ပြီး
ခပ်တိုးတိုးအသံလေးဖြင့်ပြောလိုက်သည့်နွယ့်ကိုဖြိုးအတော်ရယ်ချင်သွားသော်လည်း စချင်စိတ်ကပိုများလာသဖြင့်

"ဘယ်လိုယောကျ်ားလဲ တီချယ်"

"ဟို ဟိုလိုယောကျ်ားလေ"

ဖြိုမသိချင်ယောင်ဆောင်ရင်း

"ဘယ်လိုယောကျ်ားပါလိမ့်"

"အို တော်ပြီ ပြန်တော့မယ် စာကျက်ရဦးမှာမလား"

နွယ်က စကားစလွှဲလိုက်တော့မှ ဖြိုးကရယ်လိုက်ရင်း

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now