Episode 11

12K 856 54
                                    



"ဖြိုးပြီးပြီလား"

"အေး အေး လာပြီ"

ယနေ့ သောကြာနေ့ဖြစ်၍ သင်္ချာတီချယ်ကအတန်းနောက်ကျမှလွှတ်သောကြောင့် ဖြိုးတို့ practical နောက်မကျစေရန်အသည်းအသန်ပြေးရ၏။

ဖြိုး ဂျူတီကုတ်လေးဝတ်ရင်း သရေတာပေါ်မှပြေးဆင်းကာ မိုးကဗျာနှင့်အတူ practical roomများဘက်သို့ကမန်းကတန်းသုတ်ချေတင်ရတော့သည်။

ဖြိုးနာမည်က သနှင့်စသဖြင့် Section D တွင်ဖြစ်ပြီး
မိုးကဗျာတို့က Section Bဖြစ်ကာ ခင်ကတော့ Section A.

Section Dက သောကြာနေ့တွင် practical မှာ chemistry ဖြစ်၍ စောပြန်ရနေကျ။
ထို့ပြင် ဖြိုးဒီနေ့ပဲခူးပြန်မည်ဖြစ်၍ အရင်နေ့များ
ထက်ပိုလောနေမိသည်။

ဖြိုးတို့ကျောင်းဟာပထမနှစ်တွင် သိပ္ပံဝိဇ္ဇာစုံစိနေအောင်သင်ကြားရကာ practical တွေလည်းအတော်လုပ်ခိုင်းသည်။

"မြန်မြန်လုပ်ကြနော် ၃နာရီထိုးတော့မယ်နောက်ဆုံးမှပြန်တဲ့လူကိုအမှတ်လျှော့မှာ"

သရုပ်ပြတီချယ်တစ်ယောက်က စနောက်ပြီးပြောနေတော့ ကျောင်းသူ/သားများလည်းရယ်မောကာ
အပြေးအလွှားလုပ်ကြ၏။

"ရနေပြီ ပြန်ရအောင်"

"မရသေးဘူးလေ သူတို့က10.5မှရတာ ငါတို့က10မှာအရောင်ပြောင်းသွားတာ ပြန်လုပ်ရမယ်ထင်တယ်"

သူမ၏ ပါတနာစကားကြောင့် ဖြိုးကိုယ့်နဖူးပင်ကိုယ်
ရိုက်မိသွားသည်။

Titration များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ point တူချင်မှတူခြင်းဖြစ်ပြီး နည်းနည်းပါးပါးလွဲ၍ရသည်။

ဤသည်ကိုထိုအမိကရှေ့စားပွဲကလူတွေအတိုင်းရအောင် အစကပြန်လုပ်မည်တဲ့။

ပြီးတော့ chemical များယူလျှင်လည်း သူက ခြေ
တုန်လက်တုန်မို့ ဖြိုးကသာ ဦးဆောင်ပြီးသွားလု
ရသည်။

ဖြိုးက မျက်နှာပျက်ကာ စိတ်တိုသယောင်ဖြစ်နေ
သဖြင့် စားပွဲထိပ်တွင်ထိုင်နေသောတီချယ်က

"သော်တာပြည့်ဖြိုး သမီးလာ လက်မှတ်လာထိုးပြီး
ပြန်တော့"

"ဟုတ်ကဲ့ တီချယ်"

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now