Episode 12

12.2K 879 40
                                    


နွယ် နိုးနိုးချင်း တစ်စုံတစ်ယောက်ကိုဖက်မိထား
သဖြင့်လန့်သွားကာ

"ဟင် ဘယ်သူကြီးလဲ"

ဘုတ်

"အမလေး သေပါပြီတော့"

နွယ်က ရုတ်တရပ် အော်ပြီး ဒေါက်တာမြကိုတွန်းချ
လိုက်သဖြင့် ဒေါက်တာမြခင်မျာကြမ်းပြင်ပေါ်တွင်
ငုတ်တုပ်လေး။

ဒေါက်တာမြက သူမခါးကိုပွတ်ရင်း

"အလိုလေး ဒေါ်မျိုးသိင်္ဂီနွယ် တစ်ညလုံးရှင်လုပ်သမျှကိုငြိမ်ခံနေတဲ့ကျွန်မကိုဒီလိုကျေးဇူးဆပ်လိုက်တာလား"

အဲ့အခါမှနွယ်က သူမကိုကြောင်တောင်တောင်လေးကြည့်လိုက်ပြီး

"မြ နင်ကဘယ်လိုလုပ်ငါ့ဘေးရောက်နေတာလဲ"

သူမကိုမျက်လုံးလေးကလယ်ကလယ်ဖြင့်ကြည့်ကာမေးနေပုံကညကသူမဟုတ်တဲ့အတိုင်းပင်။

ဒေါက်တာမြကမတ်တပ်ထရပ်လိုက်ပြီးလက်ပိုက်ကာနွယ့်ကိုကြည့်၍

"ဖြိုး ကဘယ်သူလဲ"

"ဟမ်"

"ဖြိုးကဘယ်သူလဲလို့"

နွယ် သူမလည်ပင်းကိုပွတ်လိုက်ကာ

"ဘာလို့မေးတာလဲ"

"ဖြေမှာသာဖြေစမ်းပါ ဖြိုးကဘယ်သူတုန်း"

"ဟို ဟို ကျောင်းကတပည့်လေး"

"တပည့်သေချာလို့လား"

ဒေါက်တာမြကသူမကိုအမှုစစ်သလိုမေးနေသဖြင့်

"တပည့်ပါဆို"

"အဲ့တာဆိုဘာလို့ညက ဖြိုး သမီး တီချယ့်နားမှာပဲနေနော်ဆိုပြီးတစ်ညလုံးဖက်ထားတာတုန်း"

သူမစကားကြောင့်နွယ့်မျက်နှာတစ်ခုလုံးနီရဲလာကာ

"ဘ.ဘ.ဘယ်လို ဘယ်သူကပြောတာ"

"ရှင်ညကလေ တစ်ညလုံးကျွန်မကိုအဲ့ဖြိုးဆိုတဲ့
ကလေးမနဲ့မှားပြီးဖက်ထားတာ"

"ငါဒီတိုင်းကယောင်ကတမ်းဖြစ်နေတာနေမှာပါ"

နွယ့်မျက်နှာလေးက မတင်မကျပုံစံဖြစ်နေ၍
ဒေါက်တာမြသူမဘေးတွင်ဝင်ထိုင်လိုက်ကာ

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now