Episode 1(Zawgyi)

5.5K 70 4
                                    

[Zawgyi]
1

ထိုဇာတ်လမ်းတွင်ပါဝင်သော ဇာတ်ကောင်များ နေရာများသည် စာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည် အကြောင်းတစ်စုံတစ်ရာတူညီသွားခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။

စာရေးသူကိုယ်တိုင်အားထုတ်ရေးသားထားတာဖြစ်လို့ နည်းနည်းလေးမှကူးယူမခံပါဘူးရှင့် အရှက်မရှိဘူး ကိုယ့်ကိုကိုယ်စာရေးသူအဆင့်မမှီဘူးလို့သတ်မှတ်ရင်တော့ကူးပါ
(ရိုင်းသွားခဲ့ရင်တောင်းပန်ပါတယ်)

ယ​နေ့သည်သူမ ဘဝတွင် ဒုတိယ​မြောက်အလှည့်အကူးဖြစ်​သောတက္ကသိုလ်​ကျောင်းသူဘဝအစ။

HM Medical Private University ဟူသည့် ဆိုင်းဘုတ်စာလုံးကြီးနှင့်အတူ ဝင်းကျယ်ကြီးထဲ ထည်ဝါလှသည့်သည့် ​တက္ကသိုလ်အဆောက်အအုံကြီးအားခမ်းနားစွာမြင်လိုက်ရသည်။
သို့​သော်အခြားသူများကဲ့သို့ သူမ စိတ်မလှုပ်ရှားသလို​ပျော်လဲမ​ပျော်နိုင်ပါ။

အမှတ်မှီ​သော်ညားသူမအ​ဖေက သူမတတ်ချင်သည့် UFL Engကိုမသွား​စေဘဲ ​ဆေး Private University ကိုသာတက်ရန်တိုက်တွန်းခဲ့သဖြင့်သူမဒီ​နေရာသို့​ရောက်လာခဲ့ခြင်း။ အမှတ်က ဆေးတက္ကသိုလ်တောင်မှီသော်လည်း နိုင်ငံခြားကျောင်းတွင်ဆက်တက်စေလိုသည့် မိဘများက ဖြိုးကို International နှင့်ချိတ်ပြီးသား Medical Private University ကိုပို့ခဲ့၏။

"သမီး​လေး လိမ်လိမ်မာမာ ​နေ​နော် ​မေကြီးတို့တစ်ပတ်
တစ်ခါ လာကြိုမယ်"

"ဟုတ်"
မိဘနှင့်ခွဲ​လေ့မရှိသည့်သူမမျက်ရည်စမ်းစမ်းဖြင့်​ဖြေ​တော့ သူမအ​ဖေက

"က​လေးလည်းမဟုတ်​တော့ဘူး​လေ ရင့်ကျက်ရမယ်"

"ဟုတ်ကဲ့"
သူမ ဟုတ်ကဲ့ဟု​ဖြေပြီး ကား​ပေါ်မှဆင်းကာ အခြား​ကျောင်းသူ/သားများ နည်းတူ ဇေရတုသ​ရေတာဘက်သို့ဟူသည့် ဆိုင်းဘုတ်ညွှန်ရာဘက်ဦးတည်လိုက်သည်။

နောက်ကိုပြန်လှည့်ကြည့်လိုက်​တော့ သူမတို့၏
Lexus ကားအဖြူလေး လေးက ​ကျောင်းဂိတ်ဝ
ပင်​ရောက်​နေ​ချေပြီ။

သူမလည်းသက်ပြင်းတစ်ချက်ချပြီး​နောက်သ​ရေတာ
ထဲဝင်လာ​တော့ ​ဆေးကျောင်းပီပီသ​ရေတာstage​ဘေးရှိ အရိုးစုကိုမြင်တော့စိတ်ထဲပျော်မိသွား၏။

နွယ့်ကိုချစ်ဖို့​မွေးဖွားလာပါတယ်(completed)Where stories live. Discover now